သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ဆႏၵျပပြဲသတင္းယူေနတဲ့ ဘီဘီစီသတင္းေထာက္ ယာယီ ထိန္းသိမ္းခံရ


တ႐ုတ္ႏိုင္ငံ၊ ရွန္ဟိုင္းၿမိဳ႕မွာ အစိုးရရဲ႕ ကုိဗစ္ကင္းစင္ေရးမူဝါဒအရ တင္းက်ပ္တဲ့စည္းမ်ဥ္းေတြကို ကန္႔ကြက္ေနၾကသူေတြကို ရဲတပ္ဖြဲ႔က အင္အားသံုးဖမ္းဆီးေနပံု။ (ႏိုဝင္ဘာ ၂၇၊ ၂၀၂၂)

[[Zawgyi/Unicode]]

တ႐ုတ္ႏိုင္ငံ ရွန္ဟိုင္းၿမိဳ႕ ဆႏၵျပပြဲတခုအတြင္း BBC အသံလႊင့္ဌာန သတင္းေထာက္တေယာက္ကို ရဲေတြက ဖမ္းဆီးၿပီး နာရီေတာ္ေတာ္ၾကာ ထိန္းသိမ္းခဲ့တဲ့အေပၚ စိတ္အေႏွာင့္အယွက္ျဖစ္မိတယ္လို႔ ၿဗိတိန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။ တ႐ုတ္ဘက္ကေတာ့ ဒီသတင္းေထာက္က သူ႔ကိုယ္သူ သတင္းေထာက္ လို႔ မေျပာခဲ့သလို သတင္းေထာက္ျဖစ္တဲ့အေထာက္အထားလည္း မျပခဲ့ဘူးလို႔ ျပန္ၿပီးတုံ႔ျပန္ေျပာပါတယ္။

BBC အသံလႊင့္ဌာန သတင္းေထာက္ Ed Lawrence က ရွန္ဟိုင္းမွာ ဆႏၵျပပြဲေတြကို သတင္းယူရင္း အဖမ္းခံခဲ့ရတာပါ။

Ed Lawrence ကိုမလႊတ္ခင္ နာရီအေတာ္ၾကာဖမ္းဆီးထားၿပီး အဖမ္းခံေနရခ်ိန္မွာ ရဲေတြက သူ႔ကို ႐ိုက္ႏွက္ ကန္ေက်ာက္ေၾကာင္း၊ သတင္းေထာက္တေယာက္အျဖစ္ တရားဝင္ခြင့္ျပဳခ်က္နဲ႔ အလုပ္လုပ္ေနခ်ိန္မွာ အခု အျဖစ္အပ်က္ ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း ဘီဘီစီသတင္းဌာနက ေျပာပါတယ္။

BBC ထုတ္ျပန္ခ်က္ေတြက အျဖစ္အပ်က္နဲ႔ ကြာဟေနသလို မွန္ကန္မႈမရွိဘူးလို႔ တ႐ုတ္ႏိုင္ငံျခားေရးဌာန ေျပာခြင့္ရ Zhao Lijian ကေျပာပါတယ္။

ကိုဗစ္တေက်ာ့ျပန္ျဖစ္ေနတဲ့ တ႐ုတ္မွာ တင္းၾကပ္တဲ့စည္းမ်ဥ္းေတြေၾကာင့္ ၿပီးခဲ့တဲ့ရက္ပိုင္းေတြအတြင္း ရွန္ဟိုင္း၊ ေဘဂ်င္းနဲ႔ တျခားၿမိဳ႕ႀကီးေတြမွာ ဆႏၵျပပြဲေတြေပၚေပါက္ေနသလို ဒါဟာ သမၼတ Xi Jinping လက္ထက္ မႀကဳံစဖူး အာဏာဖီဆန္ ဆႏၵျပေနၾကတာလည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

တရုတ်မှာ ဆန္ဒပြပွဲသတင်းယူနေတဲ့ ဘီဘီစီသတင်းထောက် ယာယီ ထိန်းသိမ်းခံရ

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ဆန္ဒပြပွဲတခုအတွင်း BBC အသံလွှင့်ဌာန သတင်းထောက်တယောက်ကို ရဲတွေက ဖမ်းဆီးပြီး နာရီတော်တော်ကြာ ထိန်းသိမ်းခဲ့တဲ့အပေါ် စိတ်အနှောင့်အယှက်ဖြစ်မိတယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ တရုတ်ဘက်ကတော့ ဒီသတင်းထောက်က သူ့ကိုယ်သူ သတင်းထောက် လို့ မပြောခဲ့သလို သတင်းထောက်ဖြစ်တဲ့အထောက်အထားလည်း မပြခဲ့ဘူးလို့ ပြန်ပြီးတုံ့ပြန်ပြောပါတယ်။

BBC အသံလွှင့်ဌာန သတင်းထောက် Ed Lawrence က ရှန်ဟိုင်းမှာ ဆန္ဒပြပွဲတွေကို သတင်းယူရင်း အဖမ်းခံခဲ့ရတာပါ။

Ed Lawrence ကိုမလွှတ်ခင် နာရီအတော်ကြာဖမ်းဆီးထားပြီး အဖမ်းခံနေရချိန်မှာ ရဲတွေက သူ့ကို ရိုက်နှက် ကန်ကျောက်ကြောင်း၊ သတင်းထောက်တယောက်အဖြစ် တရားဝင်ခွင့်ပြုချက်နဲ့ အလုပ်လုပ်နေချိန်မှာ အခု အဖြစ်အပျက် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဘီဘီစီသတင်းဌာနက ပြောပါတယ်။

BBC ထုတ်ပြန်ချက်တွေက အဖြစ်အပျက်နဲ့ ကွာဟနေသလို မှန်ကန်မှုမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Zhao Lijian ကပြောပါတယ်။

ကိုဗစ်တကျော့ပြန်ဖြစ်နေတဲ့ တရုတ်မှာ တင်းကြပ်တဲ့စည်းမျဉ်းတွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း ရှန်ဟိုင်း၊ ဘေဂျင်းနဲ့ တခြားမြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေပေါ်ပေါက်နေသလို ဒါဟာ သမ္မတ Xi Jinping လက်ထက် မကြုံစဖူး အာဏာဖီဆန် ဆန္ဒပြနေကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG