(Zawgyi / Unicode)
နယ္သာလန္ႏုိင္္ငံ၊ The Hague ၿမိဳ႕လယ္ေကာင္မွာ ေသာၾကာေန႔က ဓားနဲ႔လိုက္ထိုးခဲ့သူလို႔ သံသယရွိတဲ့ အသက္ ၃၅ ႏွစ္အရြယ္ အမ်ဳိးသားကို ရဲတပ္ဖြဲ႔က စေနေန႔မွာ ဖမ္းမိလိုက္ပါၿပီ။ အဲဒီတိုက္ခိုက္မႈအတြင္း လူငယ္သံုးဦး ဒဏ္ရာရပါတယ္။
လိပ္စာတိတိက်က်မရွိတဲ့ အဲဒီသံသယရွိသူကို စစ္ေဆးေမးျမန္းဖို႔ ရဲစခန္းကို ေခၚသြားတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာပါတယ္။
ဒဏ္ရာရသူေတြျဖစ္ၾကတ့ဲ အသက္ ၁၅ ႏွစ္အရြယ္ ကေလးမေလးႏွစ္ေယာက္နဲ႔ အသက္ ၁၃ ႏွစ္အရြယ္ လူငယ္ေလးတို႔ကိုေတာ့ ေသာၾကာေန႔ေႏွာင္းပိုင္းမွာ ေဆး႐ံုက ဆင္းခြင့္ျပဳခဲ့ၿပီး ျဖစ္ပါတယ္။
ကေလးမေလးေတြဟာ လမ္းေပၚကေနၿပီး အနားက စတိုးဆိုင္ထဲကို ေအာ္ၿပီး ေျပးဝင္သြားၾကတယ္လုိ႔ မ်က္ျမင္ႏွစ္ဦးကို ကိုးကားၿပီး အမ်ားျပည္သူဝန္ေဆာင္မႈ ႐ုပ္သံလႊင့္ဌာန NOS က ေျပာပါတယ္။
တိုက္ခိုက္သူအမ်ဳိးသားဟာ ၿမိဳ႕လယ္ေကာင္က ကုန္တိုက္တခုမွာ ဓားနဲ႔ထိုးၿပီးတဲ့ေနာက္ ထြက္ေျပးသြားတာေၾကာင့္ ရဲတပ္ဖြဲ႔က ရဟတ္ယာဥ္ေတြကိုပါသံုးၿပီး အျပင္းအထန္ ရွာေဖြခဲ့ၾကတာပါ။
တိုက္ခိုက္မႈျဖစ္တဲ့ေနရာဟာ နယ္သာလန္အစိုးရ ႐ံုးစိုက္ရာ လႊတ္ေတာ္အေဆာက္အဦနဲ႔ သိပ္မေဝးလွသလို The Hague ၿမိဳ႕ဟာ ႏိုင္ငံတကာ အဖြဲ႔အစည္းေတြနဲ႔ တရား႐ံုးေတြ ႐ံုးစိုက္တဲ့ေနရာလည္း ျဖစ္ပါတယ္။
အခင္းျဖစ္ၿပီးတဲ့ေနာက္ ေဆးဘက္ဝန္ထမ္းေတြက ဒဏ္ရာရသူေတြကို ကုသေပးၿပီး ရဲတပ္ဖြဲ႔က သဲလြန္စေတြ လိုက္ရွာေနတဲ့အတြက္ အဲဒီေနရာကို နာရီအေတာ္ၾကာ ပိတ္ထားခဲ့ပါတယ္။
နယ္သာလန္ႏိုင္ငံမွာ အၾကမ္းဖက္ဝါဒစြဲ တိုက္ခိုက္မႈေတြနဲ႔ တိုက္ခိုက္ဖို႔ ႀကံစည္တာေတြ ျဖစ္ခဲ့ဖူးေပမယ့္ တျခား ဥေရာပႏုိင္္ငံေတြမွာျဖစ္သေလာက္ အတုိင္းအတာ ပမာဏမ်ဳိးေလာက္ေတာ့ ခုခ်ိန္ထိ မျဖစ္ဖူးေသးပါဘူး။
-------------------------------------
(Unicode)
နယ်သာလန် ဓားထိုးတိုက်ခိုက်မှု သံသယရှိသူ ဖမ်းမိပြီ
နယ်သာလန်နိုင်ငံ၊ The Hague မြို့လယ်ကောင်မှာ သောကြာနေ့က ဓားနဲ့လိုက်ထိုးခဲ့သူလို့ သံသယရှိတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က စနေနေ့မှာ ဖမ်းမိလိုက်ပါပြီ။ အဲဒီတိုက်ခိုက်မှုအတွင်း လူငယ်သုံးဦး ဒဏ်ရာရပါတယ်။
လိပ်စာတိတိကျကျမရှိတဲ့ အဲဒီသံသယရှိသူကို စစ်ဆေးမေးမြန်းဖို့ ရဲစခန်းကို ခေါ်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒဏ်ရာရသူတွေဖြစ်ကြတဲ့ အသက် ၁၅ နှစ်အရွယ် ကလေးမလေးနှစ်ယောက်နဲ့ အသက် ၁၃ နှစ်အရွယ် လူငယ်လေးတို့ကိုတော့ သောကြာနေ့နှောင်းပိုင်းမှာ ဆေးရုံက ဆင်းခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။
ကလေးမလေးတွေဟာ လမ်းပေါ်ကနေပြီး အနားက စတိုးဆိုင်ထဲကို အော်ပြီး ပြေးဝင်သွားကြတယ်လို့ မျက်မြင်နှစ်ဦးကို ကိုးကားပြီး အများပြည်သူဝန်ဆောင်မှု ရုပ်သံလွှင့်ဌာန NOS က ပြောပါတယ်။
တိုက်ခိုက်သူအမျိုးသားဟာ မြို့လယ်ကောင်က ကုန်တိုက်တခုမှာ ဓားနဲ့ထိုးပြီးတဲ့နောက် ထွက်ပြေးသွားတာကြောင့် ရဲတပ်ဖွဲ့က ရဟတ်ယာဉ်တွေကိုပါသုံးပြီး အပြင်းအထန် ရှာဖွေခဲ့ကြတာပါ။
တိုက်ခိုက်မှုဖြစ်တဲ့နေရာဟာ နယ်သာလန်အစိုးရ ရုံးစိုက်ရာ လွှတ်တော်အဆောက်အဦနဲ့ သိပ်မဝေးလှသလို The Hague မြို့ဟာ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ တရားရုံးတွေ ရုံးစိုက်တဲ့နေရာလည်း ဖြစ်ပါတယ်။
အခင်းဖြစ်ပြီးတဲ့နောက် ဆေးဘက်ဝန်ထမ်းတွေက ဒဏ်ရာရသူတွေကို ကုသပေးပြီး ရဲတပ်ဖွဲ့က သဲလွန်စတွေ လိုက်ရှာနေတဲ့အတွက် အဲဒီနေရာကို နာရီအတော်ကြာ ပိတ်ထားခဲ့ပါတယ်။
နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေနဲ့ တိုက်ခိုက်ဖို့ ကြံစည်တာတွေ ဖြစ်ခဲ့ဖူးပေမယ့် တခြား ဥရောပနိုင်ငံတွေမှာဖြစ်သလောက် အတိုင်းအတာ ပမာဏမျိုးလောက်တော့ ခုချိန်ထိ မဖြစ်ဖူးသေးပါဘူး။