သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သမ္မတဟောင်း Trump ပြော


Election 2024 Trump
Election 2024 Trump

သမ္မတဟောင်း Donald Trump က ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုအတွင်း မနေ့ စနေနေ့က ညာဘက်နားရွက် အပေါ်ပိုင်းကို သေနတ် ထိမှန်ခဲ့ပြီးတဲ့နောက် အခြေအနေကောင်းမွန်ကြောင်း လူမှုကွန်ယက်မှာ ရေးပါတယ်။ သူ့ကို လိုအပ်တဲ့ ဆေးကုသမှုပေးပြီးတဲ့နောက် စနေနေ့နှောင်းပိုင်းမှာဘဲ ဆေးရုံက ဆင်းခွင့်ပြုလိုက်ပါတယ်။

အခုလို ဖြစ်ရပ်မျိုး ဒီနိုင်ငံ(အမေရိကန်)မှာ ဖြစ်သွားခဲ့တာ အင်မတန် အံ့ဩစရာကောင်းကြောင်းလည်း သမ္မတဟောင်း Trump က ရေးပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ အလျှင်အမြန် ကိုင်တွယ်ဖြေရှင်းပေးခဲ့ကြတဲ့ Secret Service လို့ခေါ်တဲ့ သမ္မတနဲ့ ထိပ်တန်းနိုင်ငံအကြီးအကဲတွေရဲ့ အဆင့်မြင့် လုံခြုံရေးတပ်ဖွဲ့ကို တာဝန်ယူတွေကို ကျေးဇူးတင်ကြောင်းလည်း သမ္မတဟောင်း Trump က လူမှုကွန်ယက်မှာ ရေးပါတယ်။

သေနတ်သမားရဲ့ကျည် ထိမှန်ပြီး သေဆုံးသွားသူနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သူတွေရဲ့ မိသားစုဝင်တွေကို သူ့အနေနဲ့ ဝမ်းနည်းစကား ပြောကြားလိုကြောင်းလည်း သမ္မတဟောင်း Trump က လူမှုကွန်ယက်မှာ ရေးပါတယ်။

နဂိုကတည်းက အမေရိကန်နိုင်ငံတဝန်း မတူညီတဲ့ နိုင်ငံရေးအယူအဆတွေအပေါ် နှုတ်နဲ့အပြင်းအထန် ဝေဖန်ပြောဆိုမှုတွေ ရှိနေပြီးသား ဖြစ်တဲ့အတွက် ဒီဖြစ်ရပ်ကြောင့် အမေရိကန်နိုင်ငံရေးဟာ ပိုပြီးတင်းမာမှုတွေ ဖြစ်လာမယ့်အလားအလာ ရှိနေပါတယ်။

Forum

XS
SM
MD
LG