သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားသံတမန္ ၁၅ ဦး သူလွ်ိဳမႈနဲ႔ ၁၄ ရက္အတြင္း ထြက္ခြာဖို႔ ဒိန္းမတ္ႏိုင္ငံက ႏွင္ထုတ္


ဒိန္းမတ္ႏိုင္ငံျခားေရးဝန္ႀကီး Jeppe Kofod 


[[Zawgyi/Unicode]]

ဒိန္းမတ္ႏိုင္ငံမွာ သံတမန္အျဖစ္ စာရင္းသြင္းထားတဲ့ ႐ုရွား ေထာက္လွမ္းေရးအရာရွိ သူလွ်ိဳ ၁၅ ဦးကို ဒိန္းမတ္ႏိုင္ငံက ႏွင္ထုတ္လိုက္ေၾကာင္း ဒီကေန႔ အဂၤါေန႔မွာ ေျပာပါတယ္။ အဲဒီ ႐ုရွားႏိုင္ငံသားေတြ ၁၄ ရက္အတြင္း ဒိန္းမတ္ႏိုင္ငံထဲက ထြက္ေပးရမယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

"ႏွင္ထုတ္ခံရတဲ့ ေထာက္လွမ္းေရး အရာရွိ ၁၅ ေယာက္ ဒိန္းမတ္ႏိုင္ငံထဲမွာ သူလွ်ိဳလုပ္ခဲ့တယ္ဆိုတာ က်ေန္ာတို႔ မွာ အေထာက္အထားေတြရွိတယ္။" လို႔ ဒိန္းမတ္ ႏိုင္ငံျခားေရးဝန္ႀကီး Jeppe Kofod က ပါလီမန္ အစည္းအေဝးအၿပီး သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

ယူကရိန္း ၿမိဳ႕ေတာ္ Kyiv နားက Bucha ၿမိဳ႕ကေလးမွာ ယူကရိန္းအရပ္သားေတြကို ႐ုရွားတပ္ဖြဲ႕ေတြက ရက္စက္စြာ က်ဴးလြန္တဲ့လုပ္ရပ္အေပၚ ဒိန္းမတ္အစိုးရက ျပင္းျပင္းထန္ထန္ ရႈတ္ခ်တယ္လို႔ ဒိန္းမတ္ႏိုင္ငံဆိုင္ရာ ႐ုရွားသံအမတ္ကို ဒီကေန႔ အဂၤါေန႔အေစာပိုင္းက ေျပာခဲ့ပါတယ္။ တခ်ိန္တည္းမွာပဲ ဒိန္းမတ္ႏိုင္ငံ Copenhagen ၿမိဳ႕ေတာ္မွာ ႐ုရွားနဲ႔ သံတမန္ဆက္ဆံေရးဆက္လက္ထားရွိဖို႔ ေတာင္းဆိုခဲ့ပါတယ္။

"ဒိန္းမတ္က ေမာ္စကိုနဲ႔ သံတမန္ဆက္ဆံေရး ျဖတ္ေတာက္ပစ္ဖို႔ ဆႏၵမရွိပါဘူး။ ဒါေၾကာင့္မို႔ ႐ုရွားသံအမတ္ႀကီးနဲ႔ ၿမိဳ႕ေတာ္ Copenhagen မွာရွိတဲ့ သံ႐ုံးကို ႏွင္ထုတ္ဖို႔ မပါဝင္ပါဘူးလို႔ " ဒိန္းမတ္ ႏိုင္ငံျခားေရးဝန္ႀကီး Mr. Kofod က ဆိုပါတယ္။

ျပင္သစ္ႏိုင္ငံကလည္း ႐ုရွားသံတမန္ ၃၅ ဦးကို တနလၤာေန႔တုန္းက ႏွင္ထုတ္ခဲ့သလို ဂ်ာမနီႏိုင္ငံကလည္း ႐ုရွားသံတမန္ အမ်ားအျပားကိုလည္း ႏွင္ထုတ္ခဲ့ေၾကာင္း ေၾကညာထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

=============
[[Unicode]]

ရုရှားသံတမန် ၁၅ ဦး သူလျှိုမှုနဲ့ ၁၄ ရက်အတွင်း ထွက်ခွာဖို့ ဒိန်းမတ်နိုင်ငံက နှင်ထုတ်

ဒိန်းမတ်နိုင်ငံမှာ သံတမန်အဖြစ် စာရင်းသွင်းထားတဲ့ ရုရှား ထောက်လှမ်းရေးအရာရှိ သူလျှို ၁၅ ဦးကို ဒိန်းမတ်နိုင်ငံက နှင်ထုတ်လိုက်ကြောင်း ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။
ဒီ ရုရှားနိုင်ငံသားတွေ ၁၄ ရက်အတွင်း ဒိန်းမတ်နိုင်ငံထဲက ထွက်ပေးရမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

"နှင်ထုတ်ခံရတဲ့ ထောက်လှမ်းရေး အရာရှိ ၁၅ ယောက် ဒိန်းမတ်နိုင်ငံထဲမှာ သူလျှိုလုပ်ခဲ့တယ်ဆိုတာ ကျနေ်ာတို့ မှာ အထောက်အထားတွေရှိတယ်။" လို့ ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Jeppe Kofod က ပါလီမန် အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့တာပါ။

ယူကရိန်း မြို့တော် Kyiv နားက Bucha မြို့ကလေးမှာ ယူကရိန်းအရပ်သားတွေကို ရုရှားတပ်ဖွဲ့တွေက ရက်စက်စွာ ကျူးလွန်တဲ့လုပ်ရပ်အပေါ် ဒိန်းမတ်အစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဒိန်းမတ်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို ဒီကနေ့ အင်္ဂါနေ့အစောပိုင်းက ပြောခဲ့ပါတယ်။ တချိန်တည်းမှာပဲ ဒိန်းမတ်နိုင်ငံ Copenhagen မြို့တော်မှာ ရုရှားနဲ့ သံတမန်ဆက်ဆံရေးဆက်လက်ထားရှိဖို့ တောင်းဆိုခဲ့ပါတယ်။

"ဒိန်းမတ်က မော်စကိုနဲ့ သံတမန်ဆက်ဆံရေး ဖြတ်တောက်ပစ်ဖို့ ဆန္ဒမရှိပါဘူး။ ဒါကြောင့်မို့ ရုရှားသံအမတ်ကြီးနဲ့ မြို့တော် Copenhagen မှာရှိတဲ့ သံရုံးကို နှင်ထုတ်ဖို့ မပါဝင်ပါဘူးလို့ " ဒိန်းမတ် နိုင်ငံခြားရေးဝန်ကြီး Mr. Kofod က ဆိုပါတယ်။

ပြင်သစ်နိုင်ငံကလည်း ရုရှားသံတမန် ၃၅ ဦးကို တနင်္လာနေ့တုန်းက နှင်ထုတ်ခဲ့သလို ဂျာမနီနိုင်ငံကလည်း ရုရှားသံတမန် အများအပြားကိုလည်း နှင်ထုတ်ခဲ့ကြောင်း ကြေညာထားပါတယ်ရှင်။

=============

XS
SM
MD
LG