သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Donald Trump ဖလော်ရီဒါ နေအိမ် FBI ဝင်စီး


Trump Mar a Lago
Trump Mar a Lago

[[Zawgyi/Unicode]]

သမ္မတဟောင်း Donald Trump ပိုင်တဲ့ ဖလော်ရီဒါပြည်နယ် Palm Beach ကမ်းခြေက Mar-a-Largo ဇိမ်ခံ အပန်းဖြေနေအိမ်ကို ဖယ်ဒရယ်အစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို FBI က မနေ့ကညက ဝင်ရောက်စီးနင်း ရှာဖွေပါတယ်။

သူ့ရဲ့ လှပတဲ့နေအိမ် Palm Beach က Mar-A-Largo ဟာ လောလောဆယ် စီးနင်းသိမ်းပိုက်ခံထားရပါတယ်။ FBI အဖွဲ့ဝင် အများအပြား အုပ်စုလိုက် သိမ်းထားပါတယ်လို့ မနေ့ညနေက သမ္မတဟောင်း Trump က ကြေညာချက် အရှည်ကြီး ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာအစိုးရတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အတူတူ ဆောင်ရွက်ခဲ့ပြီးချိန်မှာ ဒီလို မကြေညာဘဲ အိမ်ကိုဝင်စီးတာက မလုပ်သင့်သလို မသင့်တော်ဘူးလို့ သမ္မတဟောင်း Trump က ကြေညာပါတယ်။

အိမ်ကိုဝင်ရှာတဲ့အခြေအနေကို ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ သတင်းတွေမှာ ရေးပါတယ်။ ဒါပေမယ့်လည်း သမ္မတဟောင်း Trump ၂၀၂၁ ခုနှစ် ဇန်နဝါရီလ အိမ်ဖြူတော်ကနေ ထွက်သွားတဲ့အချိန် ဖလော်ရီဒါ နေအိမ်ကို သယ်သွားခဲ့တဲ့ မှတ်တမ်းမှတ်ရာပုံးတွေနဲ့ထည့်ထားတဲ့ နိုင်ငံအတွက် လျှို့ဝှက် သိမ်းဆည်းထားရမယ့် အချက်အလက်တွေကို တရားရေးဌာနက အထူး ရှာဖွေ စစ်ဆေးနေပါတယ်။

တနင်္လာနေ့က နယူးယောက်မှာ ရောက်နေတဲ့ သမ္မတဟောင်း Trump က သူ့ အိမ်ကို ဘာကြောင့် ဝင်ရှာတယ်ဆိုတာ မပြောသလို FBI နဲ့ တရားရေးဌာနကလည်း Trump ရဲ့ ကြေညာချက်အပေါ် ချက်ခြင်းတစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။ ဒီနှစ်ဆန်းအတွင်းကပဲ အမေရိကန်အမျိုးသားမှတ်တမ်းမှတ်ရာ ထိန်းသိမ်းရေးဌာနက Donald Trump ရဲ့ Mar-a-Lago နေအိမ်မှာ လျှို့ဝှက်သိမ်းဆည်းရမယ့် မှတ်တမ်းတွေ ပုံး ၁၄ ပုံးနဲ့ ထည့်ထားတာတွေ့ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ အဲဒီနောက် ဒီအမှုကို တရားရေးဌာနကို လွှဲပြောင်းပေးခဲ့ပါတယ်။

သမ္မတဟောင်း Donald Trump အိမ် FBI ဝင်စီး.mp3
please wait

No media source currently available

0:00 0:01:40 0:00
တိုက်ရိုက် လင့်ခ်

===========

[[Unicode]]






XS
SM
MD
LG