သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္လႊတ္ေတာ္အမတ္ ၅ ဦး ထိုင္ဝမ္ကို သြားေရာက္


ထုိင္ဝန္ႏုိင္ငံျခားေရးဝန္ႀကီး Joseph Wu က အေမရိကန္အထက္လႊတ္ေတာ္အမတ္ Markey ဦးေဆာင္တဲ့ ငါးဦးအဖြဲ႔ကို ေတြ႔ဆံုစဥ္။ (ၾသဂုတ္ ၁၅၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အေမရိကန္လႊတ္ေတာ္အမတ္ ၅ ဦး ထိုင္ဝမ္ကၽြန္းကိုေရာက္ေနၿပီး သမၼတ Tsai Ing-wan နဲ႔ ေတြ႔ဆုံေနခ်ိန္မွာပဲ ထိုင္ဝမ္ကၽြန္းအနီးမွာ ဒီကေန႔ တနလၤာေန႔မွာ စစ္ေရးေလ့က်င့္မႈေတြ ထပ္မံ ျပဳလုပ္ခဲ့ေၾကာင္း တ႐ုတ္စစ္တပ္က ေျပာပါတယ္။ တ႐ုတ္တို႔က ပိုင္ဆိုင္ေၾကာင္း ေျပာဆိုေနတဲ့ ထိုင္ဝမ္ကၽြန္းကို အခုလို အေမရိကန္ လႊတ္ေတာ္အမတ္ေတြ သြားေရာက္တာဟာ တ႐ုတ္တို႔ရဲ႕ အခ်ဳပ္အျခာပိုင္ဆိုင္မႈကို ထိပါးတာလို႔ ေျပာပါတယ္။

အထက္လႊတ္ေတာ္အမတ္ Ed Murkey ဦးေဆာင္တဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ၅ ဦးဟာ ႀကိဳတင္ ေၾကညာထားျခင္းမရွိဘဲ တနဂၤေႏြေန႔ေနွာင္းပိုင္းက ထိုင္ဝမ္ကၽြန္းကို ေရာက္လာၾကတာပါ။ ဒါဟာ ေအာက္လႊတ္ေတာ္ဥကၠ႒ Nancy Pelosi အခုလဆန္းပိုင္းမွာ ထိုင္ဝမ္ကၽြန္းကို သြားေရာက္ၿပီးေနာက္ ဒုတိယေျမာက္ အေမရိကန္ ကိုယ္စားလွယ္အဖြဲ႔ ေရာက္လာတာပါ။ Nancy Pelosi ခရီးစဥ္ေနာက္မွာ တ႐ုတ္ အစိုးရက ထိုင္ဝမ္ကၽြန္းအနီး ရက္အတန္ၾကာ စစ္ေရးေလ့က်င့္မႈေတြ ဆက္တိုက္ ျပဳလုပ္ခဲ့ပါတယ္။

ထိုင္ဝမ္ကၽြန္းအနီး တပ္ေပါင္းစုံပါဝင္တဲ့ တိုက္ပြဲအသင့္ျဖစ္ေနေရးကင္းလွည့္တာနဲ႔ စစ္ေရးေလ့က်င့္မႈေတြ တနလၤာေန႔က ျပဳလုပ္ခဲ့ေၾကာင္း တ႐ုတ္စစ္တပ္ အေရွ႕ပိုင္း စစ္မ်က္ႏွာျဖစ္တဲ့ ထိုင္ဝမ္ကၽြန္းေဒသကို တာဝန္ယူရတဲ့ တပ္ဖြဲ႔ခြဲက ေျပာပါတယ္။

အေမရိကန္နဲ႔ထိုင္ဝမ္ကၽြန္းတို႔က လုပ္ေဆာင္ေနတဲ့ ႏိုင္ငံေရးလွည့္ကြက္ေတြကို ဟန္႔တားႏိုင္ေရးအတြက္ ဒီစစ္ေရးေလ့က်င့္မႈကို လုပ္ေဆာင္ျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။

တ႐ုတ္တို႔ရဲ႕ အခုလို စစ္ေရးေလ့က်င့္တဲ့ အျပဳအမူေတြက ႏိုင္ငံျခားမိတ္ေဆြေတြ လာေရာက္လည္ပတ္တာကို ဟန္႔တားေစမွာမဟုတ္ဘူးလို႔ ထိုင္ဝမ္ဝန္ႀကီးခ်ဳပ္ Su Tseng-chang က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]


အမေရိကန်လွှတ်တော်အမတ် ၅ ဦး ထိုင်ဝမ်ကို သွားရောက်

အမေရိကန်လွှတ်တော်အမတ် ၅ ဦး ထိုင်ဝမ်ကျွန်းကိုရောက်နေပြီး သမ္မတ Tsai Ing-wan နဲ့ တွေ့ဆုံနေချိန်မှာပဲ ထိုင်ဝမ်ကျွန်းအနီးမှာ ဒီကနေ့ တနင်္လာနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ ထပ်မံ ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ်က ပြောပါတယ်။ တရုတ်တို့က ပိုင်ဆိုင်ကြောင်း ပြောဆိုနေတဲ့ ထိုင်ဝမ်ကျွန်းကို အခုလို အမေရိကန် လွှတ်တော်အမတ်တွေ သွားရောက်တာဟာ တရုတ်တို့ရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို ထိပါးတာလို့ ပြောပါတယ်။

အထက်လွှတ်တော်အမတ် Ed Murkey ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးဟာ ကြိုတင် ကြေညာထားခြင်းမရှိဘဲ တနင်္ဂနွေနေ့နှောင်းပိုင်းက ထိုင်ဝမ်ကျွန်းကို ရောက်လာကြတာပါ။ ဒါဟာ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi အခုလဆန်းပိုင်းမှာ ထိုင်ဝမ်ကျွန်းကို သွားရောက်ပြီးနောက် ဒုတိယမြောက် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ရောက်လာတာပါ။ Nancy Pelosi ခရီးစဉ်နောက်မှာ တရုတ် အစိုးရက ထိုင်ဝမ်ကျွန်းအနီး ရက်အတန်ကြာ စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက် ပြုလုပ်ခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းအနီး တပ်ပေါင်းစုံပါဝင်တဲ့ တိုက်ပွဲအသင့်ဖြစ်နေရေးကင်းလှည့်တာနဲ့ စစ်ရေးလေ့ကျင့်မှုတွေ တနင်္လာနေ့က ပြုလုပ်ခဲ့ကြောင်း တရုတ်စစ်တပ် အရှေ့ပိုင်း စစ်မျက်နှာဖြစ်တဲ့ ထိုင်ဝမ်ကျွန်းဒေသကို တာဝန်ယူရတဲ့ တပ်ဖွဲ့ခွဲက ပြောပါတယ်။

အမေရိကန်နဲ့ထိုင်ဝမ်ကျွန်းတို့က လုပ်ဆောင်နေတဲ့ နိုင်ငံရေးလှည့်ကွက်တွေကို ဟန့်တားနိုင်ရေးအတွက် ဒီစစ်ရေးလေ့ကျင့်မှုကို လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်တို့ရဲ့ အခုလို စစ်ရေးလေ့ကျင့်တဲ့ အပြုအမူတွေက နိုင်ငံခြားမိတ်ဆွေတွေ လာရောက်လည်ပတ်တာကို ဟန့်တားစေမှာမဟုတ်ဘူးလို့ ထိုင်ဝမ်ဝန်ကြီးချုပ် Su Tseng-chang က ပြောပါတယ်။

XS
SM
MD
LG