=== Unicode ====
မြန်မာနိုင်ငံမှာ လူငယ်တွေ သံသယနဲ့ ဖမ်းဆီးခံရတာ၊ ရိုက်နှက်နှိပ်စက် ထောင်ချခံရတာတွေဟာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း သိသိသာသာ ပိုဆိုးလာတယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ကိုယ်တိုင် ကြုံတွေ့ရတဲ့ လူငယ်တချို့က ပြောပါတယ်။ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့ပြီ စိုးရိမ်ထိတ်လန့်စရာ အခြေအနေတွေကို ဒီကနေ့ လူငယ်တွေ အတော်များများ ကြုံနေရတဲ့အကြောင်း ဒီတပတ် ဒို့အသံအစီအစဉ်မှာ Frontier အဖွဲ့သားတွေက တင်ဆက်ထားပါတယ်။