=== Unicode ====
စစ်အာဏာသိမ်းမှုနောက်ပိုင်း ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုပြင်းထန်လာတဲ့ တနင်္သာရီတိုင်းအတွင်းက ပဋိပက္ခဒေသတွေမှာ စစ်ကောင်စီရဲ့ ဖြတ်လေးဖြတ်မူကြောင့် ဆက်သွယ်သွားလာမှုတွေ၊ ကုန်စည်နဲ့ ဆေးဝါးအကူအညီတွေရဖို့ ခက်ခဲလာတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။ Frontier Myanmar ဝိုင်းတော်သားတွေ ဒီတပတ် ဒို့အသံအစီအစဉ်မှာ အပြည့်စုံနားဆင်နိုင်ပါတယ်။