သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တခွင် သြဂုတ်လ (၂၁) ရက်နေ့ နေကြတ်မည့်အကြောင်း သိကောင်းစရာများ

နေအပြည့်ကြတ်ခြင်းကို အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရစဉ် (မတ် ၂၀၁၆)
နေအပြည့်ကြတ်ခြင်းကို အင်ဒိုနီးရှားနိုင်ငံတွင် တွေ့ရစဉ် (မတ် ၂၀၁၆)

အမေရိကန်ပြည်ထောင်စုမှာ လာမယ့် တနင်္လာနေ့ကျရင် နေကြတ်မှာဖြစ်တဲ့အတွက်၊ အနောက်ဘက်ခြမ်း Oregon ပြည်နယ်က ပစိဖိတ်သမုဒ္ဒရာကမ်းရိုးတန်းကနေ အရှေ့ဘက်ခြမ်းက အတ္တလန္တိတ်သမုဒ္ဒရာကမ်းရိုးတန်း မြောက်ကယ်ရိုးလိုင်းနားပြည်နယ် အထိ နေကြတ်တာကို မြင်ကြရမှာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ ဒါဟာ ၃၈ နှစ်အတွင်း လုံးဝနေကြတ်တာကို ပထမဆုံးအကြိမ် ကြုံကြရမှာဖြစ်ပါတယ်။ ဒါ့အပြင် ၉၉ နှစ်အတွင်း အမေရိကန်အနောက်ဘက် ပစိဖိတ်ကမ်းရိုးတန်းကနေ အရှေ့ဘက်က အတ္တလန္တိတ်ကမ်းရိုးတန်းအထိ လုံးဝနေကြတ်တာကို ပထမဆုံးအကြိမ်ကြုံရမှာဖြစ်ပါတယ်။ ဒီမတိုင်ခင်နောက်ဆုံးအကြိမ်ဖြစ်ခဲ့တာတော့ ၁၉၁၈ ခုနှစ်ကဖြစ်ပြီး ၊ အဲဒီတုန်းကတော့ အနောက်မြောက်ပိုင်း ဝါရှင်တန်ပြည်နယ်ကနေ အရှေ့တောင်ဘက် ဖလော်ရီဒါအထိ မြင်ခဲ့ရတာဖြစ်ပါတယ်။

ဟာဝါရီပြည်နယ်မှာတော့ ၁၉၉၁ ခုနှစ်က နေကြတ်တာကို ကြုံခဲ့ရပါတယ်။ အခုလိုမျိုး လုံးဝနေကြတ်ခြင်းဟာ ကမ္ဘာပေါ်မှာ ၃ နှစ် ၁ ကြိမ်လောက် ဖြစ်လေ့ရှိပြီး၊ ရေမျက်နှာပြင်ဧရိယာက ကုန်းမြေထက်ပိုများနေတာကြောင့် များသောအားဖြင်တော့ ကမ္ဘာပင်လယ်သမုဒ္ဒရာ တနေရာရာမှာ အဖြစ်များလေ့ရှိပါတယ်။

အခုတကြိမ် နေကြတ်တာကို အကြာဆုံး ကြုံရမယ့်မြို့ကတော့ Illinois ပြည်နယ် Carbondale မြို့ဖြစ်ပြီး ၊ အဲဒီမှာ နေကြတ်တဲ့အချိန်ဟာ ၂ မိနစ် နဲ့ ၄၄ စက္ကန့်ကြာမှာဖြစ်ပါတယ်။ အော်ရီဂွန်ကနေ မြောက်ကယ်ရိုလိုင်းနားပြည်နယ်အထိ ၊ အဲဒီလမ်းကြောတလျှောက်က အကျယ် ကီလိုမီတာ ၁၀၀ လောက်အတွင်းမှာရှိတဲ့ ပြည်နယ်တချို့ နဲ့ မြို့တွေအနေနဲ့ လုံးဝနေကြတ်တာကို တွေ့ရမှာဖြစ်ပါတယ်။

အော်ရီဂွန်ပြည်နယ် Lincoln City မြို့ကနေ စတင်ပြီး၊ Idaho, Montana, Wyoming, Nebraska, Iowa, Kansas, Missouri, Illinois, Kentucky, Tennessee, Georgia, North Carolina နဲ့ South Carolina ပြည်နယ်တွေ အနေနဲ့ လုံးဝနေကြတ်တာကို ကြုံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG