သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားနိုင်ငံမှာ ရေကြီးမှုကြောင့် သေဆုံးသူ ထောင်ချီရှိနိုင်ကြောင်းခန့်မှန်း


လစ်ဗျားကြားဖြတ်အစိုးရ ဝန်ကြီးချုပ်ရုံးကထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံမှာ နိုင်ငံအရှေ့ဘက် Derna မြို့ ရေကြီးတဲ့နေရာတချို့ကိုတွေ့ရစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၃)
လစ်ဗျားကြားဖြတ်အစိုးရ ဝန်ကြီးချုပ်ရုံးကထုတ်ပြန်လိုက်တဲ့ ဓါတ်ပုံမှာ နိုင်ငံအရှေ့ဘက် Derna မြို့ ရေကြီးတဲ့နေရာတချို့ကိုတွေ့ရစဉ် (စက်တင်ဘာ ၁၁၊ ၂၀၂၃)

လစ်ဗျားနိုင်ငံ အရှေ့ပိုင်းမှာ ရေကြီးရေလျှံမှုတွေကြောင့် သေဆုံးသူ ထောင်နဲ့ချီရှိနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်းများ အဖွဲ့ချုပ် (IFRC) မှ တာဝန်ရှိသူ တဦးက သတင်းထောက်တွေကို အင်္ဂါနေ့က ပြောပါတယ်။

ပျောက်ဆုံးသူဦးရေဟာ ၁ သောင်းလောက် ရှိကြောင်း လွတ်လပ်တဲ့ သတင်းရင်းမြစ်တွေက အတည်ပြု ပြောကြားခဲ့တယ်လို့ IFRC အဖွဲ့ရဲ့ လစ်ဗျားကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Tamer Ramadan (တာမာ ရမ်မဒမ်) က ပြောပါတယ်။ Derna (ဒါနာ) မြို့မှာလည်း လူပေါင်း ၂ ထောင် လောက် သေဆုံးခဲ့တယ်လို့ လစ်ဗျား အရှေ့ပိုင်းက တာဝန်ရှိသူတွေက မနေ့က ပြောပါတယ်။

မြေထဲပင်လယ်ဒေသမှာ ဖြစ်ခဲ့တဲ့ မုန်တိုင်း Daniel (ဒန်နီရယ်လ်) ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေဖြစ်ခဲ့တဲ့အတွက် အဆိုပါဒေသမှာ ရေကာတာတွေ ပြိုကျကာ ရပ်ကွက်တစ်ခုလုံး ရေမျောပါသွားခဲ့ရတာပါ။ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ ဒါနာ မြို့မှာရှိတဲ့ လမ်းတွေပေါ်မှာ တဟုန်ထိုး စီးဆင်းနေတဲ့ ရေတွေဟာ အခြားမြို့ သုံးမြို့ဆီကို ပါစီးဆင်းသွားတာကို တွေ့မြင်ခဲ့ကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG