သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘိန်းထုတ်မှု ၄ နှစ်အတွင်း ၂ ဆကျော်တိုး


Honor guards stand next to the coffins of Georgian servicemen who were recently killed in Afghanistan, in Tbilisi, Georgia. Three Georgian soldiers serving with the NATO-led force in Afghanistan were killed in an insurgent attack on a base in Helmand province.
Honor guards stand next to the coffins of Georgian servicemen who were recently killed in Afghanistan, in Tbilisi, Georgia. Three Georgian soldiers serving with the NATO-led force in Afghanistan were killed in an insurgent attack on a base in Helmand province.

ကမ္ဘာတဝန်း ဘိန်းထုတ်လုပ်မှုတွေ ပြီးခဲ့တဲ့နှစ်အတွင်း တိုးလာရတဲ့ အဓိက အကြောင်းရင်းဟာ မြန်မာနိုင်ငံမှာ စိုက်ပျိုးမှုတွေ ပိုများလာတာကြောင့် ဖြစ်တယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာနေတဲ့ အေဂျင်စီက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကမ္ဘာတဝန်းမှာ ကျဆင်းလာပေမဲ့ မြန်မာနိုင်ငံမှာတော့ ထုတ်လုပ်မှုတွေ၊ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုတွေနဲ့ သုံးစွဲမှုတွေ တိုးလာနေတယ်လို့လည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်တာပါ။ မြန်မာနိုင်ငံက မူးယစ်ဆေးဝါး ထုတ်လုပ်မှု အခြေအနေတွေအပေါ် ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေကိုတော့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဘိန်းနဲ့ တခြား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ ကမ္ဘာတဝန်းမှာ ကျဆင်းလာပေမဲ့ မြန်မာနိုင်ငံမှာတော့ အရင်ကထက် တိုးလာတယ်လို့ ၂၀၁၁ ခုနှစ် ကမ္ဘာ့ မူးယစ်ဆေးဝါးဆိုင်ရာ အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောဆိုလိုက်တာပါ။ ဘိန်းစိုက်ပျိုးမှု အနေနဲ့ တကမ္ဘာလုံးမှာ ၂၀၀၉ ခုနှစ်တုန်းက ရှိခဲ့တဲ့ ပမာဏထက် ၂၀၁၀ ပြည့်နှစ်အတွင်း ၅% တိုးလာတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။

ဒီအထဲမှာမှ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ အာဖဂနစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း ထုတ်လုပ်မှုတွေ သိသိသာသာ ကျဆင်းသွားပေမဲ့ မြန်မာနိုင်ငံမှာတော့ တိုးလာနေတာမို့ ကမ္ဘာတဝန်း ထုတ်လုပ်မှု ပမာဏတွေ ပိုများလာရတဲ့ အကြောင်းရင်းတခု ဖြစ်ခဲ့ရတယ်လို့ အစီရင်ခံစာက ပြောခဲ့တာပါ။

မြန်မာနိုင်ငံက ဘိန်းစိုက်ပျိုးမှုဟာဆိုရင် ၂၀၁၀ ပြည့်နှစ်အတွင်း အရင်တနှစ်ကထက် ၂၀% လောက် တိုးလာသလို ၂၀၀၆ ခုနှစ်ကစလို့ နှစ်စဉ် တိုးလာနေတာလို့လည်း ဖော်ပြပါတယ်။ ဘိန်းထုတ်လုပ်မှု အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကျော်အတွင်း ၂ ဆကျော် တိုးလာတယ်လို့လည်း နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကြာသပတေးနေ့က အစီရင်ခံစာ ထုတ်ပြန်ချိန်မှာ UNODC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ယူရီ ဖက်ဒိုတော့ဗ် (Yury Fedotov) က ပြောဆိုလိုက်ပါတယ်။

“ကမ္ဘာနဲ့အဝန်း ဘိန်းထုတ်လုပ်မှု ပမာဏမှာ မြန်မာနိုင်ငံဟာ ၂၀၀၇ ခုနှစ်မှာတုန်းက ၅% ရှိနေရာကနေ ၂၀၁၀ ပြည့်နှစ်မှာ ၁၂% အထိ တိုးလာပါတယ်။”

မြန်မာအာဏာပိုင်တွေကတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေသလို တိုင်းပြည်တွင်းက ဘိန်းစိုက်ခင်းတွေရဲ့ ၆ ပုံ ၁ ပုံ နီးပါးလောက်ကို ဖျက်ဆီးနိုင်ခဲ့ကြောင်း မတ်လထဲမှာပဲ ပြောဆိုခဲ့တာပါ။ UNODC ရဲ့ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်နဲ့ အရှေ့ဘက် ရှမ်းပြည်နယ်တွေမှာ စိုက်ပျိုးပြီး ဘိန်းဖြူအဖြစ် ထုတ်လုပ်ပြီးတဲ့ နောက်မှာတော့ အဓိကအားဖြင့် တရုတ်နိုင်ငံထဲကို ယူနန်ပြည်နယ်ကတဆင့် တင်ပို့နေတာကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ဘိန်းစိုက်ပျိုး ထုတ်လုပ်တဲ့ တိုင်းပြည်အဖြစ် သုံးစွဲမှုဟာလည်း ၂၀၀၈ ခုနှစ်မှာ ၆% ရှိနေရာက ၂၀၁၀ ပြည့်နှစ်ထဲမှာတော့ ၈% အထိ တိုးလာကြောင်းလည်း သတိပေးထားတာပါ။ ဒီလိုပဲ ATS လို့ အတိုကောက် ခေါ်ဝေါ်သုံးစွဲတဲ့ စိတ်ကြွဆေး အမျိုးအစား မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေဟာလည်း တနေ့တခြား ပိုများလာနေတယ်လို့ UNODC ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ယူရီ ဖက်ဒိုတော့ဗ်က ပြောပါတယ်။

“ATS ထုတ်လုပ်မှု၊ မှောင်ခိုရောင်းဝယ် ဖောက်ကားမှုနဲ့ သုံးစွဲမှုတွေ ကြီးထွားလာနေတာအပြင် မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု တိုးလာတာ၊ ဒေသတွင်းမှာ ဘိန်းဖြူတွေ မှောင်ခိုမှုတွေဟာ ဒီကနေ့ တောင်အာရှဒေသမှာ အင်မတန် စိုးရိမ်စရာကိစ္စ ဖြစ်လာနေတဲ့အတွက် မူးယစ်ဆေးဝါး မှောင်ခိုရာ အချက်အချာ ဒေသတခုအဖြစ် ပြန်လည် ပေါ်ထွန်းလာမှာကို တားဆီးဖို့ မိတ်ဆွေ တိုင်းပြည်တွေကြား ပိုမို တက်တက်ကြွကြွ ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။”

UNODC ရဲ့ အစီရင်ခံစာသစ်မှာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း လူသန်းပေါင်း ၂၁၀ ကျော်၊ ဒါမှမဟုတ်ရင်လည်း အသက် ၁၅ နှစ်ကနေ ၆၄ နှစ်ကြား လူဦးရေရဲ့ ၄.၈% နှုန်းဟာ အနည်းဆုံး တကြိမ်လောက်တော့ မူးယစ်ဆေးဝါး သုံးစွဲဖူးတာကို တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

နှစ်စဉ် လူပေါင်း ၂၀၀,၀၀၀ လောက်ဟာလည်း တရားမဝင် မူးယစ်ဆေးဝါးတွေကြောင့် သေဆုံးနေကြရတာမို့ အန္တရာယ်ဟာ ဘယ်လောက်တောင် ကြီးမားနေပြီလဲ ဆိုတာ သိသာနေတယ်လို့ အစီရင်ခံစာ ထုတ်ပြန်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း သတိပေး ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG