ကမၻာမွာ လူ႔အခြင့္အေရးကို ေလးစားတဲ့ပုံစံ တေနရာနဲ႔တေနရာ မတူၾကသလို၊ ႏိုင္ငံတႏိုင္ငံက လက္ခံက်င့္သုံးတဲ့ ပုံစံကို တျခားႏိုင္ငံတခုမွာ လာၿပီးပုံေဖာ္ရင္ ျပႆနာ အမ်ားအျပား ျဖစ္ေစတယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ကုလသမဂၢ လူ႔အခြင့္အေရးေကာင္စီကို မၾကာခင္က ေပးပို႔ခဲ့တဲ့ ဗြီဒီယိုမိန္႔ခြန္းထဲမွာ ေျပာဆိုခဲ့ပါတယ္။ ဒီလို ယူဆေျပာဆိုမႈကို လူ႔အခြင့္အေရးသမားေတြက ဘယ္လိုျမင္ၾကပါလဲ။ ဒီတပတ္ ဒီမိုကေရစီ လူ႔အခြင့္အေရးနဲ႔ ေခတ္ၿပိဳင္ကမၻာအစီအစဥ္မွာ အသံလူ႔အခြင့္အေရးအဖြဲ႔က ၫႊန္ၾကားေရးမႉးမဇက္ပီကို ဦးတင္ေမာင္သန္းက ေမးျမန္းတင္ျပထားပါတယ္။
==== Unicode =====
ကမ္ဘာမှာ လူ့အခွင့်အရေးကို လေးစားတဲ့ပုံစံ တနေရာနဲ့တနေရာ မတူကြသလို၊ နိုင်ငံတနိုင်ငံက လက်ခံကျင့်သုံးတဲ့ ပုံစံကို တခြားနိုင်ငံတခုမှာ လာပြီးပုံဖော်ရင် ပြဿနာ အများအပြား ဖြစ်စေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို မကြာခင်က ပေးပို့ခဲ့တဲ့ ဗွီဒီယိုမိန့်ခွန်းထဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီလို ယူဆပြောဆိုမှုကို လူ့အခွင့်အရေးသမားတွေက ဘယ်လိုမြင်ကြပါလဲ။ ဒီတပတ် ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာအစီအစဉ်မှာ အသံလူ့အခွင့်အရေးအဖွဲ့က ညွှန်ကြားရေးမှူးမဇက်ပီကို ဦးတင်မောင်သန်းက မေးမြန်းတင်ပြထားပါတယ်။