သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟက်ကာတွေ တိုက်ခိုက်ခံရကြောင်း သမ္မတဟောင်းထရမ့် စည်းရုံးရေးအဖွဲ့ သတင်းထုတ်ပြန်

Bozeman မြို့ Montana ပြည်နယ်မှာ သမ္မတဟောင်းထရမ့် စည်းရုံးရေးဆင်း၊ ထောက်ခံသူများ ကြိုဆို
Bozeman မြို့ Montana ပြည်နယ်မှာ သမ္မတဟောင်းထရမ့် စည်းရုံးရေးဆင်း၊ ထောက်ခံသူများ ကြိုဆို

လာမယ့် နိုဝင်ဘာ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်မယ့် အမေရိကန် သမ္မတဟောင်း Donald Trump ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ကို အင်တာနက် ဟက်ကာတွေ ဖောက်ထွင်းတိုက်ခိုက်တာခံခဲ့ရကြောင်း တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

တိုက်ခိုက်မှုဟာ အီရန်နိုင်ငံနဲ့ ဆက်နွယ်နေပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ခိုးယူသွားတယ်လို့လည်း ပြောပါတယ်။ ၂၀၂၄ အမေရိကန် သမ္မတရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းတွေကို ပြည်ပက စွက်ဖက်ဖို့ ကြိုးပမ်းမှုတွေ ရှိနေကြောင်း Microsoft ကုမ္ပဏီက အစီရင်ခံစာ ထုတ်ပြန်လိုက်ပြီး နောက်တရက်ဖြစ်တဲ့ စနေနေ့မှာ အခုလို ပြောလိုက်တာလည်း ဖြစ်ပါတယ်။

Microsoft ကုမ္ပဏီ အစီရင်ခံစာမှာတော့ အကြီးတန်း အကြံပေးအရာရှိဟောင်း တယောက်ရဲ့ ဖောက်ထွင်းခံခဲ့ရတဲ့ အီးမေးလ်ကနေ သမ္မတရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က အဆင့်မြင့်အရာရှိတယောက်ထံ အီရန်စစ်ထောက်လှမ်းရေးတွေက ဇွန်လထဲမှာ အီးမေးအတုတစောင် ပေးပို့ပြီး ဖောက်ထွင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြောင်း ဖော်ပြခဲ့တာပါ။

သမ္မတဟောင်းထရမ့် စည်းရုံးရေးအဖွဲ့ ပြောခွင့်ရ Steven Cheung ကတော့ အမေရိကန်အပေါ် ရန်လိုတဲ့ ပြည်ပက တိုက်ခိုက်မှုအဖြစ် ပြောဆိုလိုက်ပြီး၊ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရကလည်း ပြည်ပက စွက်ဖက်မှု သတင်းတွေနဲ့ ပတ်သက်လို့ အလွန်အမင်း အလေးအနက်ထား ကိုင်တွယ်မှာဖြစ်သလို၊ ဒီလိုလုပ်ရပ်တွေအတွက် ရှုတ်ချကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG