သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်သူ ၇ ယောက် နယ်သာလန် ဖမ်းဆီ


“နယ်သာလန်နိုင်ငံမှာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုကြီး” တခုလုပ်ဖို့ ကြံစည်တယ်ဆိုတဲ့ သံသယနဲ့ အမျိုးသားခုနစ်ယောက်ကို ဖမ်းဆီးထားတဲ့အကြောင်း နယ်သာလန်ရဲတပ်ဖွဲ့က ကြာသပတေးနေ့မှာပြောပါတယ်။ တိုက်ခိုက်ဖို့ကြံစည်တယ်ဆိုတာကို တားဆီး လိုက်ပြီးပြီလို့ ယုံကြည်ရကြောင်း အစိုးရရှေ့နေတွေကပြောပါတယ်။

သံသယရှိသူတွေကို Arnhem နဲ့ Weert မြို့တွေမှာ ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ အစိုးရရှေ့နေရုံးရဲ့ ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

ထောက်လှမ်းရေး သတင်းအချက်အလက်အပေါ် အခြေခံပြီး လအတော်ကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် အခုလို ဖမ်းဆီးလိုက် တာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပြောထားပါတယ။် အသက် ၃၄ နှစ်အရွယ် အီရတ်နွယ်ဖွားတဦးဟာ ထိခိုက်သေဆုံးမှု အများအပြားဖြစ်စေဖို့ အခမ်းအနားကြီးတခုမှာ တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်း ရခဲ့တာလို့ ပြောပါတယ်။

ဗုံးတွေဆင်ထားတဲ့ အင်္ကျီတွေ၊ ခြေမှုန်းရေး ရိုင်ဖယ်သေနတ်တွေနဲ့ တနေရာမှာတိုက်ခိုက်ပြီး နောက်တနေရာမှာ ကားဗုံးခွဲဖို့ အခု ဖမ်းဆီးခံရတဲ့ သံသယရှိသူတွေက စီစဉ်ထားတာလို့ စွပ်စွဲခံထားရပါတယ်။ တိုက်ခိုက်မှုရဲ့ပစ်မှတ် ဖြစ်ဖွယ်ရှိတဲ့နေရာတွေကို စုံစမ်း စစ်ဆေးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG