သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဈေးခုန်တက်မှုကြောင့် ရန်ကုန်မှာ ဒေါ်လာရောင်းသူမရှိ


သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တို့ကို စီးပွားကူးသန်း ဝန်ကြီးဌာနက ခေါ်ယူတွေ့ဆုံတဲ့ တနလာၤနေ့မှာပဲ အမေရိကန်ဒေါ်လာ ငွေလဲနှုန်း သိသိသာသာ ထပ်ပြီး တက်သွားတာကြောင့် ဈေးကွက်အတွင်း ရောင်းသူမရှိ ဖြစ်သွားခဲ့ပါတယ်။ သွင်းကုန်သမားတွေကို အစိုးရက လျှော့ဈေးနဲ့ ဒေါ်လာရောင်းချမှုကို ရပ်ဆိုင်းဖို့နဲ့ ပို့ကုန်သမားတွေရဲ့ ဒေါ်လာဝင်ငွေကိုလည်း တရားဝင် စစ်ဆေးတော့မှာကြောင့် အမေရိကန် ဒေါ်လာငွေဈေး မတည်မငြိမ် ထပ် ဖြစ်လာမယ့်အရေး စိုးရိမ်နေကြပါတယ်။ မသိင်္ဂီထိုက်က စုစည်းတင်ပြထားပါတယ်။

သွင်းကုန်ထုတ်ကုန် လုပ်ငန်းရှင်တို့နဲ့ ဗဟိုဘဏ် အပါအဝင် အစိုးရတာဝန်ရှိသူတို့ တွေ့ဆုံဆွေးနွေးအပြီး အစိုးရက ပေါက်ဈေးထက် လျှော့ပြီး ဒေါ်လာရောင်းချမှုကို ရပ်ဆိုင်းဖွယ်ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် တနလာၤနေ့မှာပဲ မြန်မာဈေးကွက်အတွင်းမှာ ဒေါ်လာဈေး ထပ်တက်သွားပြီး ရောင်းချသူ မရှိသလောက် ဖြစ်သွားခဲ့ရပါတယ်။ တနလာၤနေ့ စီးပွားကူးသန်း ဝန်ကြီးဌာန၊ ဗဟိုဘဏ်တို့နဲ့ သွင်းကုန် ထုတ်ကုန် လုပ်ငန်းရှင်တို့ကြားမှာလည်း ဒေါ်လာ ဈေးတက်လာတာကို အဖြေရှာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ပို့ကုန်လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

မူလက အခွန်ဆောင်ဖို့သာလိုအပ်ပြီး ပို့ကုန် ရငွေ ပြည်တွင်းပြန်လွှဲဖို့ မလိုအပ်တဲ့ ပို့ကုန်သမားတွေအနေနဲ့လည်း ပြည်တွင်းကို ပို့ကုန်ရငွေ ပြန်လည်လွှဲပြောင်းဖို့ တနလာၤနေ့ ဆွေးနွေးပွဲက ဆုံးဖြတ်ခဲ့ပါတယ်။ သွင်းကုန်လုပ်ငန်းရှင်တို့ကို အစိုးရက ဈေးကွက်ပေါက်ဈေးထက် လျှော့ချပြီး ဒေါ်လာ ထုတ်ရောင်းပေးခဲ့တာမှာ ဝယ်လိုအားများခဲ့ပြီး ဒေါ်လာဈေးကလည်း ဆက်ပြီး တက်နေတာကို ပြန်ပြီး စိစစ်တဲ့ အနေနဲ့ သွင်းကုန် လုပ်ငန်းရှင်တို့ဘက်က အစိုးရထံက ဝယ်ယူခဲ့တဲ့ငွေပမာဏအတိုင်း သွင်းကုန်သွင်းခဲ့သလားဆိုတာကို စစ်ဆေးတော့မှာ ဖြစ်တယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“ဒီနေ့က စီးပွားကူးသန်းက ခေါ်ပြီးအစည်းအဝေးလုပ်တယ်။ မနက်ပိုင်းမှာ သွင်းကုန်သမားတွေ၊ နေ့ခင်းပိုင်းမှာ ပို့ကုန်သမားတွေကိုခေါ်ပြီး အစည်းအဝေးလုပ်တာပေါ့နော်။ ကျနော်တို့အနေနဲ့ ဘာဖြစ်သွားလဲဆိုရင် ဒေါ်လာဈေးထပ်ပြီးတက်သွားတဲ့အပိုင်းက ဒါကြောင့်လည်းပါတာပေါ့။ ဒီနေ့ကတော့ နည်းနည်းလေးရှားသွားတာပေါ့။ ဈေးကနည်းနည်းလေးတက်တဲ့အခါကျတော့။ ဈေးလေးမတက်ဘဲငြိမ်နေမှပဲ ရောင်းတဲ့သူက ဆက်ရောင်းတာပေါ့နော်။ ဒီနေ့က ဝယ်လိုအားများပြီး ရောင်းအားနည်းသွားတဲ့အပိုင်းရှိတော့ ဝယ်ရတာခက်သွားတယ်။ Global ဈေးနှုန်းနဲ့ကွာတဲ့အခါကျတော့ ဘဏ်တွေက ဝယ်ရတာခက်သွားတာပေါ့။ …မရောင်းတဲ့အတွက်လည်း ပိုတက်သွားတာ။ အပြန်အလှန်တော့ဖြစ်သွားတာပေါ့။ ၁၂၈၀-၉၀ လောက်အထိ တက်တာပေါ့။”

