သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာပဋိပကၡေျပလည္ေရး အာဆီယံနည္းလမ္း အေကာင္းဆုံးလို႔ ထိုင္း ဒုဝန္ႀကီးခ်ဳပ္ေျပာ


၇၇ ႀကိမ္ေျမာက္ ကုလအေထြေထြညီလာခံမွာ ထုိင္း ဒုတိယဝန္ႀကီးခ်ဳပ္န႔ဲ ႏုိင္ငံျခားေရးဝန္ႀကီး Don Pramudwinai မိန္႔ခြန္းေျပာစဥ္။( စက္တင္ဘာ ၂၄၊ ၂၀၂၂၂)

[[Zawgyi/Unicode]]

အာဆီယံ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအသင္းရဲ႕နည္းလမ္းနဲ႔ ေဆာင္႐ြက္ခ်က္ေတြဟာ ျမန္မာ့ႏိုင္ငံရဲ႕ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းေအာင္ အေကာင္းဆုံး အကူအညီေပးႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရး ဝန္ႀကီးလည္းျဖစ္တဲ့ Don Pramudwinai က ကုလသမဂၢအေထြေထြညီလာခံမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ ေသာၾကာေန႔က ေျပာဆိုသြားပါတယ္။

ထိုင္းႏိုင္ငံဟာ ျမန္မာႏိုင္ငံနဲ႔အနီးဆုံး အိမ္နီးခ်င္းႏိုင္ငံျဖစ္ၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးနဲ႔တည္ၿငိမ္ေရး အလ်င္အျမန္ျပန္ရဖို႔ဆိုတာ ထိုင္းႏိုင္ငံရဲ႕အက်ိဳးစီးပြားအတြက္ အင္မတန္အေရးႀကီးပါတယ္လို႔ ထိုင္းႏိုင္ငံျခားေရးဝန္ႀကီး Don Pramudwinai ေျပာဆိုသြားပါတယ္။ ျမန္မာႏိုင္ငံအတြင္း သက္ဆိုင္ရာအဖြဲ႔အစည္းအားလုံး တင္းမာမႈေတြ ေလွ်ာ့ခ်ၿပီး အၾကမ္းဖက္မႈေတြအဆုံးသတ္ေရး ခ်က္ျခင္းေဆာင္႐ြက္ဖို႔နဲ႔ ကြဲလြဲခ်က္ေတြကို ၿငိမ္းၿငိမ္းခ်မ္းခ်မ္း အေျဖရွာႏိုင္ေအာင္ ေဆြးေႏြးညႇိႏိႈင္းဖို႔လည္း တိုက္တြန္းေၾကာင္းလည္း ထိုင္းႏိုင္ငံျခားေရးဝန္ႀကီးက ေျပာသြားပါတယ္။

ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အာဆီယံရဲ႕အျပဳသေဘာေဆာင္တဲ့ အခန္းက႑ကို ထိုင္းႏိုင္ငံအေနနဲ႔ ေထာက္ခံသလို အာဆီယံအဖြဲ႕ႀကီး ႏွစ္ေပါင္းမ်ားစြာ ထိထိေရာက္ေရာက္ က်င့္သုံးခဲ့တဲ့ အႀကံေပးေဆြးေႏြးတာ၊ ပူးေပါင္းေဆာင္႐ြက္တာ၊ အဖြဲ႔ဝင္ေတြၾကား သေဘာတူညီခ်က္ရယူတာ စတဲ့နည္းလမ္းေတြနဲ႔ ျမန္မာႏိုင္ငံအတြက္ အေကာင္းဆုံးကူညီေပးႏိုင္တဲ့ေနရာမွာ ရွိတယ္လို႔ယုံၾကည္တဲ့အေၾကာင္းလည္း ထိုင္း ဒုတိယဝန္ႀကီးခ်ဳပ္လည္းျဖစ္၊ ႏိုင္ငံျခားေရးဝန္ႀကီးလည္းျဖစ္တဲ့ Don Pramudwinai က ေျပာခဲ့ပါတယ္။

Don Pramudwinai ဟာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ခုံ႐ုံးက ဝန္ႀကီးခ်ဳပ္သက္တမ္းကို စီစစ္ၿပီး တာဝန္ ဆိုင္းငံခံထားရတဲ့ Prayuth Chan-ocha အစား ကုလသမဂၢ အေထြေထြညီလာခံကို တက္ေရာက္သူျဖစ္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕အက်ပ္အတည္းေတြ ေျဖရွင္းေရး အာဆီယံႏိုင္ငံေတြခ်မွတ္ထားတဲ့ ဘုံသေဘာတူညီခ်က္နဲ႔ လုပ္ငန္းစဥ္ေတြ မထိေရာက္တဲ့အေၾကာင္း အဖြဲဝင္တႏိုင္ငံျဖစ္တဲ့ မေလးရွားႏိုင္ငံက ေဝဖန္ေထာက္ျပေနခ်ိန္မွာပဲ ထိုင္းႏိုင္ငံရဲ႕ သေဘာထားကို ကုလသမဂၢ အေထြေထြညီလာခံမွာ ေျပာသြားခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

============

[[Unicode]]

မြန်မာပဋိပက္ခပြေလည်ရေး အာဆီယံနည်းလမ်း အကောင်းဆုံးလို့ ထိုင်း ဒုဝန်ကြီးချုပ်ပြော


အာဆီယံ အရှေ့တောင်အာရှနိုင်ငံများအသင်းရဲ့နည်းလမ်းနဲ့ ဆောင်ရွက်ချက် တွေဟာ မြန်မာ့နိုင်ငံရဲ့ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အကောင်းဆုံး အကူအညီပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး ဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြီးခဲ့တဲ့ သီတင်းပတ် သောကြာနေ့က ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့အနီးဆုံး အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး အလျင်အမြန်ပြန်ရဖို့ဆိုတာ ထိုင်းနိုင်ငံရဲ့အကျိုးစီးပွားအတွက် အင်မတန်အရေးကြီးပါတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး တင်းမာမှုတွေ လျှော့ချပြီး အကြမ်းဖက်မှုတွေအဆုံးသတ်ရေး ချက်ခြင်းဆောင်ရွက်ဖို့နဲ့ ကွဲလွဲချက်တွေကို ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် ဆွေးနွေးညှိနှိုင်းဖို့လည်း တိုက်တွန်းကြောင်းလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံရဲ့အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကို ထိုင်းနိုင်ငံအနေနဲ့ ထောက်ခံသလို အာဆီယံအဖွဲ့ကြီး နှစ်ပေါင်းများစွာ ထိထိရောက်ရောက် ကျင့်သုံးခဲ့တဲ့ အကြံပေးဆွေးနွေးတာ၊ ပူးပေါင်းဆောင်ရွက်တာ၊ အဖွဲ့ဝင်တွေကြား သဘောတူညီချက်ရယူတာ စတဲ့နည်းလမ်းတွေနဲ့ မြန်မာနိုင်ငံအတွက် အကောင်းဆုံးကူညီပေးနိုင်တဲ့နေရာမှာ ရှိတယ်လို့ယုံကြည်တဲ့အကြောင်းလည်း ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai က ပြောခဲ့ပါတယ်။

Don Pramudwinai ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးက ဝန်ကြီးချုပ်သက်တမ်းကို စီစစ်ပြီး တာဝန် ဆိုင်းငံခံထားရတဲ့ Prayuth Chan-ocha အစား ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်သူဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့အကျပ်အတည်းတွေ ဖြေရှင်းရေး အာဆီယံနိုင်ငံတွေချမှတ်ထားတဲ့ ဘုံသဘောတူညီချက်နဲ့ လုပ်ငန်းစဉ်တွေ မထိရောက်တဲ့အကြောင်း အဖွဲဝင်တနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက ဝေဖန်ထောက်ပြနေချိန်မှာပဲ ထိုင်းနိုင်ငံရဲ့ သဘောထားကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG