သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တင္းနစ္ အေက်ာ္အေမာ္ Djokovic ဩစေၾတးလ် ျပည္ဝင္ခြင့္ ဥပေဒေၾကာင္းအရ ေခ်ပ


တင္းနစ္အေက်ာ္အေမာ္ Novak Djokovic. (ေဖေဖာ္ဝါရီ ၂၁၊ ၂၀၂၁)

(Zawgyi / Unicode)

ကမၻာ့တင္းနစ္အေက်ာ္အေမာ္ Novak Djokovic အေနနဲ႔ ၾသစေၾတးလ်ႏိုင္ငံအဝင္ ျပည္ဝင္ခြင့္ဗီဇာ ပယ္ဖ်က္ခံခဲ့ရတဲ့အေပၚ ဥပေဒေၾကာင္းအရ ျပန္ၿပီး ေခ်ပ တင္ျပခဲ့ပါတယ္။

Djokovic က ဒီဇင္ဘာလတုန္းက သူ ကိုဗစ္ျဖစ္ခဲ့တဲ့ ေထာက္ခံခ်က္ ရွိထားတာေၾကာင့္ ၾသစေၾတးလ်ရဲ႕ ကာကြယ္ေဆးထိုးလိုအပ္ခ်က္ ကင္းလြတ္ခြင့္ထဲ အက်ဳံးဝင္ေနပါတယ္လို႔ ဥပေဒေၾကာင္းအရ ျပန္ေခ်ပလိုက္တာပါ။

ကိုဗစ္ကာကြယ္ေရး အေထာက္အထား မျပည့္စုံဘူးဆိုၿပီး ဗီဇာအပယ္ခံရမႈေၾကာင့္ ဆားဘီးယားႏိုင္ငံသား Djokovic အေနနဲ႔ ဒီလကုန္က်င္းပမယ့္ Australia Open တင္းနစ္ၿပိဳင္ပြဲ မဝင္ႏိုင္ေတာ့မွာမို႔ စာမ်က္ႏွာ ၃၅ မ်က္ႏွာပါ အမူတြဲကို ဖက္ဒရယ္ ျပည္ေထာင္စုအဆင့္ တရား႐ုံးမွာ သူ႔ေရွ႕ေနအဖြဲ႔က ဒီေန႔ တင္သြင္းခဲ့တာပါ။

Australia Open မွာ သူ ၉ ႀကိမ္ ဗိုလ္စြဲခဲ့တဲ့ Djokovic ရဲ႕ အမႈကို လာမယ့္ တနလၤာေန႔မွာ ၾကားနာဖို႔ ရွိေနပါတယ္။

မဲလ္ဘုန္းၿမိဳ႕ကို ဗုဒၶဟူးေန႔ညက စေရာက္လာခဲ့တဲ့ ကမၻာ့နံပါတ္ ၁ တင္းနစ္ခ်န္ပီယံ Djokovic ကို လက္ရွိမွာ မဲလ္ဘုန္းၿမိဳ႕ရွိ လူဝင္မႈႀကီးၾကပ္ေရး ထိန္းသိမ္းေရးဟုိတယ္မွာ တေန႔ ၾကာသပေတးတည္းက ထိန္းသိမ္းထားခဲ့ပါတယ္။

ဒီအမႈထဲမွာ သူကိုဗစ္ျဖစ္ခဲ့တာက ၾသစေၾတးလ်ရဲ႕ ကာကြယ္ေဆး လိုအပ္ခ်က္ ကင္းလြတ္ခြင့္မွာ အက်ဳံးဝင္တယ္ဆိုတာကို ၾသစေၾတးလ် တင္းနစ္အဖြဲ႔ခ်ဳပ္ အႀကီးအကဲက ေထာက္ခံထားတဲ့ စာကိုပါ ထည့္သြင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

တင်းနစ် အကျော်အမော် Djokovic ဩစတြေးလျ ပြည်ဝင်ခွင့် ဥပဒေကြောင်းအရ ချေပ

ကမ္ဘာ့တင်းနစ်အကျော်အမော် Novak Djokovic အနေနဲ့ သြစတြေးလျနိုင်ငံအဝင် ပြည်ဝင်ခွင့်ဗီဇာ ပယ်ဖျက်ခံခဲ့ရတဲ့အပေါ် ဥပဒေကြောင်းအရ ပြန်ပြီး ချေပ တင်ပြခဲ့ပါတယ်။

Djokovic က ဒီဇင်ဘာလတုန်းက သူ ကိုဗစ်ဖြစ်ခဲ့တဲ့ ထောက်ခံချက် ရှိထားတာကြောင့် သြစတြေးလျရဲ့ ကာကွယ်ဆေးထိုးလိုအပ်ချက် ကင်းလွတ်ခွင့်ထဲ အကျုံးဝင်နေပါတယ်လို့ ဥပဒေကြောင်းအရ ပြန်ချေပလိုက်တာပါ။

ကိုဗစ်ကာကွယ်ရေး အထောက်အထား မပြည့်စုံဘူးဆိုပြီး ဗီဇာအပယ်ခံရမှုကြောင့် ဆားဘီးယားနိုင်ငံသား Djokovic အနေနဲ့ ဒီလကုန်ကျင်းပမယ့် Australia Open တင်းနစ်ပြိုင်ပွဲ မဝင်နိုင်တော့မှာမို့ စာမျက်နှာ ၃၅ မျက်နှာပါ အမူတွဲကို ဖက်ဒရယ် ပြည်ထောင်စုအဆင့် တရားရုံးမှာ သူ့ရှေ့နေအဖွဲ့က ဒီနေ့ တင်သွင်းခဲ့တာပါ။

Australia Open မှာ သူ ၉ ကြိမ် ဗိုလ်စွဲခဲ့တဲ့ Djokovic ရဲ့ အမှုကို လာမယ့် တနင်္လာနေ့မှာ ကြားနာဖို့ ရှိနေပါတယ်။

မဲလ်ဘုန်းမြို့ကို ဗုဒ္ဓဟူးနေ့ညက စရောက်လာခဲ့တဲ့ ကမ္ဘာ့နံပါတ် ၁ တင်းနစ်ချန်ပီယံ Djokovic ကို လက်ရှိမှာ မဲလ်ဘုန်းမြို့ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးဟိုတယ်မှာ တနေ့ ကြာသပတေးတည်းက ထိန်းသိမ်းထားခဲ့ပါတယ်။

ဒီအမှုထဲမှာ သူကိုဗစ်ဖြစ်ခဲ့တာက သြစတြေးလျရဲ့ ကာကွယ်ဆေး လိုအပ်ချက် ကင်းလွတ်ခွင့်မှာ အကျုံးဝင်တယ်ဆိုတာကို သြစတြေးလျ တင်းနစ်အဖွဲ့ချုပ် အကြီးအကဲက ထောက်ခံထားတဲ့ စာကိုပါ ထည့်သွင်းထားပါတယ်။

XS
SM
MD
LG