သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီးကြောင့် သေဆုံးသူ ၁၆ ယောက်အထိတိုး


ကယ်လီဖိုးနီးယား တောမီးကို မီးသတ်ရဟတ်ယာဉ်နဲ့ ငြိမ်းသတ်နေပုံ (AP Photo/Ethan Swope)
ကယ်လီဖိုးနီးယား တောမီးကို မီးသတ်ရဟတ်ယာဉ်နဲ့ ငြိမ်းသတ်နေပုံ (AP Photo/Ethan Swope)

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မှာ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၁ ယောက်ကနေ ၁၆ ယောက်အထိ တိုးလာကြောင်း ဆေးဖက်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးရုံးက အတည်ပြုလိုက်ပါတယ်။

အသစ်တိုးလာတဲ့ ၅ ယောက်ဟာ Palisades အရပ်က မီးလောင်မှုမှာ သေဆုံးသူတွေဖြစ်ပြီး၊ ကျန် ၁၁ ယောက်ကတော့ Eaton အရပ်က မီးလောင်မှုမှာ သေဆုံးတာလို့လည်း စနေနေ့ညနေပိုင်းမှာ အတည်ပြုလိုက်တာပါ။

တောမီး အကြီးအကျယ် ဆက်လက်လောင်ကျွမ်းနေတာကို ထိန်းချုပ်ဖို့ မီးသတ်သမားတွေ ဆက်လက်ကြိုးပမ်းနေတဲ့ တချိန်တည်းမှာပဲ လေတိုက်နိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် မီးလောင်မှု ဆက်လက်ပျံ့နှံ့မယ့် အန္တရာယ်လည်း ကြုံနေရပါတယ်။ အမေရိကန် အမျိုးသား မိုးလေဝသဌာနကတော့ စနေနေ့ကနေ တနင်္လာနေ့ နှောင်းပိုင်းအထိ တနာရီလေတိုက်နှုန်း ၄၈ ကီလိုမီတာကနေ လေပြင်းကျချိန်မှာ ၁၁၂ ကီလိုမီတာလောက်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မီးလောင်မှုကို ထိန်းချုပ်ရာမှာ ကူညီဖို့ အိမ်နီးချင်း ကနေဒါနဲ့ မက္ကစီကို နိုင်ငံတွေကလည်း မီးသတ်သမားတွေ စေလွှတ်ထားပါတယ်။

Forum

XS
SM
MD
LG