သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာတွေ ဘက်လိုက်တယ်လို့ Donald Trump စွပ်စွဲ


သမ္မတလောင်း Donald Trump အောက်တိုဘာလ ၁၅ ရက်နေ့က New Hampshire ပြည်နယ်မှာ မဲဆွယ် စည်းရုံးနေစဉ်။
သမ္မတလောင်း Donald Trump အောက်တိုဘာလ ၁၅ ရက်နေ့က New Hampshire ပြည်နယ်မှာ မဲဆွယ် စည်းရုံးနေစဉ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဖက် ဒီမိုကရက်ပါတီ သမ္မတလောင်း Hillary Clinton အနိုင်ရအောင် သတင်း မီဒီယာတွေက ဝင်ရောက် စွက်ဖက်နေကြတယ်လို့ ရီပတ်ဘလီကန်သမ္မတလောင်း Donald Trump က စွပ်စွဲ ပြောကြားလိုက်ပါတယ်။ Trump အနေနဲ့ လက်မခံနိုင်လောက်တဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှု အများအပြားကို ငြင်းဆိုနေတဲ့ တချိန်ထဲမှာပဲ သူက အခုလို တန်ပြန် ပြောကြားလိုက်တာ ဖြစ်ပါတယ်။

သူ့အပေါ် စွပ်စွဲ ပြောဆိုနေသူတွေဟာ ဟန်ဆောင်ပြီး ပြောဆိုနေကြကြောင်း၊ သူတို့အနေနဲ့ သက်သေအထောက်အထား ဘာမှ မပြနိုင်ကြောင်း စနေနေ့က New Hampshire မြို့မှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးမှုအတွင်း Trump က ထောက်ခံ သူတွေကို ပြောကြားခဲ့ပါတယ်။

Hillary Clinton ကို တရားစွဲသင့်ကြောင်း၊ သူမအနေနဲ့ ထောင်ကျသင့်ကြောင်း၊ ဒါပေမယ့် သူမဟာ သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်နေပြီး ရွေးကောက်ပွဲ ကလည်း လုပ်ပွဲကြီး ဖြစ်ကြောင်း စနေနေ့ အစောပိုင်းမှာ Trump က Twitter လူမှုကွန်ယက်တဆင့် ပြောကြားလိုက်ပါတယ်။

Clinton နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ်က ကိုယ်ပိုင် အင်တာနက် Server အသုံးပြုခဲ့တဲ့အတွက် သူမကို ထောင်ချသင့်ကြောင်း Trump က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမယ့် Clinton အပေါ် တင်ထားတဲ့ စွဲချက်တွေဟာ မလျှော်ကန်ကြောင်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ FBI ညွန်ကြားရေးမှူး James Comey က ဇူလိုင်လတုန်းက ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG