(Zawgyi/Unicode)
ဒီမိုကေရစီတိုက္ပြဲမွာ အၾကမ္းမဖက္လႈပ္ရွားမႈနဲ႔ သြားမလား၊ လက္နက္ကိုင္လႈပ္ရွားမႈနဲ႔ သြားမလားဆိုတာ အေရးပါတဲ့ေမးခြန္းတခုျဖစ္ပါတယ္။ ႏိုင္ငံေတြဟာ ဒီလႈပ္ရွားမႈတရပ္ရပ္ကို ေ႐ြးခ်ယ္ခဲ့ၾကရ၊ ဒါမွမဟုတ္ သူ႔အခ်ိန္နဲ႔သူ က်င့္သုံးခဲ့ၾကရ၊ ဒါမွမဟုတ္ ေပါင္းစပ္ က်င့္သုံးခဲ့ၾကရတာပါ။ ဒီသီတင္းပတ္ ဒီမိုကေရစီ၊ လူ႔အခြင့္အေရးနဲ႔ ေခတ္ၿပိဳင္ကမာၻ အစီအစဥ္မွာ ဒီလႈပ္ရွားမႈႏွစ္ရပ္အေၾကာင္းကို ပဋိပကၡနဲ႔ ၿငိမ္းခ်မ္းေရးဘာသာရပ္နဲ႔ မဟာဘြဲ႔ယူဖို႔ ႀကိဳးစားေနတဲ့ ကိုေအာင္ကိုကိုနဲ႔ ဦးတင္ေမာင္သန္းက ေဆြးေႏြးတင္ျပထားပါတယ္။
လူ႔အဖြဲ႕အစည္းတိုင္းမွာ ပဋိပကၡေတြရွိပါတယ္။
အၾကမ္းမဖက္တဲ့နည္းလမ္းနဲ႔ ေျဖရွင္းလို႔ရတဲ့ စနစ္ေတြရွိေနၿပီး အဲဒီစနစ္နဲ႔ က်င့္ထုံးေတြအေပၚမွာ လူေတြကလည္း ယုံၾကည္ၾကရင္ အၾကမ္းမဖက္နည္းလမ္းနဲ႔ ပဋိပကၡေတြကို ေျဖရွင္းသြားႏိုင္ၾကပါတယ္။
အဲဒီလိုစနစ္ေတြ မထြန္းကားတာက အႏုနည္းလမ္းရဲ႕ အကန႔္အသတ္ျဖစ္ပါတယ္။
အၾကမ္းမဖက္နည္းလမ္းနဲ႔ ပဋိပကၡကို ေျဖရွင္းေရးမွာ ပထမအခ်က္ လူအမ်ား ပါဝင္လို႔ရတယ္၊ ဒုတိယအခ်က္ ျပည္တြင္းျပည္ပ legitimacy လို႔ေခၚတဲ့ တရားဝင္မႈ ဒါမွမဟုတ္ လူအမ်ားရဲ႕ ေထာက္ခံမႈကို ရရွိတယ္၊ ႏႈိင္းယွဥ္မႈအရ လူ႔အဖြဲ႕အစည္းက ေပးဆပ္ရတာ နည္းပါတယ္။
ဒါေပမဲ့ အဲဒီလိုစနစ္ေတြမရွိရင္ အၾကမ္းဖက္နည္းလမ္းဘက္ ေရာက္သြားတတ္ပါတယ္။ လက္နက္ကိုင္ လႈပ္ရွားမႈ ရွိေနတဲ့အတြက္ လူထုမွာ စိတ္ဓာတ္ေရးရာ လုံၿခဳံမႈရွိတယ္၊ ေမွ်ာ္လင့္ခ်က္ ထားႏိုင္ပါတယ္။ ဒါေပမဲ့ လက္နက္ကိုင္ပဋိပကၡမွာ စိတ္ဒဏ္သင့္တာ ပို ႀကီးမားတယ္၊ အသက္ အိုးအိမ္ပစၥည္း ဆုံးရႈံးမႈ ပိုႀကီးမားတယ္၊ ဒါေၾကာင့္လည္း အဟေတြကို ေစ့ႏိုင္ဖို႔ ပိုခက္ခဲသြားတယ္၊ ႏွစ္ေတြ ပို ၾကာတတ္ပါတယ္။
ဒီလို လက္နက္ကိုင္ပဋိပကၡရွိေနတဲ့ ႏိုင္ငံေတြရဲ႕ျပႆနာကို ႏိုင္ငံတကာက ဝင္ေရာက္ေျဖရွင္းဖို႔ကလည္း ခက္တတ္တာေၾကာင့္ လူသားခ်င္း စာနာေထာက္ထားေရး အကူအညီနဲ႔ပဲ တာရွည္ေနတတ္ပါတယ္။ ျပည္တြင္းစစ္ေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္မႈလည္းမျဖစ္ဘဲ ႏိုင္ငံတကာရဲ႕ လူသားခ်င္း စာနာေထာက္ထားေရး အေပၚ မွီခိုရတဲ့အေျခ ဆိုက္သြားတတ္ပါတယ္။
............................
(Unicode)
ဒီမိုကရေစီရေးလှုပ်ရှားမှု၊ အကြမ်းမဖက်နည်း၊ လက်နက်ကိုင်နည်းနဲ့ အကျိုးဆက်များ
ဒီမိုကရေစီတိုက်ပွဲမှာ အကြမ်းမဖက်လှုပ်ရှားမှုနဲ့ သွားမလား၊ လက်နက်ကိုင်လှုပ်ရှားမှုနဲ့ သွားမလားဆိုတာ အရေးပါတဲ့မေးခွန်းတခုဖြစ်ပါတယ်။ နိုင်ငံတွေဟာ ဒီလှုပ်ရှားမှုတရပ်ရပ်ကို ရွေးချယ်ခဲ့ကြရ၊ ဒါမှမဟုတ် သူ့အချိန်နဲ့သူ ကျင့်သုံးခဲ့ကြရ၊ ဒါမှမဟုတ် ပေါင်းစပ် ကျင့်သုံးခဲ့ကြရတာပါ။
ဒီသီတင်းပတ် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ခေတ်ပြိုင်ကမ္ဘာ အစီအစဉ်မှာ ဒီလှုပ်ရှားမှုနှစ်ရပ်အကြောင်းကို ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဘာသာရပ်နဲ့ မဟာဘွဲ့ယူဖို့ ကြိုးစားနေတဲ့ ကိုအောင်ကိုကိုနဲ့ ဦးတင်မောင်သန်းက ဆွေးနွေးတင်ပြထားပါတယ်။
လူ့အဖွဲ့အစည်းတိုင်းမှာ ပဋိပက္ခတွေရှိပါတယ်။
အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ဖြေရှင်းလို့ရတဲ့ စနစ်တွေရှိနေပြီး အဲဒီစနစ်နဲ့ ကျင့်ထုံးတွေအပေါ်မှာ လူတွေကလည်း ယုံကြည်ကြရင် အကြမ်းမဖက်နည်းလမ်းနဲ့ ပဋိပက္ခတွေကို ဖြေရှင်းသွားနိုင်ကြပါတယ်။
အဲဒီလိုစနစ်တွေ မထွန်းကားတာက အနုနည်းလမ်းရဲ့ အကန့်အသတ်ဖြစ်ပါတယ်။
အကြမ်းမဖက်နည်းလမ်းနဲ့ ပဋိပက္ခကို ဖြေရှင်းရေးမှာ ပထမအချက် လူအများ ပါဝင်လို့ရတယ်၊ ဒုတိယအချက် ပြည်တွင်းပြည်ပ legitimacy လို့ခေါ်တဲ့ တရားဝင်မှု ဒါမှမဟုတ် လူအများရဲ့ ထောက်ခံမှုကို ရရှိတယ်၊ နှိုင်းယှဉ်မှုအရ လူ့အဖွဲ့အစည်းက ပေးဆပ်ရတာ နည်းပါတယ်။
ဒါပေမဲ့ အဲဒီလိုစနစ်တွေမရှိရင် အကြမ်းဖက်နည်းလမ်းဘက် ရောက်သွားတတ်ပါတယ်။ လက်နက်ကိုင် လှုပ်ရှားမှု ရှိနေတဲ့အတွက် လူထုမှာ စိတ်ဓာတ်ရေးရာ လုံခြုံမှုရှိတယ်၊ မျှော်လင့်ချက် ထားနိုင်ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်ပဋိပက္ခမှာ စိတ်ဒဏ်သင့်တာ ပို ကြီးမားတယ်၊ အသက် အိုးအိမ်ပစ္စည်း ဆုံးရှုံးမှု ပိုကြီးမားတယ်၊ ဒါကြောင့်လည်း အဟတွေကို စေ့နိုင်ဖို့ ပိုခက်ခဲသွားတယ်၊ နှစ်တွေ ပို ကြာတတ်ပါတယ်။
ဒီလို လက်နက်ကိုင်ပဋိပက္ခရှိနေတဲ့ နိုင်ငံတွေရဲ့ပြဿနာကို နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းဖို့ကလည်း ခက်တတ်တာကြောင့် လူသားချင်း စာနာထောက်ထားရေး အကူအညီနဲ့ပဲ တာရှည်နေတတ်ပါတယ်။ ပြည်တွင်းစစ်ကြောင့် ဖွံ့ဖြိုးတိုးတက်မှုလည်းမဖြစ်ဘဲ နိုင်ငံတကာရဲ့ လူသားချင်း စာနာထောက်ထားရေး အပေါ် မှီခိုရတဲ့အခြေ ဆိုက်သွားတတ်ပါတယ်။