သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္ေကာင္စီက်င္းပမယ့္ ေရြးေကာက္ပြဲ အေမရိကန္ ေထာက္ခံမွာမဟုတ္


အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အတိုင္ပင္ခံ Derek Chollet နဲ႔CRPH ဥကၠ႒ ဦးေအာင္ၾကည္ၫြန္႔၊ NUG အစိုးရအဖြဲ႔ ဝန္ႀကီးေတြနဲ႔ စက္တင္ဘာ ၂၁၊ ၂၀၂၂ က ေတြ႔ဆံုစဥ္။ (ယခင္မွတ္တမ္းဓာတ္ပံု)  

[[Zawgyi/Unicode]]


ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္မႈေတြ ပို ဆိုးလာတာမို႔ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ မိတ္ဖက္ႏိုင္ငံေတြနဲ႔အတူလက္တြဲၿပီး စစ္ေကာင္စီကို နည္းလမ္းေပါင္းစံု ဖိအားေပးႏိုင္ဖို႔ အားစိုက္ လုပ္ေဆာင္ေနတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန အတိုင္ပင္ခံ Derek Chollet က ဗြီအိုေအကို ေျပာပါတယ္။ NUG အမ်ိဳးသား ညီညႊတ္ေရးအစိုးရအျပင္ EAO တိုင္းရင္းသား လက္နက္ကိုင္ေတြနဲ႔ သူ ဒီရက္ပိုင္း ေတြ႔ဆံုၿပီး ျမန္မာအေရးေဆြးေႏြးခဲ့သလို စစ္ေကာင္စီက်င္းပမယ့္ ေရြးေကာက္ပြဲကို ေထာက္ခံမွာမဟုတ္ေၾကာင္းနဲ႔ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္း ကုလသမဂၢမွာ ဆက္လက္ ကိုယ္စားျပဳဖို႔ေထာက္ခံတယ္လို႔လည္း ေျပာပါတယ္။ Derek Chollet ကို ဗြီအိုေအ သတင္းေထာက္ Nike Ching က သီးသန္႔ ေမးျမန္းခ်ိန္ ေျပာဆိုခဲ့တာေတြကိုေတာ့ ကိုဝင္းမင္းက အျပည့္စံု တင္ျပေပးထားပါတယ္။

အေမရိကန္သမၼတ Joe Biden အေနနဲ႔ ကုလညီလာခံမွာ ျမန္မာ့လူ႔အခြင့္အရးဆိုးဝါးေနမႈကို ဗုဒၶဟူးေန႔က ထည့္ေျပာခဲ့အၿပီး တရက္တည္းမွာပဲ ျမန္မာအတိုက္အခံေခါင္းေဆာင္ေတြနဲ႔ ေတြ႔ခဲ့တဲ့ အေမရိကန္ ႏိုင္ငံျခားေရး အတိုင္ပင္ခံ Chollet က ျမန္မာႏိုင္ငံထဲ ဆိုးဝါးလာတဲ့အေျခအေနအေပၚ အခုလို ေျပာျပပါတယ္။

“ေနာက္ထပ္ဖိအားေတြေပးဖို႔ မျဖစ္မေနလိုအပ္ေနတာ က်ေနာ္တို႔ ယံုၾကည္ထားေၾကာင္း မိတ္ဖက္ႏိုင္ငံေတြကို အေတာ္ေလးရွင္းေအာင္ မေန႔က ေျပာျပခဲ့ပါတယ္။ ဒါက က်ေနာ္တို႔ တႏိုင္ငံတည္းက သံုးသပ္ယံုၾကည္ထားတာ မဟုတ္ဘူးဆိုတာကိုလည္း တျခား မိတ္ဖက္ေတြဆီက ၾကားထားတာေတြအရ သိရပါတယ္။ ဒါေၾကာင့္လည္း အခုလို ဖိအားပိုေပးဖို႔ နည္းလမ္းေပါင္းစံုကို အားစိုက္ၿပီးေတာ့ ရွာေဖြေနပါတယ္။ အထူးသျဖင့္ေတာ့ ျမန္မာျပည္သူေတြအေပၚ ျမန္မာစစ္အုပ္စု လုပ္ရပ္ေတြက ပိုပိုဆိုးလာေနလို႔ပါ။”

ဒီအတြက္ အေမရိကန္အေနနဲ႔ ေရွ႕ဆက္လုပ္သြားမွာကိုလည္း အတုိင္ပင္ခံ Chollet က ဆက္ေျပာျပပါတယ္။

“ျမန္မာကိစၥမွာ ေလးနက္တဲ့ ထဲထဲဝင္ဝင္လုပ္ေဆာင္မႈႏိုင္တခ်ိဳ႕ ရလာေအာင္ အေရးပါတဲ့ ႏိုင္ငံ အမ်ားႀကီးနဲ႔ သိသိသာသာတြဲလုပ္ဖို႔ က်ေနာ္တို႔ ဆံုးျဖတ္ထားပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာျပည္သူေတြအေပၚ စစ္ေကာင္စီရဲ့ အၾကမ္းဖက္မႈေတြပိုဆိုးလာတာအတြက္ က်ေနာ္တို႔ အေတာ့္ကို စိတ္ပ်က္လာေနလို႔ပါ။ ေနာက္ဆံုး အထူးသျဖင့္ေတာ့ ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္းမွာကိုပဲ ေက်ာင္းက ကေလးေတြကို ရက္ရက္စက္စက္ သတ္ျဖတ္မႈအထိျဖစ္ခဲ့ပါတယ္၊ ဒါကို က်ေနာ္တို႔ ျပင္းထန္စြာ ရႈတ္ခ်ထားပါတယ္။”

ဒါ့အျပင္ ဒီတေခါက္ ကုလညီလာခံမွာ အေမရိကန္အေနနဲ႔ NUG နဲ႔ EAO အပါအဝင္ ထူးထူးျခားျခား ေတြ႔ဆံုခဲ့တာေတြကိုလည္း Mr. Chollet ကအခုလို ေျပာပါတယ္။

“က်ေနာ္တို႔ မေန႔က ေဆြးေႏြးပြဲ ၂ ခု လုပ္ခဲ့ပါတယ္။ တခုက NUG နဲ႔ အင္တာနက္ကတဆင့္တက္တဲ့ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔ေတြအပါအဝင္ ဒီမိုကေရစီေထာက္ခံ လႈပ္ရွားတဲ့အဖြဲ႔ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးတာပါ၊ ေနာက္ တခုကေတာ့ အခု ကုလသမဂၢ အေထြေထြညီလာခံမွာ ေရာက္ေနတဲ့ ျမန္မာႏိုင္ငံထဲ ျဖစ္ပ်က္ေနတာေတြအေပၚမွာ စိတ္ဝင္စားတဲ့ အေရးပါတဲ့ ႏိုင္ ငံေတြနဲ႔ ေရွ႕ဆက္ ဘယ္လိုလုပ္သင့္တယ္ဆိုတာကို ေဆြးေႏြးခဲ့တာပါ။ အခုလို ျမန္မာအတိုက္ အခံအဖြဲ႔ေတြနဲ႔ေတြ႔ခဲ့တာက အလြန္ကို တိုးတက္မႈရွိၿပီးေတာ့ အလုပ္ျဖစ္ပါတယ္။ ဒီပြဲက NUG ေရာ EAO တိုင္းရင္းသားတပ္ေတြပါ တခါတည္းပါတဲ့ ပထမဆံုးေဆြးေႏြးပြဲမ်ိဳး တခု ျဖစ္မယ္ထင္ပါတယ္။”

တခ်ိန္တည္းမွာ အခု ကုလသမဂၢေရာက္ အေရးပါတဲ့ ႏိုင္ငံမ်ားစြာနဲ႔ေတြ႔ခ်ိန္ စစ္ေကာင္စီေရြးေကာက္ပြဲအေပၚ ေျပာျဖစ္ခဲ့တာကိုလည္း Mr. Chollet ကပဲအခုလို ေျပာပါတယ္။

