သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ဘုန္းေတာ္ႀကီး Desmond Tutu ႏုိင္ငံေတာ္စ်ာပန က်င္းပ


ဘုန္းေတာ္ႀကီး Desmond Tutu ဈာပနအခမ္းအနား။ (ဒီဇင္ဘာ ၃၁၊ ၂၀၂၁)

(Zawgyi)

အသားေရာင္ခြဲျခားမႈ တိုက္ဖ်က္ေရးကို စြမ္းစြမ္းတမံ ေဆာင္ရြက္ခဲ့တဲ့ ကြယ္လြန္သူ ဘုန္းေတာ္ႀကီး Desmond Tutu ဟာ ကိုယ္က်င့္သိကၡာမွာ စံထားထိုက္တဲ့ပုဂၢိဳလ္ ျဖစ္သလို ႏိုင္ငံအတြက္လည္း စံနမူနာျဖစ္ေၾကာင္း ေတာင္အာဖရိကသမၼတ Cyril Ramaphosa က စေနေန႔မွာ ျပဳလုပ္တဲ့ ႏိုင္ငံေတာ္စ်ာပန အခမ္းအနားမွာ ေျပာၾကားခဲ့ပါတယ္။

"ဘုန္းေတာ္ႀကီး Desmond Tutu ဟာ လြတ္လပ္မႈ၊ တရားမွ်တမႈနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ႐ုန္းကန္လႈပ္ရွားခဲ့သူ တဦးျဖစ္ၿပီး သူဟာ သူ႔ဇာတိ ေတာင္အာဖရိကႏိ္ုင္ငံအတြက္တင္ မကဘဲ ကမၻာတလႊားအတြက္ပါ လုပ္ေဆာင္ခဲ့သူျဖစ္ေၾကာင္း” သမၼတ Ramaphosa က Cape Town ၿမိဳ႕ St George's Cathedral ဘုရားေက်ာင္းမွာ ျပဳလုပ္တဲ့ စ်ာပနအခမ္းအနားမွာ ေျပာသြားတာပါ။

ဒီဘုရားေက်ာင္းမွာ ဘုန္းေတာ္ႀကီး Tutu က လူမ်ိဳးေရးခြဲျခားမႈ မရွိေစေရးအတြက္ ႏွစ္ေပါင္းမ်ားစြာ ေဟာၾကားခဲ့တာ ျဖစ္ပါတယ္။ စ်ာပနအခမ္းအနားမွာပဲ သမၼတက Tutu ရဲ႕ ဇနီးျဖစ္သူ Nomalizo Leah ကို ႏိုင္ငံေတာ္အလံ ေပးအပ္ခဲ့ပါတယ္။

ဘုန္းေတာ္ႀကီး Tutu ရဲ႕ က်န္ရစ္တဲ့ ႐ုပ္အေလာင္းကို မီးသၿဂႋဳဟ္မွာျဖစ္ၿပီး ျပာအိုးကိုေတာ့ ဘုရားေက်ာင္းမွာပဲ ျမႇဳပ္ႏွံမွာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က ကြယ္လြန္ခဲ့တဲ့ သက္ေတာ္ ၉၀ အရြယ္ ဘုန္းေတာ္ႀကီး Tutu ဟာ သူ႔ရဲ႕ လူျဖဴအုပ္စိုးမႈ အၾကမ္းမဖက္ ဆန္႔က်င္တာအတြက္ ၁၉၈၄ ခုႏွစ္တုန္းက ၿငိမ္းခ်မ္းေရးႏိုဘယ္လ္ဆု ရခဲ့တာ ျဖစ္ပါတယ္။

ျမန္မာ့ဒီမိုကေရစီေရး လႈပ္ရွားမႈေတြကို ႏွစ္ေပါင္းမ်ားစြာ အားေပးေထာက္ခံခဲ့သူ ကြယ္လြန္သူ ဘုန္းေတာ္ႀကီး Tutu ဟာ လက္ရွိ ဖမ္းဆီးထိန္းသိမ္းခံေနရတဲ့ ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔လည္း ပုဂၢိဳလ္ေရးအရ ရင္းႏွီးသူျဖစ္ၿပီး ၂၀၁၃ ခုႏွစ္က ျမန္မာႏိုင္ငံကို သြားေရာက္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

(Unicode)

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး Desmond Tutu နိုင်ငံတော်ဈာပန ကျင်းပ

အသားရောင်ခွဲခြားမှု တိုက်ဖျက်ရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ကွယ်လွန်သူ ဘုန်းတော်ကြီး Desmond Tutu ဟာ ကိုယ်ကျင့်သိက္ခာမှာ စံထားထိုက်တဲ့ပုဂ္ဂိုလ် ဖြစ်သလို နိုင်ငံအတွက်လည်း စံနမူနာဖြစ်ကြောင်း တောင်အာဖရိကသမ္မတ Cyril Ramaphosa က စနေနေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်ဈာပန အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

"ဘုန်းတော်ကြီး Desmond Tutu ဟာ လွတ်လပ်မှု၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးအတွက် ရုန်းကန်လှုပ်ရှားခဲ့သူ တဦးဖြစ်ပြီး သူဟာ သူ့ဇာတိ တောင်အာဖရိကနိုင်ငံအတွက်တင် မကဘဲ ကမ္ဘာတလွှားအတွက်ပါ လုပ်ဆောင်ခဲ့သူဖြစ်ကြောင်း" သမ္မတ Ramaphosa က Cape Town မြို့ St George's Cathedral ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဈာပနအခမ်းအနားမှာ ပြောသွားတာပါ။

ဒီဘုရားကျောင်းမှာ ဘုန်းတော်ကြီး Tutu က လူမျိုးရေးခွဲခြားမှု မရှိစေရေးအတွက် နှစ်ပေါင်းများစွာ ဟောကြားခဲ့တာ ဖြစ်ပါတယ်။ ဈာပနအခမ်းအနားမှာပဲ သမ္မတက Tutu ရဲ့ ဇနီးဖြစ်သူ Nomalizo Leah ကို နိုင်ငံတော်အလံ ပေးအပ်ခဲ့ပါတယ်။

ဘုန်းတော်ကြီး Tutu ရဲ့ ကျန်ရစ်တဲ့ ရုပ်အလောင်းကို မီးသင်္ဂြိုဟ်မှာဖြစ်ပြီး ပြာအိုးကိုတော့ ဘုရားကျောင်းမှာပဲ မြှုပ်နှံမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့တဲ့ သက်တော် ၉၀ အရွယ် ဘုန်းတော်ကြီး Tutu ဟာ သူ့ရဲ့ လူဖြူအုပ်စိုးမှု အကြမ်းမဖက် ဆန့်ကျင်တာအတွက် ၁၉၈၄ ခုနှစ်တုန်းက ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှစ်ပေါင်းများစွာ အားပေးထောက်ခံခဲ့သူ ကွယ်လွန်သူ ဘုန်းတော်ကြီး Tutu ဟာ လက်ရှိ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံကို သွားရောက်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG