က်ဴးေက်ာ္လို႔သိၾကတဲ့ ရန္ကုန္ၿမိဳ႕က တရားဝင္မဟုတ္ဘဲ ေနထိုင္သူေတြဟာ လူ႔အဖြဲ႔အစည္းကေန ဖယ္ရွားခံထားရတာ အေတာ္ၾကာပါၿပီ။ အာဏာသိမ္းလိုက္ကတည္းက သူတို႔ထဲကအမ်ားစုဟာ အလုပ္မရွိၾကေတာ့သလို အိမ္ေတြကေနလည္း အတင္းအဓမၼ ဖယ္ရွားခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူတို႔ကေလးေတြကိုလည္း ပညာသင္ၾကားႏိုင္ဖို႔ ေက်ာင္းမပို႔ႏိုင္ၾကေတာ့ပါဘူး။ ကေလးေတြ ပညာမသင္ႏိုင္ၾကေတာ့တဲ့ အေျခအေနကို ဒို႔အသံအစီအစဥ္မွာ တင္ဆက္ထားပါတယ္။ ဒို႔အသံအစီအစဥ္ကိုေတာ့ အလႉရွင္ေတြက ပံ့ပိုးကူညီထားၿပီး Frontier Myanmar နဲ႔ Fondation Hirondelle တို႔က ပူးေပါင္းတင္ဆက္ထားတာ ျဖစ္ပါတယ္။
=== Unicode ===
ကျူးကျော်လို့သိကြတဲ့ ရန်ကုန်မြို့က တရားဝင်မဟုတ်ဘဲ နေထိုင်သူတွေဟာ လူ့အဖွဲ့အစည်းကနေ ဖယ်ရှားခံထားရတာ အတော်ကြာပါပြီ။ အာဏာသိမ်းလိုက်ကတည်းက သူတို့ထဲကအများစုဟာ အလုပ်မရှိကြတော့သလို အိမ်တွေကနေလည်း အတင်းအဓမ္မ ဖယ်ရှားခံခဲ့ရပါတယ်။ ဒါကြောင့် သူတို့ကလေးတွေကိုလည်း ပညာသင်ကြားနိုင်ဖို့ ကျောင်းမပို့နိုင်ကြတော့ပါဘူး။ ကလေးတွေ ပညာမသင်နိုင်ကြတော့တဲ့ အခြေအနေကို ဒို့အသံအစီအစဉ်မှာ တင်ဆက်ထားပါတယ်။ ဒို့အသံအစီအစဉ်ကိုတော့ အလှူရှင်တွေက ပံ့ပိုးကူညီထားပြီး Frontier Myanmar နဲ့ Fondation Hirondelle တို့က ပူးပေါင်းတင်ဆက်ထားတာ ဖြစ်ပါတယ်။