“ေရြးေကာက္ပြဲက လြတ္လပ္မွ်တဖို႔ အခြင့္အလမ္းမရွိဘူးဆိုတာကို ေတြ႔ခဲ့တဲ့ႏိုင္ငံေတြကို က်ေနာ္ ရွင္းရွင္းေလး ေျပာခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ျမန္မာစစ္အုပ္စုအေနနဲ႔ ေရြးေကာက္ပြဲလုပ္ ဖို႔ သင့္ေတာ္မဲ့ အေျခအေန ဖန္တီးေပးမဲ့အစား အားလံုးသိၾကတ့ဲအတိုင္းပဲ၊ ႏိုင္ငံေရးအက်ဥ္းသားေတြကို ေသဒဏ္စီရင္ပစ္တယ္။ ႏိုင္ငံေရးသမားေတြကို ဖမ္းတယ္၊ ေထာင္ခ်တယ္၊ တရားဝင္ အတိုက္အခံေတြကို ထြက္ေျပးေအာင္လုပ္တယ္ေလ။ အဲ့ဒီေတာ့ ဒီစစ္အုပ္စုအေနနဲ႔ ႏိုင္ငံထဲက ပဋိပကၡေတြ အႏွံ႔အျပားျဖစ္လာေနခ်ိန္မွာ တကယ့္ကို တိုင္းျပည္ တဝက္ခန္႔ကိုပဲ ထိန္းခ်ဳပ္ထားႏိုင္တဲ့ အေနအထားမ်ိဳးနဲ႔ ဒီေရြးေကာက္ပြဲေတြ က်င္းပေပးႏိုင္ပါ့မလားဆိုတာကလည္း တကယ့္ကို ေမးခြန္းထုတ္စရာပါ။”

ဒါ့အျပင္ ကုလသမဂၢမွာ ျမန္မာကိုယ္စားလွယ္ေနရာကိစၥအေပၚ ေမးျမန္းရာမွာလည္း အတိုင္ပင္ခံ Chollet က ပဲ -

“သူ႔အေနနဲ႔ NUG နဲ႔ ဦးေက်ာ္မိုးထြန္းအေနနဲ႔ ဒီ ကုလ ေနရာကေနၿပီးေတာ့ ဒီမိုကေရစီလိုလားတဲ့ အတိုက္အခံအင္အားစုေတြကို ကိုယ္စားျပဳခြင့္ ရထားၿပီးသားပါ။ ဆိုလိုတာက အသိအမွတ္ျပဳထားတဲ့ ကုလထိုင္ခံုကို သူ ရေနၿပီးသားပါ။ ဒီအတြက္ က်ေနာ္တို႔ ေထာက္ခံပါတယ္။”

တခ်ိန္တည္းမွာ ျမန္မာကိစၥ လံုၿခံဳေရးေကာင္စီမွာ တရုတ္နဲ႔ ရုရွားပိတ္ဆို႔မႈေၾကာင့္ အခက္အခဲရွိေနေပမယ့္ ဒီ လံုၿခံဳေရးေကာင္စီ ျပဳျပင္ေျပာင္းလဲေရးေတြအပါအဝင္ ေရွ႕ဆက္လုပ္သြားမွာကိုလည္း Chollet က ဆက္ၿပီးအခုလို ေျပာပါတယ္။

“ျမန္မာ အၾကပ္အတည္းမွာ အာဆီယံရဲ့ ဗဟိုခ်က္က်အေရးပါမႈနဲ႔ ေခါင္းေဆာင္မႈက႑ကို က်ေနာ္တို႔ဘက္က ေထာက္ခံအားေပးေနတာက အာဆီယံအတြက္ အေရးပါပါတယ္။ ဒါေပမယ့္ ဒီအၾကပ္အတည္းကို အာဆီယံတခုတည္း လံုးပမ္းရတာမ်ိဳးေတာ့ မျဖစ္သင့္ပါဘူး။ တျခားႏိုင္ ငံေတြ၊ ႏိုင္ငံတကာအသိုင္းအဝိုင္းတခုလံုးအေနနဲ႔ မျဖစ္မေန ေရွ႕ထြက္ၿပီးေတာ့ အတူဝိုင္းလံုးပမ္းေပးၾကဖို႔ တာဝန္ကိုရွိပါတယ္။ ဒီအတြက္ က်ေနာ္တို႔ ဝိုင္းၿပီးေတာ့ ႀကိဳးစားေပးေနတာပါ။ တျခားႏိုင္ငံေတြကလည္း ဝိုင္းကူညီအားေပးလာဖို႔ တြန္းအားေပးေနတာပါ။”

တကယ္ေတာ့ ကုလအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကလည္း ဒီပဲယင္းက လက္ယက္ ကုန္းရြာမွာ ေက်ာင္းတြင္း ကေလးငယ္ေတြ ပစ္သတ္ခံရမႈအတြက္ အဂၤါေန႔ကပဲ ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့အၿပီးမွာ အခုလို အေမရိကန္ဘက္ကလုပ္ေဆာင္မႈေတြ ဆက္ျဖစ္လာတာပါ ခင္ဗ်ာ။
#DerekChollet #NikeChing #NUG #စစ္ေကာင္စီ #ေရြးေကာက္ပြဲ #ျမန္မာ့အေရး

==============

[[Unicode]]

စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲ အမေရိကန် ထောက်ခံမှာမဟုတ်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ပို ဆိုးလာတာမို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မိတ်ဖက်နိုင်ငံတွေနဲ့အတူလက်တွဲပြီး စစ်ကောင်စီကို နည်းလမ်းပေါင်းစုံ ဖိအားပေးနိုင်ဖို့ အားစိုက် လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က ဗွီအိုအေကို ပြောပါတယ်။ NUG အမျိုးသား ညီညွှတ်ရေးအစိုးရအပြင် EAO တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ သူ ဒီရက်ပိုင်း တွေ့ဆုံပြီး မြန်မာအရေးဆွေးနွေးခဲ့သလို စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံမှာမဟုတ်ကြောင်းနဲ့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာ ဆက်လက် ကိုယ်စားပြုဖို့ထောက်ခံတယ်လို့လည်း ပြောပါတယ်။ Derek Chollet ကို ဗွီအိုအေ သတင်းထောက် Nike Ching က သီးသန့် မေးမြန်းချိန် ပြောဆိုခဲ့တာတွေကိုတော့ ကိုဝင်းမင်းက အပြည့်စုံ တင်ပြပေးထားပါတယ်။

အမေရိကန်သမ္မတ Joe Biden အနေနဲ့ ကုလညီလာခံမှာ မြန်မာ့လူ့အခွင့်အရးဆိုးဝါးနေမှုကို ဗုဒ္ဓဟူးနေ့က ထည့်ပြောခဲ့အပြီး တရက်တည်းမှာပဲ မြန်မာအတိုက်အခံခေါင်းဆောင်တွေနဲ့ တွေ့ခဲ့တဲ့ အမေရိကန် နိုင်ငံခြားရေး အတိုင်ပင်ခံ Chollet က မြန်မာနိုင်ငံထဲ ဆိုးဝါးလာတဲ့အခြေအနေအပေါ် အခုလို ပြောပြပါတယ်။

“နောက်ထပ်ဖိအားတွေပေးဖို့ မဖြစ်မနေလိုအပ်နေတာ ကျနော်တို့ ယုံကြည်ထားကြောင်း မိတ်ဖက်နိုင်ငံတွေကို အတော်လေးရှင်းအောင် မနေ့က ပြောပြခဲ့ပါတယ်။ ဒါက ကျနော်တို့ တနိုင်ငံတည်းက သုံးသပ်ယုံကြည်ထားတာ မဟုတ်ဘူးဆိုတာကိုလည်း တခြား မိတ်ဖက်တွေဆီက ကြားထားတာတွေအရ သိရပါတယ်။ ဒါကြောင့်လည်း အခုလို ဖိအားပိုပေးဖို့ နည်းလမ်းပေါင်းစုံကို အားစိုက်ပြီးတော့ ရှာဖွေနေပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည်သူတွေအပေါ် မြန်မာစစ်အုပ်စု လုပ်ရပ်တွေက ပိုပိုဆိုးလာနေလို့ပါ။”

ဒီအတွက် အမေရိကန်အနေနဲ့ ရှေ့ဆက်လုပ်သွားမှာကိုလည်း အတိုင်ပင်ခံ Chollet က ဆက်ပြောပြပါတယ်။

“မြန်မာကိစ္စမှာ လေးနက်တဲ့ ထဲထဲဝင်ဝင်လုပ်ဆောင်မှုနိုင်တချို့ ရလာအောင် အရေးပါတဲ့ နိုင်ငံ အများကြီးနဲ့ သိသိသာသာတွဲလုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ထားပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာပြည်သူတွေအပေါ် စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေပိုဆိုးလာတာအတွက် ကျနော်တို့ အတော့်ကို စိတ်ပျက်လာနေလို့ပါ။ နောက်ဆုံး အထူးသဖြင့်တော့ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာကိုပဲ ကျောင်းက ကလေးတွေကို ရက်ရက်စက်စက် သတ်ဖြတ်မှုအထိဖြစ်ခဲ့ပါတယ်၊ ဒါကို ကျနော်တို့ ပြင်းထန်စွာ ရှုတ်ချထားပါတယ်။”

ဒါ့အပြင် ဒီတခေါက် ကုလညီလာခံမှာ အမေရိကန်အနေနဲ့ NUG နဲ့ EAO အပါအဝင် ထူးထူးခြားခြား တွေ့ဆုံခဲ့တာတွေကိုလည်း Mr. Chollet ကအခုလို ပြောပါတယ်။

“ကျနော်တို့ မနေ့က ဆွေးနွေးပွဲ ၂ ခု လုပ်ခဲ့ပါတယ်။ တခုက NUG နဲ့ အင်တာနက်ကတဆင့်တက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဒီမိုကရေစီထောက်ခံ လှုပ်ရှားတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးတာပါ၊ နောက် တခုကတော့ အခု ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံထဲ ဖြစ်ပျက်နေတာတွေအပေါ်မှာ စိတ်ဝင်စားတဲ့ အရေးပါတဲ့ နိုင် ငံတွေနဲ့ ရှေ့ဆက် ဘယ်လိုလုပ်သင့်တယ်ဆိုတာကို ဆွေးနွေးခဲ့တာပါ။ အခုလို မြန်မာအတိုက် အခံအဖွဲ့တွေနဲ့တွေ့ခဲ့တာက အလွန်ကို တိုးတက်မှုရှိပြီးတော့ အလုပ်ဖြစ်ပါတယ်။ ဒီပွဲက NUG ရော EAO တိုင်းရင်းသားတပ်တွေပါ တခါတည်းပါတဲ့ ပထမဆုံးဆွေးနွေးပွဲမျိုး တခု ဖြစ်မယ်ထင်ပါတယ်။”

တချိန်တည်းမှာ အခု ကုလသမဂ္ဂရောက် အရေးပါတဲ့ နိုင်ငံများစွာနဲ့တွေ့ချိန် စစ်ကောင်စီရွေးကောက်ပွဲအပေါ် ပြောဖြစ်ခဲ့တာကိုလည်း Mr. Chollet ကပဲအခုလို ပြောပါတယ်။

“ရွေးကောက်ပွဲက လွတ်လပ်မျှတဖို့ အခွင့်အလမ်းမရှိဘူးဆိုတာကို တွေ့ခဲ့တဲ့နိုင်ငံတွေကို ကျနော် ရှင်းရှင်းလေး ပြောခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာစစ်အုပ်စုအနေနဲ့ ရွေးကောက်ပွဲလုပ် ဖို့ သင့်တော်မဲ့ အခြေအနေ ဖန်တီးပေးမဲ့အစား အားလုံးသိကြတဲ့အတိုင်းပဲ၊ နိုင်ငံရေးအကျဉ်းသားတွေကို သေဒဏ်စီရင်ပစ်တယ်။ နိုင်ငံရေးသမားတွေကို ဖမ်းတယ်၊ ထောင်ချတယ်၊ တရားဝင် အတိုက်အခံတွေကို ထွက်ပြေးအောင်လုပ်တယ်လေ။ အဲ့ဒီတော့ ဒီစစ်အုပ်စုအနေနဲ့ နိုင်ငံထဲက ပဋိပက္ခတွေ အနှံ့အပြားဖြစ်လာနေချိန်မှာ တကယ့်ကို တိုင်းပြည် တဝက်ခန့်ကိုပဲ ထိန်းချုပ်ထားနိုင်တဲ့ အနေအထားမျိုးနဲ့ ဒီရွေးကောက်ပွဲတွေ ကျင်းပပေးနိုင်ပါ့မလားဆိုတာကလည်း တကယ့်ကို မေးခွန်းထုတ်စရာပါ။”

ဒါ့အပြင် ကုလသမဂ္ဂမှာ မြန်မာကိုယ်စားလှယ်နေရာကိစ္စအပေါ် မေးမြန်းရာမှာလည်း အတိုင်ပင်ခံ Chollet က ပဲ -

“သူ့အနေနဲ့ NUG နဲ့ ဦးကျော်မိုးထွန်းအနေနဲ့ ဒီ ကုလ နေရာကနေပြီးတော့ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေကို ကိုယ်စားပြုခွင့် ရထားပြီးသားပါ။ ဆိုလိုတာက အသိအမှတ်ပြုထားတဲ့ ကုလထိုင်ခုံကို သူ ရနေပြီးသားပါ။ ဒီအတွက် ကျနော်တို့ ထောက်ခံပါတယ်။”

တချိန်တည်းမှာ မြန်မာကိစ္စ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ ရုရှားပိတ်ဆို့မှုကြောင့် အခက်အခဲရှိနေပေမယ့် ဒီ လုံခြုံရေးကောင်စီ ပြုပြင်ပြောင်းလဲရေးတွေအပါအဝင် ရှေ့ဆက်လုပ်သွားမှာကိုလည်း Chollet က ဆက်ပြီးအခုလို ပြောပါတယ်။

“မြန်မာ အကြပ်အတည်းမှာ အာဆီယံရဲ့ ဗဟိုချက်ကျအရေးပါမှုနဲ့ ခေါင်းဆောင်မှုကဏ္ဍကို ကျနော်တို့ဘက်က ထောက်ခံအားပေးနေတာက အာဆီယံအတွက် အရေးပါပါတယ်။ ဒါပေမယ့် ဒီအကြပ်အတည်းကို အာဆီယံတခုတည်း လုံးပမ်းရတာမျိုးတော့ မဖြစ်သင့်ပါဘူး။ တခြားနိုင် ငံတွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးအနေနဲ့ မဖြစ်မနေ ရှေ့ထွက်ပြီးတော့ အတူဝိုင်းလုံးပမ်းပေးကြဖို့ တာဝန်ကိုရှိပါတယ်။ ဒီအတွက် ကျနော်တို့ ဝိုင်းပြီးတော့ ကြိုးစားပေးနေတာပါ။ တခြားနိုင်ငံတွေကလည်း ဝိုင်းကူညီအားပေးလာဖို့ တွန်းအားပေးနေတာပါ။”

တကယ်တော့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ဒီပဲယင်းက လက်ယက် ကုန်းရွာမှာ ကျောင်းတွင်း ကလေးငယ်တွေ ပစ်သတ်ခံရမှုအတွက် အင်္ဂါနေ့ကပဲ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့အပြီးမှာ အခုလို အမေရိကန်ဘက်ကလုပ်ဆောင်မှုတွေ ဆက်ဖြစ်လာတာပါ ခင်ဗျာ။
#DerekChollet #NikeChing #NUG #စစ်ကောင်စီ #ရွေးကောက်ပွဲ #မြန်မာ့အရေး

==============

XS
SM
MD
LG