သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမှာ ရေဘေးကြောင့် သေဆုံးသူ အနည်းဆုံး ၁၁၃၀၀ ရှိ


လစ်ဗျားနိုင်ငံ Derna မြို့မှာ ရေဘေးကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြသူများ (စက်တင်ဘာ ၁၃၊ ၂၀၂၃)
လစ်ဗျားနိုင်ငံ Derna မြို့မှာ ရေဘေးကနေ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြသူများ (စက်တင်ဘာ ၁၃၊ ၂၀၂၃)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်း Derma ဒေသမှာ ပြီးခဲ့တဲ့ သီတင်းပတ် တနင်္ဂနွေနေ့က ရေကာတာ ၂ ခု ကျိုးပေါက်ရာက သေဆုံးသူ အနည်းဆုံး ၁၁၃၀၀ ရှိနိုင်ပြီး၊ ပိုတိုးလာနိုင်တယ်လို့လည်း နိုင်ငံတကာ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပါတယ်။ လူပေါင်း ၁ သောင်းလောက် ပျောက်ဆုံးနေဆဲဖြစ်ပြီး၊ တချို့က အပျက်အစီးတွေကြား ပိတ်မိနေသူတွေ ရှိနိုင်သလို၊ ပင်လယ်ထဲမျောပါသွားသူတွေလည်း ရှိနိုင်ပါတယ်။

ရေကြီးမှုကြောင့် နောက်ဆက်တွဲ ကူးစက်ရောဂါတွေ ဖြစ်ပွားမယ့် အန္တရာယ် ရှိနေပြီး၊ နောက်ထပ် စာနာမှုအကျပ်အတည်းနဲ့ ကြုံရနိုင်တယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေက သတိပေးနေတာပါ။ ထောင်သောင်းချီတဲ့ ရေဘေးသင့်သူတွေအတွက် ခိုလှုံစရာ၊ အစားအစာနဲ့ ဆေးဝါး ဖြန့်ဝေရာမှာလည်း စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။

သေဆုံးသူတွေကို အစုလိုက်အပြုံလိုက် မြှုပ်နှံတာတွေ မလုပ်ကြဖို့နဲ့ အသက်မသေ ကျန်ရစ်သူတွေအတွက် ဥပဒေကြောင်းအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ဖိစီးမှုတွေ မဖြစ်ရအောင် မှတ်တမ်းတင် သဂြိုဟ်ဖို့လည်း ကျန်းမာရေးအဖွဲ့အစည်းတွေက သတိပေးနေကြတာပါ။ သေဆုံးသူတွေအတွက် ဂုဏ်သိက္ခာရှိရှိ မြှုပ်နှံသဂြိုဟ်နိုင်အောင်လည်း အကူအညီပေးရေး အဖွဲ့အစည်းတွေ ကြိုးပမ်းနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG