သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်မှာ ကားတိုက်မှုကြောင့် ၁၈ ဦးသေ


Bus crash in Pakistan
Bus crash in Pakistan

ပါကစ္စတန်နိုင်ငံ၊ ပန်ဂျပ်ပြည်နယ်အတွင်း အဝေးပြေးလမ်းဘေးမှာ ရပ်ထားတဲ့ ဗန်ကားတစီးကို ဘတ်စ်ကားတစီးက ဝင်တိုက်မိတာကြောင့် မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၈ ဦး သေဆုံးကာ ၁၃ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေက ဒီကနေ့ ပြောပါတယ်။

Islamabad ကိုသွားမယ့် ဘတ်စ်ကားက Lahore နဲ့ Islamabad အကြားက အဝေးပြေးလမ်းမဘေးမှာ ရပ်ထားတဲ့ ဗန်ကားကို Pindi Bhattian မြို့အနီးမှာ တိုက်မိခဲ့တာလို့ အကြီးတန်း ရဲအရာရှိ Fahad Ahmed က ပြောပါတယ်။ ဗန်ကားဟာ ဆီထည့်တဲ့ စည်ပိုင်းတွေ သယ်လာတာကြောင့် ဘတ်စ်ကားကို မီးကူးစက် လောင်ကျွမ်းခဲ့တာလို့ ဆိုပါတယ်။

ဝင်တိုက်မိတဲ့ ဘတ်စ်ကားပေါ်မှာ ခရီးသည် ၄၀ ပါလာတယ်လို့ အဲဒီ ရဲအရာရှိက ပြောပါတယ်။ ကယ်လိုက်နိုင်သူတွေဟာ ဆိုးရွားတဲ့ မီးလောင်မှုဒဏ်ကို ခံထားရပြီး အများစုဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။ တခြား ခရီးသည်တွေကတော့ ပြူတွင်းပေါက်က ထွက်ပြေး လွတ်မြောက်ပြီး ဒဏ်ရာအနည်းငယ်စီ ရထားကြတယ်လို့ ဆိုပါတယ်။

ကား ၂ စီးစလုံးပေါ်က ယာဉ်မောင်း ၂ ယောက်စလုံးလည်း သေဆုံးသွားတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် ဘေးကင်းလုံခြုံရေးကို ဂရုမစိုက်တာကြောင့် ပါကစ္စတန်နိုင်ငံမှာ အခုလို ယာဉ်တိုက်မှုတွေ မကြာခန ဖြစ်လေ့ရှိပါတယ်။ ပင်ပန်းနေတဲ့ ယာဉ်မောင်းတွေကလည်း ကားမောင်းရင်း အိပ်ပျော်သွားကြလေ့ရှိတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG