လူထုေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ ဒီမိုကေရစီအစိုးရကို စစ္တပ္က ျဖဳတ္ခ်အာဏာသိမ္းလို႔ ျဖစ္လာခဲ့တဲ့ ျမန္မာအက်ပ္အတည္းအေပၚ ႏိုင္ငံတကာအသိုင္းအဝိုင္းရဲ႕ အာ႐ုံစူးစိုက္မႈ သိပ္မ႐ွိလွပါဘူး။ ယူကရိန္းကိုသာ ပိုမိုဦးစားေပးေနၾကတယ္လို႔ ယူဆသူတခ်ိဳ႕လည္း ႐ွိေနပါတယ္။ ယူကရိန္းစစ္ပြဲနဲ႔ ျမန္မာျပႆနာ ဘယ္လို ကြဲျပားျခားနားပါသလဲ။ ဦးေက်ာ္ဇံသာ ကို မျမသဇင္ေအာင္က ေမးျမန္းေဆြးေႏြးထားပါတယ္။
ေမး ။ ။ ၿပီခဲ့တဲ့အပတ္တုန္းကေတာ့ အင္ဒိုနီးရွားက အာဆီယံဥကၠ႒ ျဖစ္လာတာနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာႏုိင္ငံအေပၚမွာ ဘယ္ေလာက္အထိ ထိထိေရာက္ေရာက္ ထဲထဲဝင္ဝင္ ကူညီႏိုင္မလဲဆိုတာကို ေဆြးေႏြးခဲ့ပါတယ္။ အခု ဒီတပတ္မွာေတာ့ အေနာက္ႏုိင္ငံေတြ၊ အေမရိကန္အပါအဝင္ ႏိုင္ငံတကာအေနနဲ႔ ျမန္မာႏိုင္ငံအေရးမွာ ယူကရိန္းအေရးေလာက္ အာရံုစိုက္ၿပီးေတာ့ ကူညီတာကို မေတြ႔ရဘူး။ အဲဒီေတာ့ ဒီေနရာမွာ ဒါကို ခြဲျခားဆက္ဆံတဲ့သေဘာလို႔ ေျပာႏိုင္လား ဆရာ။
ေျဖ ။ ။ တခ်ဳိ ႔ကေတာ့ ဒီကိစၥကို ေျပာၾကမယ္။ မေျပာေတာင္မွ စဥ္းစားမိၾကမယ္ ထင္ပါတယ္။ က်ေနာ္ အစဥ္အလာတခုကို ေျပာျပရမယ္ဆိုရင္ အရင္တုန္းက ဘဂၤလားေဒ့ရွ္ လြတ္လပ္ေရးစစ္ပြဲ ျဖစ္တယ္။ ၁၉၇၀ မွာ။ အဲဒီအခါမွာ အေရွ ႔ပါကစၥတန္တပ္ေတြ တိုက္တဲ့အတြက္ေၾကာင့္ ဘဂၤလားေဒ့ရွ္ကလူေတြ သန္းနဲ႔ခ်ီၿပီးေတာ့ သံုးေလးသန္းေလာက္ေတာ့ ထင္ပါတယ္။ အိႏိၵယဘက္ကို ထြက္ေျပးၾကတယ္။ အဲဒီအခါမွာ အိႏိၵယဝန္ႀကီးခ်ဳပ္ အင္ဒရာဂႏၶီက ဘာေျပာလဲဆိုရင္ တကယ္လို႔ ဒီျပႆနာသာ ဥေရာပမွာဆိုရင္ တကကမၻာလံုးက အံု႔အံု႔က်က္က်က္နဲ႔ ျဖစ္ေနမွာ။ အခု ဒို႔အာရွတုိိက္မွာ ျဖစ္တာမို႔လို႔ ဥေရာပတိုက္သားေတြက ဂရုမစိုက္ၾကဘူး။ သူတုိ႔ေဒသက မဟုတ္လုိ႔ဆုိၿပီး ေျပာခဲ့ဖူးတာတခု ရိွတယ္ဆိုတာကို က်ေနာ္ သြားသတိရမိတယ္။ ေနာက္တခု ေနာက္တခု ေျပာၾကတာလည္း ရိွတယ္။ ဥပမာ ဒုတိယကမၻာစစ္ၿပီးေတာ့ ၿပီးခါနီးမွာ ဂ်ပန္မွာ အႏုျမဴဗံုးက်ဲခ်လိုက္တယ္။ စစ္ၿပီသြားတယ္။ ဆိုေတာ့ တခ်ဳိ ႔က အာရွသားေတြက ျပန္ၿပီးစဥ္းစားၾကတယ္။ ဒုတိယကမၻာစစ္အတြင္းမွာ က်ဴးလြန္ခဲ့တဲ့ စစ္ရာဇဝတ္မႈေတြ နာဇီဂ်ာမဏီနဲ႔ ဖက္ဆစ္ဂ်ပန္ က်ဴးလြန္တာ ဘယ္သူက က်ဴးလြန္တာ ပိုမ်ားသလဲ။ ဘယ္သူ႔က်ဴးလြန္မႈက ပိုအျပစ္ႀကီးသလဲ။ တကယ္ေတာ့ နာဇီဂ်ာမဏီရဲ ႔ က်ဴးလြန္မႈက ပိုၿပီးအျပစ္ႀကီးတယ္။ အႏုျမဴဗံုးက်ဲၿပီးေတာ့ ဒဏ္ခတ္ျခင္းခတ္ရမယ္ဆုိရင္ ဂ်ာမဏီကိုပါ ဘာေၾကာင့္မလုပ္ခဲ့ဘဲနဲ႔ ဂ်ပန္ကိုသာ ဘာေၾကာင့္လုပ္ရသလဲ။ ဒါက ဥေရာပသားကိုညွာၿပီး အာရွသားမို႔ တမင္ခြဲျခားလုပ္တယ္ဆိုၿပီးေတာ့ အဲဒီလို ႀကံႀကံဖန္ဖန္ ေတြးတာေရးတာတခ်ဳိ ႔လည္း က်ေနာ္ ဖတ္ခဲ့ဖူးပါတယ္ဆုိေတာ့ အခုကိစၥမွာလည္း ျမန္မာႏုိင္ငံက အာရွတိုက္မွာမို႔လို႔ သူတုိ႔ဥေရာပမွာ မဟုတ္လို႔ တမင္ခြဲျခားဆက္ဆံတယ္။ အာရွသားမို႔လို႔ သိပ္ဦးစားမေပးတာမ်ားလားလို႔ ေတြးတဲ့လူလည္း ေတြးေကာင္ေတြးလိမ့္မယ္လို႔ ထင္ပါတယ္။ က်ေနာ္ကေတာ့ အဲဒီေလာက္အထိ မစဥ္းစားလိုပါဘူး။
ေမး ။ ။ အဲဒီေတာ့ ခြဲျခားဆက္ဆံတယ္လို႔ ယူဆမယ္ဆိုရင္ ဘယ္အခ်က္ေတြက အဓိကကြာဟခ်က္ေတြ ျဖစ္ႏုိင္ပါသလဲ။
ေျဖ ။ ။ ခြဲျခားဆက္ဆံတယ္ဆိုတာ အေျခအေနခ်င္းမတူလို႔ ျဖစ္ပါတယ္။ ယူကရိန္းက ဥေရာပႏုိင္ငံ ျဖစ္တယ္။ မဟာဗ်ဴဟာအရ ပိုၿပီးေတာ့ အေရးပါတယ္။ ျမန္မာႏုိင္ငံနဲ႔ သိပ္ကြာတယ္။ ဒီကိစၥမွာ။ ေနာက္ၿပီးေတာ့ ဥေရာပရဲ ႔ ဒီမိုကေရစီ ထြန္းကားတဲ့ ႏုိင္ငံေတြမွာ ယူကရိန္းက ဒီမိုကေရစီဘက္ကို ထြန္းကားယိမ္းလာတဲ့ ႏုိင္ငံ ျဖစ္တယ္။ ဆိုဗီယက္ျပည္ေထာင္စု ၿပိဳကြဲခဲ့ၿပီးကတည္းက ၿပီးေတာ့ အခုအခါမွာ ေနာက္ဆံုး ေနတိုးအဖြဲ႔ဝင္ ျဖစ္ဖို႔ေတာင္မွ သူက ႀကိဳးပမ္းေနတဲ့အခ်ိန္္။ ေနတိုးကလည္း ဒါကို ေမွ်ာ္လင့္ခ်က္ႀကီးစြာနဲ႔ ေစာင့္စားေနတဲ့အခ်ိန္မွာ ဒါကို ရုရွားက မလိုလားဘူး။ သူ႔ပတ္ဝန္းက်င္မွာ ေနတိုးရဲ ႔ ကိုယ္စားလွယ္ေတြ မရိွေစခ်င္ဘူး။ သူဘာသာေနရင္ေတာ့ တမ်ဳိးေပါ့။ ယူကရိန္းက အဲဒီလိုျဖစ္လာတဲ့အခါ ရုရွားက စိုးရိမ္လို႔ ျဖစ္လာတယ္ဆိုေတာ့ ဒီကိစၥမွာလည္း ေနတိုးအဖြဲ႔ဝင္ ျဖစ္လာမယ့္ႏုိင္ငံ။ ေနာက္ၿပီး သူတုိ႔ရဲ ႔ အေနာက္ဒီမိုကေရစီႏုိင္ငံလည္း ျဖစ္တယ္။ ဒီအတြက္ သူတုိ႔ ပိုၿပီးေတာ့ ဦးစားေပးတယ္လုိ႔ ထင္ပါတယ္။ ယူကရိန္းသမၼတကိုယ္တုိင္ကလည္း ေျပာတယ္ ေနာက္ပိုင္းမွာ ခင္မ်ားတို႔ က်ဳပ္တုိ႔ႏုိင္ငံကို ကူညီေနရတာ charity သနားလို႔ အလွဴေပးေနတယ္လို႔ မထင္နဲ႔။ ခင္မ်ားတုိ႔ႏုိင္ငံရဲ ႔ လံုၿခံဳေရးကို က်ဳပ္က ေရွ ႔တန္းကေန ကာကြယ္ေနတယ္လုိ႔ ေျပာပါတယ္။ ဒါက ပိုၿပီးေတာ့ အေရးႀကီးတယ္ ထင္ပါတယ္။ ယူကရိန္းကို ဘာေၾကာင့္အေရးေပး ေဆာင္ရြက္ေနလည္းဆိုတာ။
ေမး ။ ။ သမိုင္းေၾကာင္းဆိုင္ရာ အခ်က္အလက္ေတြေၾကာင့္ ျမန္မာနဲ႔ ယူကရိန္းၾကားမွာ ႏုိင္ငံတကာရဲ ႔ အာရံုစိုက္မႈက ပိုၿပီးေတာ့ ကြဲျပားေနတယ္လို႔ ယူဆႏုိင္သလား ဆရာ။
ေျဖ ။ ။ မွန္ပါတယ္။ ဒါကလဲ ေစာေစာကေျပာခဲ့တဲ့ ပထဝီအေနအထားနဲ႔ ဆက္စပ္ေနတာပါပဲ။ ယူကရိန္းမွာ အဓိကအားျဖင့္ ယူကရိန္းမွာရိွတဲ့ ခရိုင္းမီယား (Crimean) ေဒသက သိပ္အေရးပါပါတယ္။ ခရိုင္းမီယားကၽြန္စြယ္ (Crimean Peninsula) ဟာ ရုရွားႏုိင္ငံရဲ ႔ ေတာင္ဘက္ပင္လယ္ကို ထြက္ေပါက္ ျဖစ္ပါတယ္။ ရုရွားႏိုင္ငံမွာ ေျမာက္ဘက္က ပင္လယ္ေတြ အသံုးမက်ပါဘူး။ ဥပမာ Baltic Sea - ေဘာတစ္ပင္လယ္ဆုိရင္ တႏွစ္မွာ ရွစ္လလံုးလံုး ေရခဲေနတယ္။ သူတုိ႔ရဲ ႔ စစ္သေဘၤာေတြ၊ ကုန္သြယ္ေရးသေဘၤာေတြ ဘယ္လိုမွ သံုးလို႔မရ ျဖစ္တယ္။ သူတုိ႔ ေတာင္ဘက္ကို ထြက္ခ်င္တယ္ဆိုရင္ ခရိုင္းမီယားကတဆင့္ Black Sea ကို လာရတယ္။ Bosporus ေရလက္ၾကားကိုျဖတ္မယ္။ ေျမထဲပင္လယ္ (Mediterranean sea) ကတဆင့္ ထြက္ရတယ္။ ဒါေၾကာင့္ သမိုင္းမွာ ခရိုင္းမီယားတို႔ကို Warm water port, Warm water policy - ေရေႏြးဆိပ္ကမ္းလို႔ ေခၚၿပီး၊ ရုရွားအတြက္ သိပ္အေရးႀကီးပါတယ္။ အခု ၂၀၁၄ မွာ သိမ္းခဲ့တာကလည္း အဓိက ဒီကိစၥအတြက္ ရုရွားက ခရိုင္းမီယားကို ရယူခဲ့တာ ျဖစ္ပါတယ္။ သူဟာ ဒီေနရာကို မရရင္ေတာ့ အေနာက္ႏုိင္ငံေတြ ငါကို ပိတ္စို႔ေတာ့မွာပဲဆိုတဲ့ဟာနဲ႔ သူက လက္ဦးမႈရယူ သိမ္းခဲ့တာ ျဖစ္ပါတယ္။ ဒါက အရင္စစ္ပြဲေတြ၊ ဒုတိယကမၻာစစ္နဲ႔ အျခားေသာစစ္ပြဲေတြမတိုင္မီ စစ္ျဖစ္ရင္ ရုရွားက ခရိုင္းမီယားကၽြန္စြယ္ကို ရေအာင္သိမ္းယူရပါတယ္။ ရေအာင္သိမ္းရပါတယ္။ ဒါက သိပ္ကိုအေရးႀကီးတဲ့ကိစၥ ျဖစ္ပါတယ္။
ေမး ။ ။ ႏုိင္ငံအေနအထားအရ သိသာထင္ရွားတဲ့ သဘာဝအရင္းအျမစ္ေတြ မရိွတာ။ ေနာက္တခုကေတာ မဟာဗ်ဴဟာေျမာက္ အားနည္းတယ္။ ဒါေၾကာင့္မို႔လို႔ ျမန္မာႏုိင္ငံအေပၚမွာ အာရံုစိုက္မႈကနည္းတယ္လို႔ ေျပာဆိုေနတာေတြလည္း ရိွပါတယ္။ ဒါက ခိုင္လံုတဲ့အေၾကာင္းျပခ်က္လို႔ ဆိုႏုိင္သလား။
ေျဖ ။ ။ ခိုင္လံုပါတယ္။ ဒါေပမဲ့ သံယဇာတအရင္းအျမစ္က ျမန္မာႏိုင္ငံလည္း မနည္းပါဘူး။ အမ်ားႀကီး ေပါမ်ားပါတယ္။ ဒါေပမဲ့ ျမန္မာႏုိင္ငံက သံယဇာတေတြက အေနာက္ႏုိင္ငံေတြအတြက္ ေလာေလာဆယ္ အပူတျပင္း လိုအပ္ေနတာ immediate need မဟုတ္ဘူး။ ယူကရိန္းမွာ ရိွေနတာက ေကာက္ပဲသီးႏံွေတြေပါ့။ သူတုိ႔က စိုက္ပ်ဳိးခင္းေတြ အလြန္ေအာင္ျမင္တယ္။ ဥေရာပကို စားနပ္ရိကၡာေတြ ျဖန္႔ျဖဴးေပးတဲ့ ႏုိင္ငံ ျဖစ္ေနတယ္။ အဲဒါေၾကာင့္ Bread Basket of the Europe လို႔ ေျပာၾကတယ္။ ျမန္မာလိုေျပာရမယ္ဆိုရင္ စပါးက်ီ - ဆန္ဂိုေထာင္၊ ဆန္အုိးႀကီးလို႔ တင္စားၿပီးေျပာတဲ့ေနရာ ျဖစ္ပါတယ္။ ေလာေလာဆယ္ ယူကရိန္းမွာ ျပႆနာျဖစ္ၿပီးေတာ့ မပို႔ႏုိင္ရင္ ထမင္းငတ္ကုန္မယ္။ အခုပဲ ပါမုန္႔အခက္အခဲေတြ ႀကံဳေတြ႔ေနရတာ အမ်ားႀကီးျဖစ္ပါတယ္ဆိုေတာ့ သူတုိ႔ရဲ ႔ သယံဇာတေတြက ဥေရာပအတြက္ ေလာေလာဆယ္မွာ သိပ္အေရးႀကီးေနတယ္။ အလားတူပါပဲ ေရနံေတြ ဘာေတြလည္း ယူကရိန္းကိုျဖတ္ၿပီးေတာ့ ပို႔ရတယ္။ အဲဒါဆိုေတာ့ ယူကရိန္းက အဓိကက်တဲ့ေနရာ ျဖစ္ေနေတာ့ ျမန္မာႏုိင္ငံထက္ ဥေရာပက ယူကရိန္းကို ဦးစားေပးတာဆုိတာေတာ့ သိပ္မဆန္းပါဘူး။ ဒါကိုလည္း သူတုိ႔ထည့္ၿပီး စဥ္းစားမွာ ျဖစ္ပါတယ္။
ေမး ။ ။ ဒီေတာ့ ယူကရိန္းနဲ႔ ျမန္မာနဲ႔ လူသားခ်င္းစာနာမႈ ေထာက္ထားရမည့္ကိစၥရပ္ေတြမွာေရာ ဘယ္လို အခန္းက႑ကေန ရိွပါသလဲ။ ယူကရိန္းကို ပိုၿပီးေတာ့ ေထာက္ပံ့ေပးေနလား၊ ျမန္မာကို ပိုၿပီးေတာ့ ေထာက္ပံ့ေပးတာ အဲဒီလိုမ်ဳိး ဘယ္လိုအေနအထားမွာ ေျပာႏုိင္ပါသလဲ ဆရာ။
ေျဖ ။ ။ ယူကရိန္းကို ပိုၿပီးေတာ့ ေထာက္ပံ့ေပးေနတယ္ဆိုတာ ယူကရိန္းက ပိုလိုအပ္မယ္လို႔ ထင္ပါတယ္။ ယူကရိန္းဟာ ရုရွားက ဗံုးက်ဲၿပီးေတာ့ အျပင္းအထန္ တိုက္ခိုက္ေနတာ၊ ယူကရိန္းျပည္သူေတြ ေနလို႔မရတာေတြ၊ ေဆးရံုေတြ၊ စာသင္ေက်ာင္းေတြကအစ သတင္းေတြထဲမွာ ေတြ႔ရပါလိမ့္မယ္။ ဆိုေတာ့ ဒီဟာေတြက ယူကရိန္းအတြက္ ပိုၿပီးအကူအညီ လိုအပ္ပါတယ္။ ယူကရိန္းႏုိင္ငံ ျပည္သူေတြဟာ တုိင္းျပည္ထဲမွာေနမရလို႔ အိမ္နီးခ်င္းႏုိင္ငံေတြနဲ႔ ကမၻာ့တဝွမ္း ထြက္ေျပးေနရတဲ့ အေျခအေန ျဖစ္ပါတယ္။ သူတုိ႔ေတြက အကူအညီ ပိုလိုအပ္ေနတာ မွန္ပါတယ္။ ျမန္မာႏိုင္ငံကိုလည္း အကူအညီေပးေနၾကတဲ့ေနရာမွာ သူတုိ႔ ေတာ္ေတာ္မ်ားမ်ား ေပးပါတယ္။ လိုအပ္သေလာက္ေပါ့။ သို႔ေသာ္လဲပဲ ျမန္မာႏုိင္ငံမွာလည္း ေရာက္ရိွဖို႔ အခက္အခဲ ႀကံဳရတယ္။ ဒုကၡသည္ေတြဆီ မေရာက္ႏိုင္ၾကဘူး။ ပိတ္စို႔မႈေတြ၊ ဟန္႔တာမႈေတြ ရိွေနတယ္။ ဘယ္ဘက္က ဆက္သြယ္ရမယ္ဆိုတာ ႀကံဖန္ႀကိဳးစားရတာေတြ ရိွပါတယ္။ ယူကရိန္းမွာလည္း ဒီလိုအခက္အခဲေတြ ရိွေပမဲ့ သူတုိ႔က humanitarian corridor ဆုိၿပီးေတာ့ ႏွစ္ဘက္နားလည္မႈနဲ႔ လမ္းဖြင့္ၿပီးေတာ့ အခါအားေလ်ာ္စြာနဲ႔ လုပ္ေနတာေတြကို ေတြ႔ရပါတယ္။ ယူကရိန္းကိုေတာ့ ပိုေပးရမွာေပါ့။ လိုလည္းလိုအပ္ပါတယ္။
ေမး ။ ။ မၾကာေသးခင္ကပဲ သမၼတဘိုင္ဒန္က Burma Act ဥပေဒမူၾကမ္းကို လက္မွတ္ထိုးလိုက္ပါတယ္။ ဒီထဲမွာ အခ်က္ (၃) ခ်က္ ပါတယ္။ ေငြေၾကးဆိုင္ရာ ေထာက္ပံ့ေပးမယ္။ လူသားခ်င္းစာနာမႈ အကူအညီေတြကို ေပးမယ္။ စစ္လက္နက္မဟုတ္တဲ့ ကီရိယာေတြကို ေထာက္ပံ့ေပးမယ္။ ဒီေပၚမွာ ေတာ္ေတာ္မ်ားမ်ား အားတက္လာတာကိုလည္း ေတြ႔ရပါတယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့လဲ ဘယ္ေလာက္အေနအထားအထိ ထိထိေရာက္ေရာက္ ျဖစ္မယ္လို႔ ေမွ်ာ္လင့္ႏိုင္ပါသလဲ။
ေျဖ ။ ။ အားတက္စရာေကာင္းတဲ့ အကူအညီ ျဖစ္ပါတယ္။ ထိထိေရာက္ေရာက္ဆိုတာ ဘယ္ေလာက္အေနအထားအထိ လိုခ်င္သလဲ။ စာနာမႈ အေထာက္အပံ့ေတြ သက္သာခြင့္ ရရိွေရး ဘာညာဆုိရင္ေတာ့ - အဲဒီေနရာမွာေတာ့ ထိေရာက္မႈ ရိွႏိုင္တယ္ေပါ့။ အခုနေျပာခဲ့တဲ့ ပို႔ေဆာင္ဆက္သြယ္ေရး အခက္အခဲေတြကို logistics ကို ေျပေအာင္လုပ္ႏုိင္ရင္ သူတုိ႔က ပို႔ေပးႏုိင္မွာ ျဖစ္တယ္။ ဒါေပမဲ့ ဘယ္ေလာက္အေနအထားအထိ လိုခ်င္သလဲ။ အခု စစ္အာဏာသိမ္းထားတဲ့ကိစၥ။ စစ္တပ္ကို ႏုိင္ငံေရးအရ ဖယ္ထုတ္ခ်င္တယ္။ အဲဒီကိစၥကေန လြတ္ေျမာက္တဲ့အထိ အကူအညီ လိုခ်င္တယ္ဆိုရင္ေတာ့ အဲဒီအတြက္ေတာ့ မလံုေလာက္ပါဘူး။ အတိုက္အခံေတြဘက္က၊ ခုခံတြန္းလွန္ေရးအင္အားစုေတြကလည္း ေလယာဥ္ပစ္အေျမွာက္ေတြ လိုအပ္တယ္ ဘာညာ တခ်ဳိ ႔ကလည္း ေျပာၾကတယ္။ ေလယာဥ္ပစ္အေျမွာက္ရအံုးေတာ့ အဲဒါဟာ ပြဲၿပီျပတ္တဲ့အထိ လက္နက္အင္အား မဟုတ္ပါဘူး။ ပြဲၿပီျပတ္တဲ့ လက္နက္အင္အားဆုိတာ ဟိုဘက္ကလည္း ရုရွားကလည္း အျပင္းအထန္ ေနာက္ကေန ပံ့ပိုးေပးေနမွာျဖစ္ေတာ့ အဲဒါနဲ႔ အဆင္ေျပႏုိင္တဲ့ အင္အားကို ေပးေနတာျဖစ္မယ္။ ေနာက္ၿပီးေတာ့ တကယ့္အခုိင္အမာ ဖြဲ႔စည္းေလ့က်င့္ထားတဲ့ စစ္တပ္ တကယ္လိုအပ္တယ္။ အဲဒီလိုနဲ႔ ယွဥ္ၿပိဳင္မွာသာ ျဖစ္မွာပါ။ စစ္ေရးအားျဖင့္ အႏုိင္တိုက္ဖို႔ လံုေလာက္တဲ့ အကူအညီေပးပါဆိုရင္ေတာ့ အေနာက္ႏုိင္ငံေတြကလည္း ေပးႏိုင္လိမ့္မယ္ မဟုတ္ပါဘူး။ သူတုိ႔ေပးလာရင္ေတာ့ သူတုိ႔ရဲ ႔ စစ္မ်က္ႏွာအသစ္ကို ဒီဘက္မွာ ဖြင့္လာရတဲ့သေဘာပါ ျဖစ္ပါတယ္။ ယူကရိန္းမွာ ဖြင့္ေနရတာအျပင္ ဒီဘက္မွာလည္းပဲ အလားတူတစ္ခု ျဖစ္လာမယ္ဆိုတာကို သူတုိ႔ လက္ခံႏိုင္မွာ မဟုတ္ပါဘူး။
ေမး ။ ။ ရုရွားက ယူကရိန္းကို က်ဴးေက်ာ္တဲ့စစ္ကို ႏုိင္ငံတကာက ဝိုင္းၿပီးေတာ့ အျပစ္တင္ေနေပမဲ့ တရုတ္ႏုိင္ငံကေတာ့ ဒီအေပၚ ျပင္းျပင္းထန္ထန္ ေဝဖန္တာကို မေတြ႔ရပါဘူး ဆရာ။ ေနာက္ တဘက္မွာၾကေတာ့ ျမန္မာႏုိင္ငံက ရုရွားနဲ႔ နီးစပ္တဲ့ ဆက္ဆံေရး ရိွေနပါတယ္။ အခုလာမယ့္တပတ္မွာ တရုတ္သမၼတ ရီွက်င္ပင္က ရုရွားသမၼတ ပူတင္နဲ႔ ေတြ႔မယ္ဆိုတဲ့ သတင္းေတြလည္း ထြက္ေနပါတယ္။ ဒီအေပၚမွာ ျမန္မာႏုိင္ငံေရးနဲ႔ ပတ္သက္ၿပီးေတာ့ တစံုတရာ ရိုက္ခတ္မႈ ရိွႏိုင္ပါသလား။
ေျဖ ။ ။ တရုတ္သမၼတရဲ ႔ ရုရွားကိုသြားတဲ့ ခရီးစဥ္မွာ သူတုိိ႔ရဲ ႔ Agenda ေတြ ဘာေတြေဆြးေႏြးမလဲဆိုတာေတြကို သူတုိ႔ ထုတ္ျပန္ျခင္း မေတြ႔ရေသးပါဘူး။ က်ေနာ့္အထင္ကို ေျပာရမယ္ဆုိရင္ေတာ့ ယူကရိန္းစစ္က အဓိကက်ပါလိမ့္မယ္။ ယူကရိန္းနဲ႔ ရုရွားနဲ႔ ျပန္လည္သင့္ျမတ္ေရးကို တရုတ္က ညိွႏိႈင္းဖို႔ဆိုၿပီးေတာ့ ေျပာထားတာ ရိွပါတယ္။ ဒီကိစၥေတြတင္မကဘူး၊ တရုတ္ရဲ ႔ ညိွႏိႈင္းေစ့စပ္မႈက တေလာတုန္းက ေအာင္ျမင္မႈေတြလည္း ရရိွခဲ့တာ ေတြ႔ရပါတယ္။ ဥပမာအားျဖင့္ ႏွစ္ေပါင္းမ်ားစြာ ပဋိပကၡျဖစ္ေနတဲ့ ေဆာ္ဒီအာေရဗီယားနဲ႔ အီရန္ဆုိရင္ ဘယ္လိုမွ သင့္ျမတ္ႏုိင္စရာ အေၾကာင္းမရိွဘူး။ တရုတ္က ဝင္ေရာက္ေစ့စပ္ေပးတယ္။ ၿပီခဲ့တဲ့အပတ္က သူတုိ႔ဟာ ေအာင္ျမင္မႈရတယ္။ ဒီိကိစၥကို အေမရိကန္ေတာင္မွ ဘယ္သူပဲ ေစ့စပ္ေစ့စပ္ ေအာင္ျမင္မႈရတယ္၊ ေျပလည္မႈရတယ္ဆိုရင္ သူတုိ႔ ႀကိဳဆိုရမွာပဲလို႔ အေမရိကန္ကိုယ္တုိင္က ေျပာၾကားခဲ့ရပါတယ္။ ဆိုေတာ့ တရုတ္က ရုရွားနဲ႔ ယူကရိန္းကိုလည္း အဲဒီလုိပဲ ေစ့စပ္ဖုိ႔ တခ်ိန္တည္းမွာ ေျပာထားတာပါ။ အဲဒါကိုေတာ့ အေမရိကန္ဘက္က သိပ္လက္မခံခ်င္ဘူး၊ ဘာညာေပါ့။ အတင္းေျပာေနၾကတာ ရိွတယ္။ သို႔ေသာ္လဲပဲ တရုတ္က တကယ္သေဘာထားမွန္နဲ႔ ျပန္လည္သင့္ျမတ္ေရးကို လိုခ်င္တယ္လို႔ က်ေနာ္ကေတာ့ ထင္တယ္။ ဆိုေတာ့ တကယ္လို႔ ရုရွားသမၼတနဲ႔ တရုတ္သမၼတ ေတြ႔တဲ့အခါမွာ ျမန္မာအေၾကာင္းအရာကိုပါ ထည့္ေဆြးေႏြးမယ္ဆိုရင္ ျမန္မာႏုိင္ငံမွာလည္း ေျပလည္မႈ ရရိွေရးအတြက္ ဘယ္လိုလုပ္မလဲဆိုတာကို ေျပာလိမ့္မယ္လို႔ ထင္ပါတယ္။ ျမန္မာႏုိင္ငံမွာ တရုတ္ဟာ စစ္ျဖစ္ဖုိ႔ မလိုခ်င္ဘူး။ ျမန္မာႏိုင္ငံ ေျပလည္ဖို႔ ဘယ္အစိုးရတက္တက္ ၿငိမ္းခ်မ္းေနဖို႔ လိိုခ်င္တယ္။ အဲဒါမွ သူက စီးပြားေရးလုပ္လုိ႔ရမွာ။ သူ႔အက်ဳိးစီးပြားကို အေကာင္အထည္ ေဖာ္ႏိုင္မွာျဖစ္ေတာ့ တရုတ္က စစ္တုိက္ခ်င္တဲ့ႏုိင္ငံလို႔ က်ေနာ္ မယူဆဘူး။ စီးပြားေရးလုပ္ခ်င္တဲ့ ႏုိင္ငံသာ ျဖစ္တယ္။ ဒီကိစၥမွာလည္း သူက ရုရွားနဲ႔ေတြ႔ရင္ သင့္ျမတ္ေရးအတြက္ ဘယ္လုိလုပ္ၾကမလဲဆုိတာကို ေျပာေကာင္းေျပာႏိုင္တယ္လို႔ ထင္ပါတယ္။
ေမး ။ ။ ဒီေတာ့ ျမန္မာႏုိင္ငံေပၚ ႏုိင္ငံတကာကေန ပိုၿပီးေတာ့ အာရံုစိုက္လာႏိုင္တဲ့အေၾကာင္းေကာ ရိွႏိုင္သလား။
ေျဖ ။ ။ တခ်ဳိ ႔ကေတာ့ ယူကရိန္းစစ္ပြဲေၾကာင့္ သိပ္အာရံုမစိုက္ႏုိုင္ဘူးလို႔ ေျပာေနၾကတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ ေစာေစာက ေဆြးေႏြးခဲ့ၾကတဲ့အတုိင္းဆို မဟုတ္ပါဘူး။ ယူကရိန္းစစ္ပြဲျဖစ္လာတာ တႏွစ္ပဲ ရိွေသးတယ္။ ျမန္မာႏုိင္ငံမွာ အာဏာသိမ္းခဲ့တာ ၂ ႏွစ္ ရိွေနၿပီ။ တကယ္လို႔ သူတုိ႔သာ ထိထိေရာက္ေရာက္ ကူညီခ်င္သပဆိုရင္ ယူကရိန္းစစ္ပြဲမျဖစ္ခင္ တႏွစ္လံုးျဖစ္ေနခဲ့တာ သူတို႔ သိပ္မွထိထိေရာက္ေရာက္ မကိုင္ခဲ့ပါဘူး။ သူတုိ႔က အာဆီယံကိုပဲ တြန္းေနၾကတယ္။ အာဆီယံလုပ္ပါ မင္းတိုု႔ေနာက္မွာ ငါလိုက္မယ္ဆိုတပဲ လုုပ္ေနၾကတယ္။ အေနာက္ႏုိင္ငံေတြဟာ ျမန္မာႏုိင္ငံကို သိပ္တက္တက္ၾကြၾကြေတာ့ ကူညီမယ္၊ သို႔ေသာ္လဲပဲ ပြဲျပတ္ေအာင္အထိ မရည္ရြယ္ဘူး။ ယူကရိန္းမွာေတာ့ ပြဲျပတ္ေအာင္အထိ လုပ္မယ္ဆိုတာေတာ့ လံုးဝတာဝန္ယူထားတယ္။ အာဆီယံက ဦးေဆာင္ၿပီေတာ့ လုပ္ဖို႔အတြက္ အာဆီယံကိုပဲ တုိက္တြန္းေပးေနတာ ရိွပါတယ္။ အေနာက္ႏုိင္ငံေတြ ပိုၿပီးေတာ့ စိတ္ဝင္စားလာဖုိ႔အတြက္ တမင္လုပ္ျပလို႔လည္း ရႏုိင္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ သူတုိ႔က သူတုိ႔ႏုိင္ငံရဲ ႔ အမ်ဳိးသားအက်ဳိးစီးပြားနဲ႔ပဲ ေစာေစာက ေျပာခဲ့သလိုပဲ ႏိႈင္းယွဥ္စဥ္းစားရမွာ ျဖစ္ပါတယ္။
ေမး ။ ။ ဟုတ္ကဲ့ပါ ... ေက်းဇူးပါအမ်ားႀကီးတင္ပါတယ္ ဆရာ။
===== Unicode =======
လူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီအစိုးရကို စစ်တပ်က ဖြုတ်ချအာဏာသိမ်းလို့ ဖြစ်လာခဲ့တဲ့ မြန်မာအကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အာရုံစူးစိုက်မှု သိပ်မရှိလှပါဘူး။ ယူကရိန်းကိုသာ ပိုမိုဦးစားပေးနေကြတယ်လို့ ယူဆသူတချို့လည်း ရှိနေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ မြန်မာပြဿနာ ဘယ်လို ကွဲပြားခြားနားပါသလဲ။ ဦးကျော်ဇံသာ ကို မမြသဇင်အောင်က မေးမြန်းဆွေးနွေးထားပါတယ်။
မေး ။ ။ ပြီခဲ့တဲ့အပတ်တုန်းကတော့ အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌ ဖြစ်လာတာနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံအပေါ်မှာ ဘယ်လောက်အထိ ထိထိရောက်ရောက် ထဲထဲဝင်ဝင် ကူညီနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ပါတယ်။ အခု ဒီတပတ်မှာတော့ အနောက်နိုင်ငံတွေ၊ အမေရိကန်အပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအရေးမှာ ယူကရိန်းအရေးလောက် အာရုံစိုက်ပြီးတော့ ကူညီတာကို မတွေ့ရဘူး။ အဲဒီတော့ ဒီနေရာမှာ ဒါကို ခွဲခြားဆက်ဆံတဲ့သဘောလို့ ပြောနိုင်လား ဆရာ။
ဖြေ ။ ။ တချို့ကတော့ ဒီကိစ္စကို ပြောကြမယ်။ မပြောတောင်မှ စဉ်းစားမိကြမယ် ထင်ပါတယ်။ ကျနော် အစဉ်အလာတခုကို ပြောပြရမယ်ဆိုရင် အရင်တုန်းက ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးစစ်ပွဲ ဖြစ်တယ်။ ၁၉၇၀ မှာ။ အဲဒီအခါမှာ အရှေ့ပါကစ္စတန်တပ်တွေ တိုက်တဲ့အတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်ကလူတွေ သန်းနဲ့ချီပြီးတော့ သုံးလေးသန်းလောက်တော့ ထင်ပါတယ်။ အိန္ဒိယဘက်ကို ထွက်ပြေးကြတယ်။ အဲဒီအခါမှာ အိန္ဒိယဝန်ကြီးချုပ် အင်ဒရာဂန္ဓီက ဘာပြောလဲဆိုရင် တကယ်လို့ ဒီပြဿနာသာ ဥရောပမှာဆိုရင် တကကမ္ဘာလုံးက အုံ့အုံ့ကျက်ကျက်နဲ့ ဖြစ်နေမှာ။ အခု ဒို့အာရှတိုက်မှာ ဖြစ်တာမို့လို့ ဥရောပတိုက်သားတွေက ဂရုမစိုက်ကြဘူး။ သူတို့ဒေသက မဟုတ်လို့ဆိုပြီး ပြောခဲ့ဖူးတာတခု ရှိတယ်ဆိုတာကို ကျနော် သွားသတိရမိတယ်။ နောက်တခု နောက်တခု ပြောကြတာလည်း ရှိတယ်။ ဥပမာ ဒုတိယကမ္ဘာစစ်ပြီးတော့ ပြီးခါနီးမှာ ဂျပန်မှာ အနုမြူဗုံးကျဲချလိုက်တယ်။ စစ်ပြီသွားတယ်။ ဆိုတော့ တချို့က အာရှသားတွေက ပြန်ပြီးစဉ်းစားကြတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ နာဇီဂျာမဏီနဲ့ ဖက်ဆစ်ဂျပန် ကျူးလွန်တာ ဘယ်သူက ကျူးလွန်တာ ပိုများသလဲ။ ဘယ်သူ့ကျူးလွန်မှုက ပိုအပြစ်ကြီးသလဲ။ တကယ်တော့ နာဇီဂျာမဏီရဲ့ ကျူးလွန်မှုက ပိုပြီးအပြစ်ကြီးတယ်။ အနုမြူဗုံးကျဲပြီးတော့ ဒဏ်ခတ်ခြင်းခတ်ရမယ်ဆိုရင် ဂျာမဏီကိုပါ ဘာကြောင့်မလုပ်ခဲ့ဘဲနဲ့ ဂျပန်ကိုသာ ဘာကြောင့်လုပ်ရသလဲ။ ဒါက ဥရောပသားကိုညှာပြီး အာရှသားမို့ တမင်ခွဲခြားလုပ်တယ်ဆိုပြီးတော့ အဲဒီလို ကြံကြံဖန်ဖန် တွေးတာရေးတာတချို့လည်း ကျနော် ဖတ်ခဲ့ဖူးပါတယ်ဆိုတော့ အခုကိစ္စမှာလည်း မြန်မာနိုင်ငံက အာရှတိုက်မှာမို့လို့ သူတို့ဥရောပမှာ မဟုတ်လို့ တမင်ခွဲခြားဆက်ဆံတယ်။ အာရှသားမို့လို့ သိပ်ဦးစားမပေးတာများလားလို့ တွေးတဲ့လူလည်း တွေးကောင်တွေးလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော်ကတော့ အဲဒီလောက်အထိ မစဉ်းစားလိုပါဘူး။
မေး ။ ။ အဲဒီတော့ ခွဲခြားဆက်ဆံတယ်လို့ ယူဆမယ်ဆိုရင် ဘယ်အချက်တွေက အဓိကကွာဟချက်တွေ ဖြစ်နိုင်ပါသလဲ။
ဖြေ ။ ။ ခွဲခြားဆက်ဆံတယ်ဆိုတာ အခြေအနေချင်းမတူလို့ ဖြစ်ပါတယ်။ ယူကရိန်းက ဥရောပနိုင်ငံ ဖြစ်တယ်။ မဟာဗျူဟာအရ ပိုပြီးတော့ အရေးပါတယ်။ မြန်မာနိုင်ငံနဲ့ သိပ်ကွာတယ်။ ဒီကိစ္စမှာ။ နောက်ပြီးတော့ ဥရောပရဲ့ ဒီမိုကရေစီ ထွန်းကားတဲ့ နိုင်ငံတွေမှာ ယူကရိန်းက ဒီမိုကရေစီဘက်ကို ထွန်းကားယိမ်းလာတဲ့ နိုင်ငံ ဖြစ်တယ်။ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခဲ့ပြီးကတည်းက ပြီးတော့ အခုအခါမှာ နောက်ဆုံး နေတိုးအဖွဲ့ဝင် ဖြစ်ဖို့တောင်မှ သူက ကြိုးပမ်းနေတဲ့အချိန်။ နေတိုးကလည်း ဒါကို မျှော်လင့်ချက်ကြီးစွာနဲ့ စောင့်စားနေတဲ့အချိန်မှာ ဒါကို ရုရှားက မလိုလားဘူး။ သူ့ပတ်ဝန်းကျင်မှာ နေတိုးရဲ့ ကိုယ်စားလှယ်တွေ မရှိစေချင်ဘူး။ သူဘာသာနေရင်တော့ တမျိုးပေါ့။ ယူကရိန်းက အဲဒီလိုဖြစ်လာတဲ့အခါ ရုရှားက စိုးရိမ်လို့ ဖြစ်လာတယ်ဆိုတော့ ဒီကိစ္စမှာလည်း နေတိုးအဖွဲ့ဝင် ဖြစ်လာမယ့်နိုင်ငံ။ နောက်ပြီး သူတို့ရဲ့ အနောက်ဒီမိုကရေစီနိုင်ငံလည်း ဖြစ်တယ်။ ဒီအတွက် သူတို့ ပိုပြီးတော့ ဦးစားပေးတယ်လို့ ထင်ပါတယ်။ ယူကရိန်းသမ္မတကိုယ်တိုင်ကလည်း ပြောတယ် နောက်ပိုင်းမှာ ခင်များတို့ ကျုပ်တို့နိုင်ငံကို ကူညီနေရတာ charity သနားလို့ အလှူပေးနေတယ်လို့ မထင်နဲ့။ ခင်များတို့နိုင်ငံရဲ့ လုံခြုံရေးကို ကျုပ်က ရှေ့တန်းကနေ ကာကွယ်နေတယ်လို့ ပြောပါတယ်။ ဒါက ပိုပြီးတော့ အရေးကြီးတယ် ထင်ပါတယ်။ ယူကရိန်းကို ဘာကြောင့်အရေးပေး ဆောင်ရွက်နေလည်းဆိုတာ။
မေး ။ ။ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်တွေကြောင့် မြန်မာနဲ့ ယူကရိန်းကြားမှာ နိုင်ငံတကာရဲ့ အာရုံစိုက်မှုက ပိုပြီးတော့ ကွဲပြားနေတယ်လို့ ယူဆနိုင်သလား ဆရာ။
ဖြေ ။ ။ မှန်ပါတယ်။ ဒါကလဲ စောစောကပြောခဲ့တဲ့ ပထဝီအနေအထားနဲ့ ဆက်စပ်နေတာပါပဲ။ ယူကရိန်းမှာ အဓိကအားဖြင့် ယူကရိန်းမှာရှိတဲ့ ခရိုင်းမီယား (Crimean) ဒေသက သိပ်အရေးပါပါတယ်။ ခရိုင်းမီယားကျွန်စွယ် (Crimean Peninsula) ဟာ ရုရှားနိုင်ငံရဲ့ တောင်ဘက်ပင်လယ်ကို ထွက်ပေါက် ဖြစ်ပါတယ်။ ရုရှားနိုင်ငံမှာ မြောက်ဘက်က ပင်လယ်တွေ အသုံးမကျပါဘူး။ ဥပမာ Baltic Sea - ဘောတစ်ပင်လယ်ဆိုရင် တနှစ်မှာ ရှစ်လလုံးလုံး ရေခဲနေတယ်။ သူတို့ရဲ့ စစ်သင်္ဘောတွေ၊ ကုန်သွယ်ရေးသင်္ဘောတွေ ဘယ်လိုမှ သုံးလို့မရ ဖြစ်တယ်။ သူတို့ တောင်ဘက်ကို ထွက်ချင်တယ်ဆိုရင် ခရိုင်းမီယားကတဆင့် Black Sea ကို လာရတယ်။ Bosporus ရေလက်ကြားကိုဖြတ်မယ်။ မြေထဲပင်လယ် (Mediterranean sea) ကတဆင့် ထွက်ရတယ်။ ဒါကြောင့် သမိုင်းမှာ ခရိုင်းမီယားတို့ကို Warm water port, Warm water policy - ရေနွေးဆိပ်ကမ်းလို့ ခေါ်ပြီး၊ ရုရှားအတွက် သိပ်အရေးကြီးပါတယ်။ အခု ၂၀၁၄ မှာ သိမ်းခဲ့တာကလည်း အဓိက ဒီကိစ္စအတွက် ရုရှားက ခရိုင်းမီယားကို ရယူခဲ့တာ ဖြစ်ပါတယ်။ သူဟာ ဒီနေရာကို မရရင်တော့ အနောက်နိုင်ငံတွေ ငါကို ပိတ်စို့တော့မှာပဲဆိုတဲ့ဟာနဲ့ သူက လက်ဦးမှုရယူ သိမ်းခဲ့တာ ဖြစ်ပါတယ်။ ဒါက အရင်စစ်ပွဲတွေ၊ ဒုတိယကမ္ဘာစစ်နဲ့ အခြားသောစစ်ပွဲတွေမတိုင်မီ စစ်ဖြစ်ရင် ရုရှားက ခရိုင်းမီယားကျွန်စွယ်ကို ရအောင်သိမ်းယူရပါတယ်။ ရအောင်သိမ်းရပါတယ်။ ဒါက သိပ်ကိုအရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
မေး ။ ။ နိုင်ငံအနေအထားအရ သိသာထင်ရှားတဲ့ သဘာဝအရင်းအမြစ်တွေ မရှိတာ။ နောက်တခုကတော မဟာဗျူဟာမြောက် အားနည်းတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံအပေါ်မှာ အာရုံစိုက်မှုကနည်းတယ်လို့ ပြောဆိုနေတာတွေလည်း ရှိပါတယ်။ ဒါက ခိုင်လုံတဲ့အကြောင်းပြချက်လို့ ဆိုနိုင်သလား။
ဖြေ ။ ။ ခိုင်လုံပါတယ်။ ဒါပေမဲ့ သံယဇာတအရင်းအမြစ်က မြန်မာနိုင်ငံလည်း မနည်းပါဘူး။ အများကြီး ပေါများပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံက သံယဇာတတွေက အနောက်နိုင်ငံတွေအတွက် လောလောဆယ် အပူတပြင်း လိုအပ်နေတာ immediate need မဟုတ်ဘူး။ ယူကရိန်းမှာ ရှိနေတာက ကောက်ပဲသီးနှံတွေပေါ့။ သူတို့က စိုက်ပျိုးခင်းတွေ အလွန်အောင်မြင်တယ်။ ဥရောပကို စားနပ်ရိက္ခာတွေ ဖြန့်ဖြူးပေးတဲ့ နိုင်ငံ ဖြစ်နေတယ်။ အဲဒါကြောင့် Bread Basket of the Europe လို့ ပြောကြတယ်။ မြန်မာလိုပြောရမယ်ဆိုရင် စပါးကျီ - ဆန်ဂိုထောင်၊ ဆန်အိုးကြီးလို့ တင်စားပြီးပြောတဲ့နေရာ ဖြစ်ပါတယ်။ လောလောဆယ် ယူကရိန်းမှာ ပြဿနာဖြစ်ပြီးတော့ မပို့နိုင်ရင် ထမင်းငတ်ကုန်မယ်။ အခုပဲ ပါမုန့်အခက်အခဲတွေ ကြုံတွေ့နေရတာ အများကြီးဖြစ်ပါတယ်ဆိုတော့ သူတို့ရဲ့ သယံဇာတတွေက ဥရောပအတွက် လောလောဆယ်မှာ သိပ်အရေးကြီးနေတယ်။ အလားတူပါပဲ ရေနံတွေ ဘာတွေလည်း ယူကရိန်းကိုဖြတ်ပြီးတော့ ပို့ရတယ်။ အဲဒါဆိုတော့ ယူကရိန်းက အဓိကကျတဲ့နေရာ ဖြစ်နေတော့ မြန်မာနိုင်ငံထက် ဥရောပက ယူကရိန်းကို ဦးစားပေးတာဆိုတာတော့ သိပ်မဆန်းပါဘူး။ ဒါကိုလည်း သူတို့ထည့်ပြီး စဉ်းစားမှာ ဖြစ်ပါတယ်။
မေး ။ ။ ဒီတော့ ယူကရိန်းနဲ့ မြန်မာနဲ့ လူသားချင်းစာနာမှု ထောက်ထားရမည့်ကိစ္စရပ်တွေမှာရော ဘယ်လို အခန်းကဏ္ဍကနေ ရှိပါသလဲ။ ယူကရိန်းကို ပိုပြီးတော့ ထောက်ပံ့ပေးနေလား၊ မြန်မာကို ပိုပြီးတော့ ထောက်ပံ့ပေးတာ အဲဒီလိုမျိုး ဘယ်လိုအနေအထားမှာ ပြောနိုင်ပါသလဲ ဆရာ။
ဖြေ ။ ။ ယူကရိန်းကို ပိုပြီးတော့ ထောက်ပံ့ပေးနေတယ်ဆိုတာ ယူကရိန်းက ပိုလိုအပ်မယ်လို့ ထင်ပါတယ်။ ယူကရိန်းဟာ ရုရှားက ဗုံးကျဲပြီးတော့ အပြင်းအထန် တိုက်ခိုက်နေတာ၊ ယူကရိန်းပြည်သူတွေ နေလို့မရတာတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကအစ သတင်းတွေထဲမှာ တွေ့ရပါလိမ့်မယ်။ ဆိုတော့ ဒီဟာတွေက ယူကရိန်းအတွက် ပိုပြီးအကူအညီ လိုအပ်ပါတယ်။ ယူကရိန်းနိုင်ငံ ပြည်သူတွေဟာ တိုင်းပြည်ထဲမှာနေမရလို့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့တဝှမ်း ထွက်ပြေးနေရတဲ့ အခြေအနေ ဖြစ်ပါတယ်။ သူတို့တွေက အကူအညီ ပိုလိုအပ်နေတာ မှန်ပါတယ်။ မြန်မာနိုင်ငံကိုလည်း အကူအညီပေးနေကြတဲ့နေရာမှာ သူတို့ တော်တော်များများ ပေးပါတယ်။ လိုအပ်သလောက်ပေါ့။ သို့သော်လဲပဲ မြန်မာနိုင်ငံမှာလည်း ရောက်ရှိဖို့ အခက်အခဲ ကြုံရတယ်။ ဒုက္ခသည်တွေဆီ မရောက်နိုင်ကြဘူး။ ပိတ်စို့မှုတွေ၊ ဟန့်တာမှုတွေ ရှိနေတယ်။ ဘယ်ဘက်က ဆက်သွယ်ရမယ်ဆိုတာ ကြံဖန်ကြိုးစားရတာတွေ ရှိပါတယ်။ ယူကရိန်းမှာလည်း ဒီလိုအခက်အခဲတွေ ရှိပေမဲ့ သူတို့က humanitarian corridor ဆိုပြီးတော့ နှစ်ဘက်နားလည်မှုနဲ့ လမ်းဖွင့်ပြီးတော့ အခါအားလျော်စွာနဲ့ လုပ်နေတာတွေကို တွေ့ရပါတယ်။ ယူကရိန်းကိုတော့ ပိုပေးရမှာပေါ့။ လိုလည်းလိုအပ်ပါတယ်။
မေး ။ ။ မကြာသေးခင်ကပဲ သမ္မတဘိုင်ဒန်က Burma Act ဥပဒေမူကြမ်းကို လက်မှတ်ထိုးလိုက်ပါတယ်။ ဒီထဲမှာ အချက် (၃) ချက် ပါတယ်။ ငွေကြေးဆိုင်ရာ ထောက်ပံ့ပေးမယ်။ လူသားချင်းစာနာမှု အကူအညီတွေကို ပေးမယ်။ စစ်လက်နက်မဟုတ်တဲ့ ကီရိယာတွေကို ထောက်ပံ့ပေးမယ်။ ဒီပေါ်မှာ တော်တော်များများ အားတက်လာတာကိုလည်း တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လဲ ဘယ်လောက်အနေအထားအထိ ထိထိရောက်ရောက် ဖြစ်မယ်လို့ မျှော်လင့်နိုင်ပါသလဲ။
ဖြေ ။ ။ အားတက်စရာကောင်းတဲ့ အကူအညီ ဖြစ်ပါတယ်။ ထိထိရောက်ရောက်ဆိုတာ ဘယ်လောက်အနေအထားအထိ လိုချင်သလဲ။ စာနာမှု အထောက်အပံ့တွေ သက်သာခွင့် ရရှိရေး ဘာညာဆိုရင်တော့ - အဲဒီနေရာမှာတော့ ထိရောက်မှု ရှိနိုင်တယ်ပေါ့။ အခုနပြောခဲ့တဲ့ ပို့ဆောင်ဆက်သွယ်ရေး အခက်အခဲတွေကို logistics ကို ပြေအောင်လုပ်နိုင်ရင် သူတို့က ပို့ပေးနိုင်မှာ ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လောက်အနေအထားအထိ လိုချင်သလဲ။ အခု စစ်အာဏာသိမ်းထားတဲ့ကိစ္စ။ စစ်တပ်ကို နိုင်ငံရေးအရ ဖယ်ထုတ်ချင်တယ်။ အဲဒီကိစ္စကနေ လွတ်မြောက်တဲ့အထိ အကူအညီ လိုချင်တယ်ဆိုရင်တော့ အဲဒီအတွက်တော့ မလုံလောက်ပါဘူး။ အတိုက်အခံတွေဘက်က၊ ခုခံတွန်းလှန်ရေးအင်အားစုတွေကလည်း လေယာဉ်ပစ်အမြှောက်တွေ လိုအပ်တယ် ဘာညာ တချို့ကလည်း ပြောကြတယ်။ လေယာဉ်ပစ်အမြှောက်ရအုံးတော့ အဲဒါဟာ ပွဲပြီပြတ်တဲ့အထိ လက်နက်အင်အား မဟုတ်ပါဘူး။ ပွဲပြီပြတ်တဲ့ လက်နက်အင်အားဆိုတာ ဟိုဘက်ကလည်း ရုရှားကလည်း အပြင်းအထန် နောက်ကနေ ပံ့ပိုးပေးနေမှာဖြစ်တော့ အဲဒါနဲ့ အဆင်ပြေနိုင်တဲ့ အင်အားကို ပေးနေတာဖြစ်မယ်။ နောက်ပြီးတော့ တကယ့်အခိုင်အမာ ဖွဲ့စည်းလေ့ကျင့်ထားတဲ့ စစ်တပ် တကယ်လိုအပ်တယ်။ အဲဒီလိုနဲ့ ယှဉ်ပြိုင်မှာသာ ဖြစ်မှာပါ။ စစ်ရေးအားဖြင့် အနိုင်တိုက်ဖို့ လုံလောက်တဲ့ အကူအညီပေးပါဆိုရင်တော့ အနောက်နိုင်ငံတွေကလည်း ပေးနိုင်လိမ့်မယ် မဟုတ်ပါဘူး။ သူတို့ပေးလာရင်တော့ သူတို့ရဲ့ စစ်မျက်နှာအသစ်ကို ဒီဘက်မှာ ဖွင့်လာရတဲ့သဘောပါ ဖြစ်ပါတယ်။ ယူကရိန်းမှာ ဖွင့်နေရတာအပြင် ဒီဘက်မှာလည်းပဲ အလားတူတစ်ခု ဖြစ်လာမယ်ဆိုတာကို သူတို့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။
မေး ။ ။ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့စစ်ကို နိုင်ငံတကာက ဝိုင်းပြီးတော့ အပြစ်တင်နေပေမဲ့ တရုတ်နိုင်ငံကတော့ ဒီအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်တာကို မတွေ့ရပါဘူး ဆရာ။ နောက် တဘက်မှာကြတော့ မြန်မာနိုင်ငံက ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိနေပါတယ်။ အခုလာမယ့်တပတ်မှာ တရုတ်သမ္မတ ရှီကျင်ပင်က ရုရှားသမ္မတ ပူတင်နဲ့ တွေ့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။ ဒီအပေါ်မှာ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ တစုံတရာ ရိုက်ခတ်မှု ရှိနိုင်ပါသလား။
ဖြေ ။ ။ တရုတ်သမ္မတရဲ့ ရုရှားကိုသွားတဲ့ ခရီးစဉ်မှာ သူတို့ရဲ့ Agenda တွေ ဘာတွေဆွေးနွေးမလဲဆိုတာတွေကို သူတို့ ထုတ်ပြန်ခြင်း မတွေ့ရသေးပါဘူး။ ကျနော့်အထင်ကို ပြောရမယ်ဆိုရင်တော့ ယူကရိန်းစစ်က အဓိကကျပါလိမ့်မယ်။ ယူကရိန်းနဲ့ ရုရှားနဲ့ ပြန်လည်သင့်မြတ်ရေးကို တရုတ်က ညှိနှိုင်းဖို့ဆိုပြီးတော့ ပြောထားတာ ရှိပါတယ်။ ဒီကိစ္စတွေတင်မကဘူး၊ တရုတ်ရဲ့ ညှိနှိုင်းစေ့စပ်မှုက တလောတုန်းက အောင်မြင်မှုတွေလည်း ရရှိခဲ့တာ တွေ့ရပါတယ်။ ဥပမာအားဖြင့် နှစ်ပေါင်းများစွာ ပဋိပက္ခဖြစ်နေတဲ့ ဆော်ဒီအာရေဗီယားနဲ့ အီရန်ဆိုရင် ဘယ်လိုမှ သင့်မြတ်နိုင်စရာ အကြောင်းမရှိဘူး။ တရုတ်က ဝင်ရောက်စေ့စပ်ပေးတယ်။ ပြီခဲ့တဲ့အပတ်က သူတို့ဟာ အောင်မြင်မှုရတယ်။ ဒီကိစ္စကို အမေရိကန်တောင်မှ ဘယ်သူပဲ စေ့စပ်စေ့စပ် အောင်မြင်မှုရတယ်၊ ပြေလည်မှုရတယ်ဆိုရင် သူတို့ ကြိုဆိုရမှာပဲလို့ အမေရိကန်ကိုယ်တိုင်က ပြောကြားခဲ့ရပါတယ်။ ဆိုတော့ တရုတ်က ရုရှားနဲ့ ယူကရိန်းကိုလည်း အဲဒီလိုပဲ စေ့စပ်ဖို့ တချိန်တည်းမှာ ပြောထားတာပါ။ အဲဒါကိုတော့ အမေရိကန်ဘက်က သိပ်လက်မခံချင်ဘူး၊ ဘာညာပေါ့။ အတင်းပြောနေကြတာ ရှိတယ်။ သို့သော်လဲပဲ တရုတ်က တကယ်သဘောထားမှန်နဲ့ ပြန်လည်သင့်မြတ်ရေးကို လိုချင်တယ်လို့ ကျနော်ကတော့ ထင်တယ်။ ဆိုတော့ တကယ်လို့ ရုရှားသမ္မတနဲ့ တရုတ်သမ္မတ တွေ့တဲ့အခါမှာ မြန်မာအကြောင်းအရာကိုပါ ထည့်ဆွေးနွေးမယ်ဆိုရင် မြန်မာနိုင်ငံမှာလည်း ပြေလည်မှု ရရှိရေးအတွက် ဘယ်လိုလုပ်မလဲဆိုတာကို ပြောလိမ့်မယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ဟာ စစ်ဖြစ်ဖို့ မလိုချင်ဘူး။ မြန်မာနိုင်ငံ ပြေလည်ဖို့ ဘယ်အစိုးရတက်တက် ငြိမ်းချမ်းနေဖို့ လိုချင်တယ်။ အဲဒါမှ သူက စီးပွားရေးလုပ်လို့ရမှာ။ သူ့အကျိုးစီးပွားကို အကောင်အထည် ဖော်နိုင်မှာဖြစ်တော့ တရုတ်က စစ်တိုက်ချင်တဲ့နိုင်ငံလို့ ကျနော် မယူဆဘူး။ စီးပွားရေးလုပ်ချင်တဲ့ နိုင်ငံသာ ဖြစ်တယ်။ ဒီကိစ္စမှာလည်း သူက ရုရှားနဲ့တွေ့ရင် သင့်မြတ်ရေးအတွက် ဘယ်လိုလုပ်ကြမလဲဆိုတာကို ပြောကောင်းပြောနိုင်တယ်လို့ ထင်ပါတယ်။
မေး ။ ။ ဒီတော့ မြန်မာနိုင်ငံပေါ် နိုင်ငံတကာကနေ ပိုပြီးတော့ အာရုံစိုက်လာနိုင်တဲ့အကြောင်းကော ရှိနိုင်သလား။
ဖြေ ။ ။ တချို့ကတော့ ယူကရိန်းစစ်ပွဲကြောင့် သိပ်အာရုံမစိုက်နိုုင်ဘူးလို့ ပြောနေကြတယ်။ ဒါပေမဲ့ ကျနော်တို့ စောစောက ဆွေးနွေးခဲ့ကြတဲ့အတိုင်းဆို မဟုတ်ပါဘူး။ ယူကရိန်းစစ်ပွဲဖြစ်လာတာ တနှစ်ပဲ ရှိသေးတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းခဲ့တာ ၂ နှစ် ရှိနေပြီ။ တကယ်လို့ သူတို့သာ ထိထိရောက်ရောက် ကူညီချင်သပဆိုရင် ယူကရိန်းစစ်ပွဲမဖြစ်ခင် တနှစ်လုံးဖြစ်နေခဲ့တာ သူတို့ သိပ်မှထိထိရောက်ရောက် မကိုင်ခဲ့ပါဘူး။ သူတို့က အာဆီယံကိုပဲ တွန်းနေကြတယ်။ အာဆီယံလုပ်ပါ မင်းတို့နောက်မှာ ငါလိုက်မယ်ဆိုတပဲ လုပ်နေကြတယ်။ အနောက်နိုင်ငံတွေဟာ မြန်မာနိုင်ငံကို သိပ်တက်တက်ကြွကြွတော့ ကူညီမယ်၊ သို့သော်လဲပဲ ပွဲပြတ်အောင်အထိ မရည်ရွယ်ဘူး။ ယူကရိန်းမှာတော့ ပွဲပြတ်အောင်အထိ လုပ်မယ်ဆိုတာတော့ လုံးဝတာဝန်ယူထားတယ်။ အာဆီယံက ဦးဆောင်ပြီတော့ လုပ်ဖို့အတွက် အာဆီယံကိုပဲ တိုက်တွန်းပေးနေတာ ရှိပါတယ်။ အနောက်နိုင်ငံတွေ ပိုပြီးတော့ စိတ်ဝင်စားလာဖို့အတွက် တမင်လုပ်ပြလို့လည်း ရနိုင်မယ်လို့ ကျနော် မထင်ပါဘူး။ သူတို့က သူတို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ပဲ စောစောက ပြောခဲ့သလိုပဲ နှိုင်းယှဉ်စဉ်းစားရမှာ ဖြစ်ပါတယ်။
မေး ။ ။ ဟုတ်ကဲ့ပါ ... ကျေးဇူးပါအများကြီးတင်ပါတယ် ဆရာ။