သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအးလာကောင်း


Blinken’s Meeting with German Chancellor Merkel
Blinken’s Meeting with German Chancellor Merkel

{{Zawgyi/Unicode}}

လစ်ဗျားနိုင်ငံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က အခုညီလာခံဟာ လစ်ဗျားနိုင်ငံ ရေရှည်ငြိမ်းချမ်းရေးအတွက် အခွင့်အလန်းကောင်းတခုအဖြစ် ပြောဆိုလိုက်ပါတယ်။

“အခွင့်အလန်းကောင်းကို အမိအရ ယူချင်ပါတယ်။ လစ်ဗျားနိုင်ငံကို ပိုမိုသာယာပြီး ခိုင်မာအားကောင်း လွတ်လပ်တဲ့ အနာဂတ်ဆီ ဦးတည်နိုင်အောင် ကူညီရာမှာ မဆုတ်မနစ် ဆောင်ရွက်ခဲ့တဲ့ အတွက်ရော၊ အားလုံးပါဝင်လာအောင် ကြိုးပမ်းခဲ့တဲ့ အတွက်ပါ ဂျာမနီနိုင်ငံကိုလည်း အထူးကျေးဇူး တင်ပါတယ်။” လို့ ဝန်ကြီး Blinken ဗုဒ္ဓဟူးနေ့ကပဲ ပြောဆိုလိုက်တာပါ။

ဂျာမနီနဲ့ ကုလသမဂ္ဂ ပူးတွဲပြီး လစ်ဗျားနိုင်ငံ အနာဂတ်အတွက် နိုင်ငံတကာ ညီလာခံတရပ် စတင်ကျင်းပဖို့ ရှိနေချိန်မှာပဲ အမေရိကန် ထိပ်တန်းသံတမန် မှတ်ချက်ပေး ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ အခုညီလာခံကနေ လစ်ဗျားနိုင်ငံမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ တည်ငြိမ်တဲ့ အစိုးရ ပေါ်ပေါက်ရေး အစောပိုင်း ကြိုးပမ်းမှုတွေအပေါ် အခြေခံပြီး ရှေ့ဆက်တိုးတက်မှုရဖို့ ရည်မှန်းထားတာပါ။

အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ဖို့နဲ့ နိုင်ငံခြားတပ်တွေ ရုပ်သိမ်းရေး အပါအဝင် လစ်ဗျားနိုင်ငံအတွက် အကောင်းဆုံး လုပ်နိုင်မယ့် နည်းလမ်းတွေအပေါ် ဘုံသဘောတူညီချက် ရရှိထားကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Blinken က ဂျာမန်နိုင်ငံခြားရေးဝန်ကြီး Heiko Maas နဲ့အတူ အစောပိုင်းမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အခုညီလာခံ မတိုင်ခင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ကျင်းပခဲ့တဲ့ ညီလာခံမှာတော့ လက်နက်တင်ပို့မှု တားမြစ်ဖို့နဲ့ လစ်ဗျားနိုင်ငံက စစ်ပွဲမှာ ပါဝင်နေသူတွေ အပစ်အခတ်ရပ်စဲရေးကို လက်ခံလာအောင် ဖိအားပေးဖို့ သဘောတူခဲ့ကြပါတယ်။

..................................................

လစ်ဗျား ငြိမ်းချမ်းရေးဆွေးနွေးပွဲ အလားအးလာကောင်း
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}






XS
SM
MD
LG