သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ပဋိပကၡဇံု ေဒသခံတို႔ ဒုကၡ ကုန္ေစ်းႏႈန္းေၾကာင္႔ ပိုဆိုး


Sagaing စစ္ကိုင္း / စစ္ကိုင္းတုိင္း

(Zawgyi / Unicode)

စစ္ကိုင္းတိုင္းေဒသႀကီး ေျမာင္ၿမိဳ႕နယ္မွာ စစ္တပ္ဘက္က နယ္ေျမရွင္းလင္းေရး ထိုးစစ္ဆက္လုပ္ေနတာေၾကာင့္ ေဒသခံေတြ ေနရပ္မျပန္ရဲဘဲ စိုက္ပ်ဳိးေရးလုပ္ငန္းေတြ ဆက္လက္လုပ္ကိုင္ဖို႔ အခက္ခဲေတြၾကဳံေနရတဲအေၾကာင္း ေျမာင္ ေဒသခံေတြက ေျပာပါတယ္။ ကုန္ေစ်းႏႈန္း ႀကီးျမင့္ေနတဲ့ၾကား စီးပြားေရးလုပ္ငန္းေတြ ရပ္နားထားရတာေၾကာင့္ ရပ္တည္ေရး အခက္အခဲျဖစ္ေနတယ္လို႔လည္း ေဒသခံ ေက်းရြာသားတခ်ဳိ႕က VOA ကို ေျပာပါတယ္။ တိုက္ပြဲမျဖစ္ပြားေပမဲ့လည္း လက္နက္ႀကီးနဲ႔ ပစ္ခတ္မႈေတြ ရွိေနၿပီး အရပ္သားေတြ ထိခိုက္ဒဏ္ရာရတဲ ့သတင္းေတြလည္း ထြက္ေပၚေနပါတယ္။ ေျမာင္ၿမိဳ႕နယ္အေျခအေန သတင္းေပးပို႔ခ်က္ကို ကိုေအာင္ေအာင္က ေျပာျပပါမယ္။

ၾသဂုတ္ ၃၁ ရက္ မနက္အေစာပိုင္းမွာ ေရစႀကိဳၿမိဳ႕နယ္ကေန ေျမာင္ၿမိဳ႕နယ္ကို စစ္ေၾကာင္းထိုးလာတဲ့ စစ္ေကာင္စီတပ္ဟာ စစ္ေဘးေရွာင္ေတြရွိတဲ့ဘက္ကို လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တာေၾကာင့္ ဇီးကြၽန္းေက်း႐ြာက အမ်ိဳးသား ၂ ဦးေသဆုံးခဲ့ၿပီး ကေလးငယ္ ၁ ဦး အပါအဝင္ အမ်ိဳးသမီး ၂ ဦး ထိခိုက္ဒဏ္ရာ ရခဲ့တယ္လို႔ ေဒသခံ တဦးက VOA ကို ေျပာပါတယ္။
ေျမာင္ၿမိဳ႕နယ္ သနပ္ကုန္း႐ြာကေန စစ္ေကာင္စီတပ္ေတြ ထြက္ခြာသြားၿပီးတဲ့ေနာက္ ေဒသခံေတြဟာ ေက်း႐ြာကို ျပန္လည္ဝင္ေရာက္ဖို႔ ႀကိဳးစားခ်ိန္မွာပဲ စစ္ေကာင္စီက သနပ္ကုန္း႐ြာကို လက္နက္ႀကီးနဲ႔ ထပ္မံပစ္ခတ္ခဲ့တာလို႔ ေဒသခံ ရြာသားက ေျပာပါတယ္။အသက္ ၁၉ ႏွစ္အရြယ္ အမ်ိဳးသား ၁ ဦးေသဆုံးၿပီး အသက္မျပည့္ေသးတဲ့ကေလးငယ္ ၂ ဦးအပါအဝင္ ၄ ဦး ဒဏ္ရာရရွိခဲ့တယ္လို႔ ေဒသခံတဦးက အခုလိုေျပာျပပါတယ္။

“ည ၁၀ နာရီဝန္းက်င္ေလာက္က်ေတာ့ သနပ္ကုန္း႐ြာထဲကေန ထြက္တဲ့ပုံစံမ်ိဳးလုပ္သြားတာေပါ့။ ထြက္သြားၿပီး ေဘး႐ြာကို ေရာက္သြားတဲ့ပုံစံမ်ိဳးလုပ္လိုက္တယ္။ သနပ္ကုန္းက ျပည္သူေတြက ျပန္ဝင္ဖို႔ ႀကိဳးစားတဲ့အခ်ိန္မွာ လက္နက္ႀကီးနဲ႔ထပ္ပစ္လိုက္တယ္။ ၁၉ ႏွစ္အ႐ြယ္ ကေလး ၁ ေယာက္ ေနရာခ်င္းေသသြားတယ္။ ၿပီးရင္ေနာက္ထပ္ ျပည္သူ ၁၁ ႏွစ္နဲ႔ ၁၂ ႏွစ္အ႐ြယ္ ကေလးမ ၂ ေယာက္အပါအဝင္ ျပည္သူ ၄ ေယာက္ ဒဏ္ရာေတြရသြားတယ္။”

ထိခိုက္ဒဏ္ရာရတဲ ့သတင္းေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က သတင္းထုတ္ျပန္တာ မရွိသလို သီးျခား အတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။ ဒဏ္ရာရတဲ့ သူေတြဟာ အသက္အႏၲရာယ္ စိုးရိမ္ရတဲ့ အေျခအေနမွာ မရွိေတာ့ဘူးလို႔ ေဒသခံက ဆက္ေျပာပါတယ္။
ေျမာင္ၿမိဳ႕နယ္မွာ စစ္ေကာင္စီက မၾကာခဏဆိုသလို နယ္ေျမရွင္းလင္းၿပီး စစ္ေၾကာင္းေတြ ဝင္ေရာက္ေနတဲ့အတြက္ ေဒသခံေတြ စိုက္ပ်ဳိးေရးလုပ္ငန္းေတြမွာ ၀င္မလုပ္ႏိုင္ေတာ့ဘဲ၊ စီးပြားေရးလုပ္ငန္းေတြလည္း ရပ္တန္႔ေနတယ္လို႔ ေဒသခံ ရြာသားတဦးက ေျပာပါတယ္။

“အလုံးအရင္းနဲ႔ထိုးတဲ့အခါ ေဒသခံေတြက အိုးပစ္အိမ္ပစ္သြားရတယ္။ ကြၽန္ေတာ္တို႔ဘက္က ေတာင္သူ အေျခစိုက္ဆိုေတာ့ ေတာင္သူေတြ ရပ္ထားရတယ္ေပါ့။ စီးပြားေရး ၾကပ္တည္းမႈေတာ့ရွိလာတယ္။ အခက္အခဲေတြက အမ်ားႀကီးရွိတယ္။ အရင္က ပစၥည္းကုန္ေစ်းႏႈန္းတက္တာနဲ႔အမွ် ရင္းႏွီးလုပ္ကိုင္ရတာလည္း အၾကပ္အတည္းျဖစ္လာတယ္။ အခုလုပ္ကိုင္ထားတဲ့ ဟာေတြကလည္း စစ္ေၾကာင္းထိုးတဲ့အေပၚမူတည္ၿပီး ရပ္တန႔္ထားရတာေတြရွိတယ္။”
ဓာတ္ေျမၾသဇာစရိတ္ ျမင့္တက္တာ၊ သယ္ယူစရိတ္ေတြ ျမင့္တက္တာေတြေၾကာင့္ အရင္လို စီးပြားျဖစ္ စိုက္ပ်ိဳးႏိုင္တဲ့ အေျခအေန မရွိေတာ့တဲ့ ၾကားမွာ လုံျခဳံေရးအရလည္း လုပ္ငန္းေတြ ျပန္စဖို႔ အခက္အခဲေတြ ျဖစ္ေနပါတယ္။ စစ္ေကာင္စီတပ္ေတြ စစ္ေၾကာင္းထိုး ဝင္ေရာက္လာခ်ိန္မွာ စိုက္ပ်ိဳး ရိတ္သိမ္းတဲ့လုပ္ငန္းေတြကို ရပ္တန႔္ၿပီး စစ္ေၾကာင္းေတြ ျပန္လည္ထြက္ခြါခ်ိန္မု တပိုင္တႏိုင္ စိုက္ပ်ဳိးတဲ့ လုပ္ငန္းေတြကို ျပန္လုပ္ႏိုင္တယ္လို႔လည္း ေျမာင္ၿမိဳ႕ ေဒသခံေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ပဋိပက္ခဇုံ ဒေသခံတို့ ဒုက္ခ ကုန်ဈေးနှုန်းကြောင့် ပိုဆိုး

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်မှာ စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆက်လုပ်နေတာကြောင့် ဒေသခံတွေ နေရပ်မပြန်ရဲဘဲ စိုက်ပျိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ခဲတွေကြုံနေရတဲအကြောင်း မြောင် ဒေသခံတွေက ပြောပါတယ်။ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ကြား စီးပွားရေးလုပ်ငန်းတွေ ရပ်နားထားရတာကြောင့် ရပ်တည်ရေး အခက်အခဲဖြစ်နေတယ်လို့လည်း ဒေသခံ ကျေးရွာသားတချို့က VOA ကို ပြောပါတယ်။ တိုက်ပွဲမဖြစ်ပွားပေမဲ့လည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ရှိနေပြီး အရပ်သားတွေ ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ မြောင်မြို့နယ်အခြေအနေ သတင်းပေးပို့ချက်ကို ကိုအောင်အောင်က ပြောပြပါမယ်။

သြဂုတ် ၃၁ ရက် မနက်အစောပိုင်းမှာ ရေစကြိုမြို့နယ်ကနေ မြောင်မြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ စစ်ဘေးရှောင်တွေရှိတဲ့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဇီးကျွန်းကျေးရွာက အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး ကလေးငယ် ၁ ဦး အပါအဝင် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တဦးက VOA ကို ပြောပါတယ်။
မြောင်မြို့နယ် သနပ်ကုန်းရွာကနေ စစ်ကောင်စီတပ်တွေ ထွက်ခွာသွားပြီးတဲ့နောက် ဒေသခံတွေဟာ ကျေးရွာကို ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားချိန်မှာပဲ စစ်ကောင်စီက သနပ်ကုန်းရွာကို လက်နက်ကြီးနဲ့ ထပ်မံပစ်ခတ်ခဲ့တာလို့ ဒေသခံ ရွာသားက ပြောပါတယ်။အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦးသေဆုံးပြီး အသက်မပြည့်သေးတဲ့ကလေးငယ် ၂ ဦးအပါအဝင် ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတဦးက အခုလိုပြောပြပါတယ်။

“ည ၁၀ နာရီဝန်းကျင်လောက်ကျတော့ သနပ်ကုန်းရွာထဲကနေ ထွက်တဲ့ပုံစံမျိုးလုပ်သွားတာပေါ့။ ထွက်သွားပြီး ဘေးရွာကို ရောက်သွားတဲ့ပုံစံမျိုးလုပ်လိုက်တယ်။ သနပ်ကုန်းက ပြည်သူတွေက ပြန်ဝင်ဖို့ ကြိုးစားတဲ့အချိန်မှာ လက်နက်ကြီးနဲ့ထပ်ပစ်လိုက်တယ်။ ၁၉ နှစ်အရွယ် ကလေး ၁ ယောက် နေရာချင်းသေသွားတယ်။ ပြီးရင်နောက်ထပ် ပြည်သူ ၁၁ နှစ်နဲ့ ၁၂ နှစ်အရွယ် ကလေးမ ၂ ယောက်အပါအဝင် ပြည်သူ ၄ ယောက် ဒဏ်ရာတွေရသွားတယ်။”

ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ ဒဏ်ရာရတဲ့ သူတွေဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ မရှိတော့ဘူးလို့ ဒေသခံက ဆက်ပြောပါတယ်။
မြောင်မြို့နယ်မှာ စစ်ကောင်စီက မကြာခဏဆိုသလို နယ်မြေရှင်းလင်းပြီး စစ်ကြောင်းတွေ ဝင်ရောက်နေတဲ့အတွက် ဒေသခံတွေ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဝင်မလုပ်နိုင်တော့ဘဲ၊ စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်နေတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

“အလုံးအရင်းနဲ့ထိုးတဲ့အခါ ဒေသခံတွေက အိုးပစ်အိမ်ပစ်သွားရတယ်။ ကျွန်တော်တို့ဘက်က တောင်သူ အခြေစိုက်ဆိုတော့ တောင်သူတွေ ရပ်ထားရတယ်ပေါ့။ စီးပွားရေး ကြပ်တည်းမှုတော့ရှိလာတယ်။ အခက်အခဲတွေက အများကြီးရှိတယ်။ အရင်က ပစ္စည်းကုန်ဈေးနှုန်းတက်တာနဲ့အမျှ ရင်းနှီးလုပ်ကိုင်ရတာလည်း အကြပ်အတည်းဖြစ်လာတယ်။ အခုလုပ်ကိုင်ထားတဲ့ ဟာတွေကလည်း စစ်ကြောင်းထိုးတဲ့အပေါ်မူတည်ပြီး ရပ်တန့်ထားရတာတွေရှိတယ်။”

ဓာတ်မြေသြဇာစရိတ် မြင့်တက်တာ၊ သယ်ယူစရိတ်တွေ မြင့်တက်တာတွေကြောင့် အရင်လို စီးပွားဖြစ် စိုက်ပျိုးနိုင်တဲ့ အခြေအနေ မရှိတော့တဲ့ ကြားမှာ လုံခြုံရေးအရလည်း လုပ်ငန်းတွေ ပြန်စဖို့ အခက်အခဲတွေ ဖြစ်နေပါတယ်။ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုး ဝင်ရောက်လာချိန်မှာ စိုက်ပျိုး ရိတ်သိမ်းတဲ့လုပ်ငန်းတွေကို ရပ်တန့်ပြီး စစ်ကြောင်းတွေ ပြန်လည်ထွက်ခွါချိန်မု တပိုင်တနိုင် စိုက်ပျိုးတဲ့ လုပ်ငန်းတွေကို ပြန်လုပ်နိုင်တယ်လို့လည်း မြောင်မြို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG