သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နေပြည်တော်လွှတ်တော်အနီး Drone ယာဉ်လွှတ်တဲ့ စွဲချက်နဲ့ ပြင်သစ်ကမ္ဘာလှည့်ခရီးသည်ကို ရုံးထုတ်


မြန်မာ့လွှတ်တော်အဆောက်အဦး

နေပြည်တော်မှာ လွှတ်တော်အဆောက်အဦးတွေနားမှာ အဝေးထိန်း Drone ယာဉ် လွှတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထားတဲ့ ပြင်သစ် ကမ္ဘာလှည့်ခရီးသည် တယောက်ကို ဒီကနေ့ နေပြည်တော်တရားရုံးတခုမှာ ရုံးထုတ်ခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ် Arthur Desclaux ဟာမြန်မာနိုင်ငံကို သိပ်ကိုလာချင်လို့ ရောက် လာတဲ့ ခရီးသွားဧည့်သည်ဖြစ်ပြီး Drone ယာဉ်လွှတ်လို့မရတာကို မသိဘဲ မိုက်မဲစွာ လွှတ်တင်ခဲ့သူဖြစ်တယ်လို့ ဥတ္တရသီရိတရားရုံးမှာရုံးထုတ်တာကိုလာခဲ့တဲ့ ပြင်သစ်သံရုံးကသံမှူး Frederic Inza ကပြောကြားခဲ့ပါတယ်။

၂၇ ရက်နေ့မှာ ထပ်ပြီးရုံးထုတ်တဲ့အခါကျရင်တော့ သူလွတ်မြောက်အောင် အဖြေရှာ နိုင်မယ် လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

Arthur Desclaux (Dis Clo) ကို သွင်းကုန် ထုတ်ကုန်ဥပဒေ ပုဒ်မ ၈ နဲ့ တရားစွဲထား ပါ တယ်။ သူဘာကြောင့် လွှတ်တော်အဆောက်အဦးတွေ နားမှာ Drone ယာဉ်လွှတ်တင်ခဲ့ သလဲဆိုတာ မသိရသေးပါဘူး။ တကယ်လို့ အပြစ်ရှိကြောင်းတွေ့ရှိရင် ထောင်ဒဏ် ၃ နှစ် အထိ ကျခံရနိုင် ပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာလတုန်းကလည်း စင်္ကာပူနဲ့ မလေးရှားက သတင်းထောက် ၂ ယောက်နဲ့အတူ မြန်မာသတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို နေပြည်တော် လွှတ်တော်အဆောက်အဦးနားမှာ Drone ယာဉ်လွှတ်တင်ဖို့ကြိုးစားမှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ သူတို့ ၄ ယောက်ကို တရားရုံးမှာ သွင်းကုန်ထုတ်ကုန်ဥပဒေ ပုဒ်မ (၈) နဲ့ ပထမတရားစွဲခဲ့ပြီး နောက်ပိုင်းမှာ လေကြောင်း ပျံသန်းမှုဆိုင်ရာ ဥပဒေနဲ့ ထပ်တိုး တရားစွဲပြီး ထောင်ဒဏ် ၂ လစီ ပြစ်ဒဏ်ချခဲ့ပါတယ်။ ၂၀၁၇ ဒီဇင်ဘာမှာတော့ သူတို့ အားလုံးကို လျှော့ရက်နဲ့ လွှတ်ပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG