သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံနိုင်ငံတချို့ အလွတ်သဘောဆွေးနွေး 


 ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၃ မှာ ထိုင်းနိုင်ငံက ကမကထပြုကျင်းပတဲ့မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင် (ယခင်မှတ်တမ်းဓာတ်ပုံ)
 ဒီနေ့ ဒီဇင်ဘာလ ၂၂ ရက်၊ ၂၀၂၃ မှာ ထိုင်းနိုင်ငံက ကမကထပြုကျင်းပတဲ့မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင် (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်အကောင်အထည်ဖော်နိုင်အောင် အာဆီယံဝန်ကြီးတချို့နဲ့ အလွတ်သဘော တိုင်ပင်ဆွေးနွေးပွဲတခု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးတိုင်ပင်ကြဖို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Don Pramudwinai ကစီစဉ်ခဲ့တာဖြစ်ပေမဲ့ အာဆီယံမှာ အရေးပါတဲ့စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေကတော့ မတက်ကြပါဘူး။

ကမ္ဘောဒီးယား နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကတော့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်၊ ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်လည်း ဖြစ်တဲ့ Prak Sokhonn ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်တဲ့အကြောင်း သတင်း ထုတ်ပြန်ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီး ဦးကံဇော်တို့တော့ ဒီအစည်းအဝေးကို တက်ရောက်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအကျပ်အတည်းကို ကူညီဖြေရှင်းဖို့ရည်ရွယ်တဲ့ အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီက လက်တွေ့အကောင်အထည်ဖော်ခြင်းမရှိတဲ့အပေါ် ဝေဖန်မှုတွေ ခံနေရချိန်မှာ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံကဦးဆောင်ပြီး ဒီအလွတ်သဘော ဆွေးနွေးပွဲကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကနေ ထူးခြားတဲ့ ရလာဒ်တွေရလာမှာမဟုတ်ဘူးလို့ ဒီမိုကရေစီရေးဆောင်ရွက်နေကြသူတွေက ခန့်မှန်းပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေ ချက်ချင်းရပ်တန့်ဖို့၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အခိုင်အမာ အကောင်အထည်ဖော်ပြီး မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့တောင်းဆိုတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး အထင်ကရဆုံးဖြတ်ချက်ထွက်လာပြီး နောက်တနေ့ဖြစ်တဲ့ ဒီနေ့မှာ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို ဒီနေ့ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG