သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု ၂၇ ဦး သေဆုံး


တရုတ်နိုင်ငံမှာ ၂ ရက်အတွင်း ဒုတိယအကြိမ်အဖြစ် အသေအပျောက် အများဆုံး သတ္တုတွင်းပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့တာမို့ တရုတ် အာဏာပိုင်တွေ စုံစမ်းစစ်ဆေးနေကြပါတယ်။

တရုတ်နိုင်ငံ Sichuan ခရိုင်မှာ စနေနေ့က ကျောက်မီးသွေး သတ္တုတွင်းပေါက်ကွဲမှု တခုဖြစ်ပွားခဲ့ပြီး သတ္တုတွင်းလုပ်သား ၂၇ ဦး သေဆုံး ခဲ့ရပါတယ်။

ကျောက်မီးသွေးတွင်းတူးသမား ၈၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီထဲက ၆ ဦး ထက်မနည်း ဒဏ်ရာ အပြင်းအထန်ရရှိခဲ့သလို ဒါဇင်နဲ့ချီပြီး ထိခိုက် ဒဏ်ရာရမှု ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

သောကြာနေ့ကလည်း ကျောက်မီးသွေးမိုင်း ပေါက်ကွဲမှုတခု ဖြစ်ပွားရာက သေ ဆုံးရသူ ၁၂ ဦး ရှိခဲ့ပါတယ်။

သောကြာနေ့ ပေါက်ကွဲမှှုကတော့ Guizhou ခရိုင်နားမှာ ဖြစ်ခဲ့တာပါ။ တရုတ်နိုင်ငံမှာ ရှိတဲ့ သတ္တုတွင်းလုပ်ငန်းတွေဟာ ကမ္ဘာမှာ လူအသေအပျောက် အများဆုံး လုပ်ငန်းတခု ဖြစ်ပါတယ်။
XS
SM
MD
LG