သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားမြို့တော်မှာ နိုင်ငံရေးပြိုင်ဖက်တွေကြား တိုက်ခိုက်မှု ၂၃ ဦးသေ


(Zawgyi / Unicode)

လစ်ဗျားနိုင်ငံ Tripoli မြို့တော်မှာ စနေနေ့က စင်ပြိုင်အုပ်ချုပ်ရေးနေကြတဲ့ အဖွဲ့တွေရဲ့ တပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး ၂၃ ဦးသေဆုံးပြီး ၁၄ဝ လောက် ဒဏ်ရာရရှိခဲ့တယ်လို့ လစ်ဗျား ကျန်းမာရေးဝန်ကြီးဌာန က တနင်္ဂနွေနေ့က ပြောပါတယ်။ အရပ်သားတွေ သေကျေထိခိုက်တဲ့ တိုက်ခိုက်မှုအပေါ် အရပ်ဖက် အဖွဲ့အစည်းတွေက ရှုတ်ချလိုက်ကြပါတယ်။

"Tripoli က လက်နက်ကိုင် ပဋိပက္ခတွေကို မြို့တော်မှာရှိတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက ရှုတ်ချပါတယ်။ အရပ်သားတွေ သွေးမြေကျခဲ့ရတာ၊ လုံခြုံရေး ထိခိုက်တာ၊ အစိုးရနဲ့ ပုဂ္ဂလိကပိုင် ပစ္စည်းတွေ ထိခိုက်ပျက်စီးတာတွေ အတွက်လည်း သက်ဆိုင်သူတွေမှာ တာဝန်ရှိပါတယ်" လို့ မြို့လူကြီး အဖွဲ့ဝင် Omar Weheba ကပြောသွားတာပါ။

Haitham Tajouri ဦးဆောင်တဲ့ Tripoli တော်လှန်ရေး တပ်မဟာ ပြည်သူစစ်တွေ နဲ့ Gheniwa လို့ လူသိများတဲ့ စစ်ခေါင်းဆောင် Abdel-Ghani al-Kikli ရဲ့ပူးပေါင်း မဟာမိတ် တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွား ကြတာလို့ ဒေသဆိုင်ရာ မီဒီယာတွေက ဖော်ပြကြပါတယ်။ Tripoli မြို့တော်မှာ အခြေစိုက်တဲ့ အစိုးရ ရဲ့ ဝန်ကြီးချုပ် Abdul Hamid Dbeibah ကတော့ အခုတိုက်ပွဲတွေဟာ ပြည်သူစစ်တဖွဲ့က တခြားတဖွဲ့ကို သွားပစ်လို့ ဖြစ်ပွားတာလို့ပြောပါတယ်။

ဒါပေမယ့်လည်း ဒီအကြမ်းဖက် ဖြေရှင်းကြတဲ့ ဖြစ်စဉ်ဟာ Tripoli မြို့တော်မှာ အခြေစိုက်တဲ့ အစိုးရ ဝန်ကြီးချုပ် Abdul Hamid နဲ့ ပင်လယ်ကမ်းခြေမြို့ Sirte မှာ အခြေစိုက်တဲ့ စင်ပြိုင်အစိုးရ ဝန်ကြီးချုပ် Fathy Bashagha တို့အကြား အာဏာလွန်ဆွဲပွဲကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာပုံရပါတယ်။ရေနံပေါကြွယ်ဝတဲ့ လစ်ဗျားနိုင်ငံဟာ ၂ဝ၁၁ ခုနှစ်မှာ လူထုအုံကြွမှုဖြစ်လာခဲ့ပြီး နှစ်အကြာဆုံး အာဏာရှင် Moammar Gadhafi ကို လက်နက်ကိုင်တော်လှန် ဖြုတ်ချသတ်ဖြတ်ခဲ့တဲ့ေ နာက်ပိုင်း မငြိမ်မသက်မှုတွေ ဖြစ်ပွားလာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG