သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုံခြုံရေးအင်အား သိန်းချီနဲ့ကျင်းပတဲ့ Ecuador သမ္မတရွေးကောက်ပွဲ


Ecuador Elections
Ecuador Elections

တောင်အမေရိကတိုက် အီကွေဒေါနိုင်ငံမှာ မနေ့ တနင်္ဂနွေနေ့က သမ္မတတင်မြှောက်မယ့် ရွေးကောက်ပွဲ ကို ရဲနဲ့စစ်သား တသိန်းကျော် နေရာယူကျင်းပခဲ့ပါတယ်။ ဒီ ရွေးကောက်ပွဲမတိုင်မီမှာ သမ္မတလောင်းတဦးလုပ်ကြံခံခဲ့ရပြီး အရင်တုန်းကမကြုံခဲ့ဖူးတဲ့ အကြမ်းဖက်မှုတွေကို အီကွေဒေါက ကြုံခဲ့ရတာပါ။

သြဂုတ်လ ၉ ရက်နေ့တုန်းက မြို့တော် Quito မှာ မဲဆွယ်စည်းရုံးရေးက ထွက်ခွါလာချိန်မှာ သမ္မတအဖြစ် ဝင်ရောက်ယှဥ်ပြိုင်သူ Fernando Villavicencio ဟာ လုပ်ကြံခံခဲ့ရပါတယ်။ သူဟာ ဒီနှစ်အတွင်း လုပ်ကြံခံရတဲ့ တတိယမြောက်နိုင်ငံရေးသမားပါ။

ရွေးကောက်ပွဲမဲမပေးရင် ဒဏ်ရိုက်ခံရမှာဖြစ်ပေမဲ့ တချို့က အကြမ်းဖက်တာတွေကို စိုးရိမ်တဲ့အတွက် အိမ်ကနေ မထွက်ကြသူတွေလည်း ရှိကြတာကို တွေ့ရပါတယ်။ ကျောပိုးအိတ်နဲ့ လာမဲပေးသူတွေရဲ့ အိပ်တွေကို စစ်ဆေးမယ်လို့ ပြည်ထဲရေးဝန်ကြီး ဝမ် ဇာပါးတား (Juan Zapata) က ပြောပါတယ်။ မဲရုံတွေနားမှာ လမ်းဘေးစျေးသည်တွေကိုလည်း အလာမခံခဲ့ပါဘူး။

မေလမှာ လွှတ်တော်ကို သမ္မတ Guillermo Lasso က ဖျက်သိမ်းလိုက်ပြီးတဲ့နောက် အခု ရွေးကောက်ပွဲ ကို ခေါ်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတော်ပိုင် ရေနံတင်ပို့ရေးကုမ္ပဏီနဲ့ ပုဂ္ဂလိက ရေနံတင်ပို့ရေးကုမ္ပဏီတို့ကြား ချုပ်ဆိုခဲ့တဲ့စာချုပ်နဲ့ပတ်သက်လို့ သမ္မတကို လွှတ်တော်က စွပ်စွဲပြစ်တင်ဖို့ လုပ်လိုက်တဲ့အချိန်မှာ သူက လွှတ်တော်ကို ဖျက်သိမ်းလိုက်ပြီး ရွေးကောက်ပွဲခေါ်ခဲ့တာဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲကိုတော့ သူ မဝင်တော့ပါဘူး။

 လုံခြုံရေးအင်အား သိန်းချီနဲ့ကျင်းပတဲ့ Ecuador သမ္မတရွေးကောက်ပွဲ
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG