သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံနေရတဲ့ သရုပ်ဆောင်အိန္ဒြာကျော်ဇင် ဂျာမန်ရုပ်ရှင်ပွဲတော်ဆုရရှိ

What happened to the wolf? ဇာတ်ဝင်ခန်းမှ သရုပ်ဆောင် အိန္ဒြာကျော်ဇင်
What happened to the wolf? ဇာတ်ဝင်ခန်းမှ သရုပ်ဆောင် အိန္ဒြာကျော်ဇင်

Zawgyi/Unicode

ဂျာမနီနိုင်ငံမှာ ကျင်းပနေတဲ့ Oldenburg နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ မြန်မာနိုင်ငံ က ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ What happened to the wolf? မြန်မာရုပ်ရှင်ဇာတ်ကား နဲ့ မင်းသမီး အိန္ဒြာကျော်ဇင်က အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင်ဆု

တိုက်ရိုက် လင့်ခ်



ဆု ရရှိသွားပါတယ်။ စစ်ကောင်စီဖမ်းဆီးအကျဉ်းချထားလို့ အင်းစိန်ထောင်မှာ ထောင်သွင်းအကျဉ်းကျခံနေရတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်ရှင်ပွဲတော်ကိုစီစဉ်တဲ့ ရုပ်ရှပ်ထုတ်လုပ်သူ Torsten Neumann အပါအဝင် ပွဲတော်စီစဉ်သူတွေက အင်္ဂလိပ်လို Eaindra Kyaw Zin ဆိုတဲ့ စာတန်းနဲ့ အင်္ကျီတွေကို ပွဲတော်ဖွင့်ပွဲနေ့က ဝတ်ဆင်ထားခဲ့ကြတာပါ။

ဆုပေးပွဲအခမ်းအနားကိုတော့ ဖမ်းဆီးခံထားရလို့ မင်းသမီးအိန္ဒြာကျော်ဇင် ကိုယ်တိုင်တက်ရောက်ပြီး ဆုလက်ခံယူနိုင်ခြင်းတော့ မရှိတဲ့အပြင် ဒီဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာ ဏကြီး၊ ပြီးတော့ သူ့ဇနီးလည်းဖြစ် ဒီရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ပို့ သရုပ်ဆောင်လည်းဖြစ်တဲ့ မင်းသမီး ပိုင်ဖြိုးသုနဲ့ သရုပ်ဆောင် အောင်မြင့်မြတ်တို့လည်း စစ်ကောင်စီက တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု ၅၀၅ (က)နဲ့ စွဲဆိုထားတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

၁၉၈၈ ခုနှစ်ကတည်းက ကျင်းပတဲ့ Oldenburg ရုပ်ရှင်ပွဲတော်ဟာ ဒီနှစ် လူကိုယ်တိုင် တက်ရောက်နိုင်တဲ့ ဂျာမနီနိုင်ငံရဲ့ နံပါတ် ၁ Indie ရုပ်ရှင်ပွဲတော်ဖြစ်ပါတယ်။ ဟောလိဝုဒ်လို ငွေတွေပုံအောရိုက်တဲ့ ရုပ်ရှင်ကားကြီးတွေမဟုတ်ဘဲ ရုပ်ရှင်ထုတ်လုပ်သူတွေ၊ ရုပ်ရှင်ကားဖန်တီးသူတွေ ငွေနည်းနည်းနဲ့ ဖန်တီးတဲ့ ရုပ်ရှင်ကားတွေကို ပြသယှဉ်ပြိုင်ကြတာပါ။

---------

Unicode





This item is part of
XS
SM
MD
LG