မြန်မာ့ ငွေကြေးဈေးကွက်အတွင်း အမေရိကန် ဒေါ်လာငွေဈေး မတည်မငြိမ်ဖြစ်နေတာ လပေါင်းအတော်ကြာခဲ့ပြီဖြစ်ပေမယ့် ဈေးကွက် ပြန်လည်တည်ငြိမ်ဖို့ နောက်ထပ် အချိန်စောင့်ရဦးမှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် အငြိမ်းစားပါမောက္ခ ဦးကျော်မင်းထွန်းက ပြောပါတယ်။

မူလက အခွန်ဆောင်ဖို့သာ လိုအပ်ပြီး ပို့ကုန် ရငွေ ပြည်တွင်းပြန်လွှဲဖို့ မလိုအပ်တဲ့ ပို့ကုန်သမားတွေ အနေနဲ့လည်း ပြည်တွင်းကို ပို့ကုန် ရငွေ ပြန်လည်လွှဲပြောင်းဖို့ တနလာၤနေ့ ဆွေးနွေးပွဲက ဆုံးဖြတ်ခဲ့ပါတယ်။ သွင်းကုန် လုပ်ငန်းရှင်တို့ကို အစိုးရက ဈေးကွက် ပေါက်ဈေးထက် လျှော့ချပြီး ဒေါ်လာ ထုတ်ရောင်းပေးခဲ့တာမှာ ဝယ်လိုအား များခဲ့ပြီး ဒေါ်လာ ဈေးကလည်း ဆက်ပြီး တက်နေတာကို ပြန်ပြီး စိစစ်တဲ့ အနေနဲ့ သွင်းကုန် လုပ်ငန်းရှင်တို့ဘက်က အစိုးရထံက ဝယ်ယူခဲ့တဲ့ ငွေပမာဏ အတိုင်း သွင်းကုန် သွင်းခဲ့သလားဆိုတာကို စစ်ဆေးတော့မှာ ဖြစ်တယ်လို့လည်း ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

“အရင်တုန်းက ၁၁၀၀ ဈေးနဲ့ရောင်းပေးတယ်။ ဒါပေမယ့် ရောင်းပေးတဲ့အစီအစဉ်မှ သူတို့စိတ်ထဲမှာ တချို့လူတွေအနေနဲ့ မသမာမှုလုပ်တယ်လို့ ယူဆတာပေါ့နော်။ ဒေါ်လာကို တကယ်မသုံးဘဲနဲ့ တချို့ကျတော့ အရင်တုန်းက နိုင်ငံခြားဘဏ်တွေကနေ အကြွေးတွေရှိတယ်။ UOB ဘဏ်တို့ ၊ OCBC ကနေပြီးတော့ fate facility ပေါ့နော်၊ …စားအုန်းဆီ…အကြွေးတွေ ချခဲ့တာ။ အစိုးရက ၁၂၀၀ နဲ့ရောင်းပေးတဲ့အချိန်ကျ အကြွေးကို သူတို့က ဆပ်နေတာပေါ့နော်။ သူတို့က အဲဒီအစီအစဉ်ကို ပြန်ပြီးသုံးသပ်တဲ့သဘောလုပ်တာပေါ့။ တကယ် ပစ္စည်းမပြတဲ့လူတွေကို အရေးယူမယ့်အပိုင်းတွေ ပြနေတာမို့လို့ ငွေတောင် ပြန်ရှာပြီး ပြန်ထည့်ရမလိုဖြစ်နေတာ။ ပို့ကုန်ကကျတော့ အခုနက ကျနော်ပြောတဲ့အတိုင်း အရင်တုန်းက ပစ္စည်းရောင်းတဲ့နေရာမှာ ၂ % အခွန်ဆောင်ပြီးရင် ငွေနဲ့ပတ်သက်ပြီး ပြန်စစ်တာမရှိဘူးပေါ့။ ငွေဝင်လား၊ မဝင်လားပေ့ါ။ အခုကျတော့ အဲဒီဟာကို ပြန်စစ်ဖို့ ဗဟိုဘဏ်က စဉ်းစားတာ။”

မြန်မာ့ ငွေကြေး ဈေးကွက် အတွင်း အမေရိကန် ဒေါ်လာငွေဈေး မတည်မငြိမ်ဖြစ်နေတာ လပေါင်းအတော်ကြာခဲ့ပြီ ဖြစ်ပေမယ့် ဈေးကွက် ပြန်လည် တည်ငြိမ်ဖို့ နောက်ထပ် အချိန်စောင့်ရဦးမှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် အငြိမ်းစား ပါမောက္ခ ဦးကျော်မင်းထွန်းက ပြောပါတယ်။

“ဈေးကွက်ကတော့ ….ဒါပေမယ့် ကျနော်တို့ဈေးကွက်ကလည်း ဘာဈေးကွက်လဲဆိုတော့ ဒေါ်လာဈေးကွက်အနေနဲ့ကတော့ အဓိကကျတာပေါ့။ ဒေါ်လာဈေးကွက်ပေါ်မှာသွားပြီး သက်ရောက်တာကတော့ ပိုများမှာပေါ့။ အခုကျနော်ပြောသလို ဒေါ်လာဈေးကွက်မှာ ပိုလိုတာပေါ့။ ပိုလိုတဲ့အခါကျတော့ ရှိတဲ့လူကလည်း ထပ်ထပ်တော့ စုကြတာပဲ။ နောက် တလစာ၊ နှစ်လစာ၊ သုံးလစာ။ ဒေါ်လာသုံးတဲ့ကုမ္ပဏီတွေလည်း ဝယ်ကြနဲ့ စုကြနဲ့ - တဘက်ကကျတော့လည်း တခြား…ပေါ်မှာ ဆက်ပြီးတော့…အကုန်လုံးက စီးပွားရေးတွေက ဆက်သွားတာပဲ။ ကုန်ဈေးနှုန်းတွေလည်း ကြီးလာမယ်၊ အဲဒီကုန်ဈေးနှုန်းတွေပေါ်မှာလည်း သက်ရောက်မှုရှိလာမယ်။ နောက်တခါ လုပ်ခတွေအပေါ်မှာလည်း သက်ရောက်မှုရှိလာမယ်။ …အမျိုးမျိုး ရှိတာပေါ့။ လူထုဆီကလိုတဲ့ယုံကြည်မှုကတော့- မဖြစ်ပါဘူး- အဲလိုမျိုး။ အမှန်ဆို ဒေါ်လာဆိုတာ လူအများစုနဲ့ သိပ်ပြီးတော့ ပတ်သက်တာမဟုတ်ဘူးလေ။ အခုက အများစုက ဒီဒေါ်လာကြီးတက်သွားတာကိုပဲ ဗမာငွေ တန်ဖိုးကျသွားတယ်ဆိုတာပဲ အကုန်လုံး မျက်လုံးပြူး မျက်ဆံပြူးနဲ့ အော်ကြ၊ ဟစ်ကြ၊ ပြောကြ၊ ဆိုကြ၊ ရေးကြသားကြ- အကုန်လုံးက ပိုပိုပြီးတော့ ပြူးတူးပြဲတဲဖြစ်နေတာပေါ့ဗျာ။”

အမေရိကန် တဒေါ်လာကို မြန်မာငွေ ၈၀၀ ကျပ်ကျော်ကနေ ငွေလဲနှုန်း တရိပ်ရိပ်တက်လာပြီးနောက် လွတ်လပ်တဲ့ အဖွဲ့အစည်း ဖြစ်လာတဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ငွေလဲနှုန်း တည်ငြိမ်ရေးအတွက် ကြပ်မတ်လုပ်ဆောင်ခဲ့သလို ငွေလဲနှုန်းကိုလည်း ပြင်ပပေါက်ဈေး အတိုင်း မြှင့်တင် ပြောင်းလဲပေးခဲ့ပေမယ့် ငွေလဲနှုန်းကတော့ တရိပ်ရိပ်ထပ် တက်လာတဲ့ အနေအထားနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။ တနလာၤနေ့မှာတော့ ဗဟိုဘဏ်က တဒေါ်လာ ၁၂၃၀ ဈေးဖြတ်ခဲ့ပေမယ့် ပြင်ပဈေးကွက်မှာ အမေရိကန် တဒေါ်လာ ၁,၃၀၀ ကျပ်ထိ ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ရောင်းသူမရှိဖြစ်ခဲ့ပါတယ်။

XS
SM
MD
LG