Ukraine နိုင်ငံအရှေ့ပိုင်းဒေသတချို့မှာ လွတ်လပ်ရေးအတွက် Russia လိုလားသူတွေ လူထုဆန္ဒခံယူပွဲကျင်းပခဲ့ကြပေမယ့် ဒါဟာ ဒါဟာပြစ်မှုမြောက်တဲ့ အဓိပ္ပါယ်မဲ့ လုပ်ရပ်ဖြစ်တယ်လို့ Ukraine အစိုးရက ပြောသွားပါတယ်။
Donetsk နဲ့ Luhask ဒေသတွေမှာ Ukraine နွယ်ဘွား ၁၅ % ပဲ နေထိုင်ပြီး Ukraine ကနေခွဲထွက် မခွဲထွက် မဲခွဲဆုံးဖြတ်နေကြတာပါ။ Ukraine နိုင်ငံထဲမှာပဲ ပိုပြီး လွတ်လွတ်လပ်လပ်အုပ်ချုပ်ခွင့် ရဖို့အတွက်လား ဒါမှမဟုတ် နိုင်ငံတနိုင်ငံအသစ်ထူထောင်ဖို့ ဒါမှမဟုတ်ရင် Russia နိုင်ငံထဲ သွားပေါင်းမလို့လားဆိုတာ ရှင်းရှင်းလင်းလင်းမသိရပါဘူး။
ဒီမဲခွဲဆုံးဖြတ်မှုကို အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမဟာမိတ်နိုင်ငံတွေက ရှုတ်ချပြီး ဒီမဲခွဲဆုံးဖြတ်မှုဟာ တရားမဝင်ဘူးလို့ ဆိုပါတယ်။ Ukraine အစိုးရကတော့ ဒီမဲခွဲဆုံးဖြတ်မှုဟာ Ukraine အချုပ်အခြာအာဏာပိုင်စိုးမှုအတွက် ဘယ်လိုမှ တရားရေးဆိုင်ရာ သက်ရောက်မှု မရှိဘူးလို့ ပြောပါတယ်။
ဒီလိုမျိုး သူတို့အနေနဲ့ လွတ်လပ်ရေးရဖို့ လုပ်ဆောင်တာဟာ ချောက်နက်ကြီးထဲကျအောင် ခြေလှမ်းတာပဲလို့လည်း Ukraine ယာယီသမ္မတ က ခွဲထွက်ရေး ကြိုးပမ်းသူတွေကို သတိသွားပါတယ်။ နိုင်ငံရဲ့အရှေ့ခြမ်းမှာ ပိုပြီးလွတ်လွတ်လပ်လပ်အုပ်ချုပ်ခွင့်ရဖို့အတွက် ဆွေးနွေးပွဲမှာပဲ ပါဝင်ကြဖို့ သူပုန်ခေါင်းဆောင်တွေကို သူက ပန်ကြားသွားပါတယ်။