သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Duterte တရုတ်ပြည် ချစ်ကြည်ရေးခရီးထွက်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ဟာ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ရောက်ရှိနေပါတယ်။ ၄ ရက်နိုင်ငံတော်ခရီးစဉ်အတွင်း တရုတ်သမ္မတ ရ Xi Jinping ၊ ဝန်ကြီးချုပ် Li Keqiang တို့အပြင် တရုတ်ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီဥက္ကဋ္ဌ Zhang Dejiang တို့နဲ့ တေ့ွဆုံမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဖိလစ်ပိုင်သမ္မတနဲ့အတူ ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ငန်းရှင် ၂၀၀ ထက်မနည်း ပါသွားပါတယ်။ ၂ ဖက်ခေါင်းဆောင်တွေ ဆွေးနွေးကြတဲ့အခါ ကုန်သွယ်ရေး၊ လုံခြုံရေးနဲ့ စီးပွားရေးကိစ္စတွေကို အဓိကထားကြမယ်လို့ မျှော်လင့်ရပါတယ်။

ဖိလစ်ပိုင်ကနေ တရုတ်ကို သီးနှံတင်ပို့မှုတိုးချဲ့ရေးကို ၂ ဖက်လုံးက စိတ်ဝင်စားနေကြတယ်လို့ တရုတ်တာဝန်ရှိသူတွေက ပြောပါတယ်။ တောင်တရုတ်ပင်လယ်ထဲက ကျွန်းတချို့ကို ၂ နိုင်ငံလုံးက ပိုင်ဆိုင်တယ်လို့ ပြောဆို အငြင်းပွားမှုကြောင့် တရုတ်နဲ့ ဖိလစ်ပိုင်ကြား ဆက်ဆံရေးအဖုအထစ်တွေ ရှိခဲ့ပေမဲ့ အခုဖိလစ်ပိုင်သမ္မတရဲ့ တရုတ်နိုင်ငံခရီးစဉ်ကြောင့် ဆက်ဆံရေးတိုးတက်လာတဲ့ လက္ခဏ္ဍာလို့ အကဲခတ်တွေက သုံးသပ်နေကြပါတယ်။

အငြင်းပွားနေတဲ့ ကျွန်းနားဆီကို ဖိလစ်ပိုင်ငါးဖမ်းသမားတွေ မသွားနိုင်အောင် တရုတ်ဘက်က တားဆီးနေတဲ့ကိစ္စကို တရုတ်သမ္မတ Xi Jinping နဲ့ ကြာသပတေးနေ့ တွေ့ဆုံတဲ့အခါ ဖိလစ်ပိုင်သမ္မတဖက်က ပြောဖို့ရှိတယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ သမ္မတ Duterte ဟာ Brunei နိုင်ငံကနေ တရုတ်နိုင်ငံကို အင်္ဂါနေ့မှာ ရောက်ရှိသွားတာဖြစ်ပါတယ်။

Duterte တရုတ်ပြည် ချစ်ကြည်ရေးခရီးထွက်
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG