(Zawgyi / Unicode)
လစ္ဗ်ားႏိုင္ငံမွာ တိုက္ပြဲေတြ အရွိန္ျမင့္လာတာကို တားဆီးႏိုင္ဖို႔ဆိုရင္ လစ္ဗ်ားမွာရွိတဲ့ ၿပဳိင္ဘက္အုပ္စု ႏွစ္ခုစလုံးကို စစ္ေရးေထာက္ပံ့မႈေတြ ရပ္ဆိုင္းထားဖို႔နဲ႔ ကုလသမဂၢက ခ်မွတ္ထားတဲ့ လက္နက္ေရာင္းခ်မႈ ပိတ္ပင္ေရး သေဘာတူညီခ်က္ကို ေလးစားလိုက္နာဖို႔ ကမၻာ့ေခါင္းေဆာင္ေတြၾကား တနဂၤေႏြေန႔က သေဘာတူလိုက္ၾကပါတယ္။
လစ္ဗ်ားအေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢ၊ ဥေရာပသမဂၢ၊ အာဖရိကသမဂၢနဲ႔ အာရပ္အဖြဲ႔ခ်ဳပ္တို႔က ထိပ္သီးေခါင္းေဆာင္ ၁၂ ဦးတို႔ဟာ လစ္ဗ်ားမွာ ေရရွည္ခံမယ့္ အပစ္ရပ္ သေဘာတူညီခ်က္ရဖုိ႔ အေျခခံအုတ္ျမစ္ ခ်ႏိုင္လိမ့္မယ္ဆိုတဲ့ ေမွ်ာ္လင့္ခ်က္နဲ႔ တနဂၤေႏြေန႔က ဂ်ာမနီႏိုင္ငံ ဘာလင္ၿမဳိ႕မွာ ေတြ႔ဆုံခဲ့ၾကတာပါ။
လက္နက္ေရာင္းခ်မႈ ပိတ္ပင္ေရးကို အားလုံး ေလးစားလိုက္နာၿပီး လက္နက္ထိန္းခ်ဳပ္ေရးကို အရင္ထက္ပိုၿပီး အခုိင္အမာ လုပ္သင့္တယ္ဆိုတာ အားလုံးသေဘာတူခဲ့ၾကတယ္လို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel က ေျပာပါတယ္။
လစ္ဗ်ားအေရးနဲ႔ ပတ္သက္လုိ႔ လာမယ့္ရက္ပိုင္းအတြင္း ဂ်နီဗာမွာ ေကာ္မတီတရပ္ ဖြဲ႔စည္းသြားမယ္လို႔ ကုလအတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က ေျပာပါတယ္။
လစ္ဗ်ားမွာ တိုက္ပြဲျဖစ္ေနတဲ့ ႏွစ္ဖက္စလုံးကို ေနာက္ထပ္ေထာက္ပံ့မႈေတြ ဆက္မေပးေတာ့ဘူးလို႔ ထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္လာသူေတြက သေဘာတူၾကေၾကာင္း ဂ်ာမနီဝန္ႀကီးခ်ဳပ္ Angela Merkel က ေျပာပါတယ္။
ေဒသတြင္း စစ္ေရးအရွိန္ျမင့္လာႏိုင္မယ့္ အေရးကို ေရွာင္ရွားဖို႔ ဘာလင္ေဆြးေႏြးပြဲဟာ ေအာင္ျမင္တယ္လို႔ Guterres က ေျပာပါတယ္။
လစ္ဗ်ားႏုိင္ငံမွာ ႐ုရွားေထာက္ခံမႈ ေပးထားတဲ့ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း Khalifa Haftar နဲ႔ တူရကီေထာက္ခံမႈ ေပးထားတဲ့ ဝန္ႀကီးခ်ဳပ္ Fayez Sarraj တို႔ဟာ အဓိကၿပဳိင္ဘက္ျဖစ္ၿပီး ႏွစ္အတန္ၾကာကစလို႔ ပဋိပကၡေတြ အရွိန္ျမင့္လာတာ ျဖစ္ပါတယ္။
-----------------------------
(Unicode)
လစ်ဗျား အပစ်ရပ်ရေး အခြေခံမူ ပြိုင်ဘက်အုပ်စုတွေ သဘောတူ
လစ်ဗျားနိုင်ငံမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာကို တားဆီးနိုင်ဖို့ဆိုရင် လစ်ဗျားမှာရှိတဲ့ ပြိုင်ဘက်အုပ်စု နှစ်ခုစလုံးကို စစ်ရေးထောက်ပံ့မှုတွေ ရပ်ဆိုင်းထားဖို့နဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ လက်နက်ရောင်းချမှု ပိတ်ပင်ရေး သဘောတူညီချက်ကို လေးစားလိုက်နာဖို့ ကမ္ဘာ့ခေါင်းဆောင်တွေကြား တနင်္ဂနွေနေ့က သဘောတူလိုက်ကြပါတယ်။
လစ်ဗျားအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အာဖရိကသမဂ္ဂနဲ့ အာရပ်အဖွဲ့ချုပ်တို့က ထိပ်သီးခေါင်းဆောင် ၁၂ ဦးတို့ဟာ လစ်ဗျားမှာ ရေရှည်ခံမယ့် အပစ်ရပ် သဘောတူညီချက်ရဖို့ အခြေခံအုတ်မြစ် ချနိုင်လိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တနင်္ဂနွေနေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
လက်နက်ရောင်းချမှု ပိတ်ပင်ရေးကို အားလုံး လေးစားလိုက်နာပြီး လက်နက်ထိန်းချုပ်ရေးကို အရင်ထက်ပိုပြီး အခိုင်အမာ လုပ်သင့်တယ်ဆိုတာ အားလုံးသဘောတူခဲ့ကြတယ်လို့ ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပြောပါတယ်။
လစ်ဗျားအရေးနဲ့ ပတ်သက်လို့ လာမယ့်ရက်ပိုင်းအတွင်း ဂျနီဗာမှာ ကော်မတီတရပ် ဖွဲ့စည်းသွားမယ်လို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။
လစ်ဗျားမှာ တိုက်ပွဲဖြစ်နေတဲ့ နှစ်ဖက်စလုံးကို နောက်ထပ်ထောက်ပံ့မှုတွေ ဆက်မပေးတော့ဘူးလို့ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်လာသူတွေက သဘောတူကြကြောင်း ဂျာမနီဝန်ကြီးချုပ် Angela Merkel က ပြောပါတယ်။
ဒေသတွင်း စစ်ရေးအရှိန်မြင့်လာနိုင်မယ့် အရေးကို ရှောင်ရှားဖို့ ဘာလင်ဆွေးနွေးပွဲဟာ အောင်မြင်တယ်လို့ Guterres က ပြောပါတယ်။
လစ်ဗျားနိုင်ငံမှာ ရုရှားထောက်ခံမှု ပေးထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း Khalifa Haftar နဲ့ တူရကီထောက်ခံမှု ပေးထားတဲ့ ဝန်ကြီးချုပ် Fayez Sarraj တို့ဟာ အဓိကပြိုင်ဘက်ဖြစ်ပြီး နှစ်အတန်ကြာကစလို့ ပဋိပက္ခတွေ အရှိန်မြင့်လာတာ ဖြစ်ပါတယ်။