သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်ယာယီအစိုးရ ရုတ်တရက် နုတ်ထွက်


အီဂျစ် ဝန်ကြီးချုပ် Hazem el-Beblawi
အီဂျစ် ဝန်ကြီးချုပ် Hazem el-Beblawi
အီဂျစ်နိုင်ငံမှာ ဝန်ကြီးအဖွဲ့ရာထူးက နုတ်ထွက်လိုက်တယ်လို့ Egypt ကြားဖြတ် ဝန်ကြီၤးချုပ် Hazem el-Beblawi က ပြောပါတယ်။ ဒီကနေ့ပဲ ရုပ်မြင်သံကြားမှာ ကြေညာ သွားတာဖြစ်ပြီး ဘာ့ကြောင့် နုတ်ထွက်ကြောင်း ကို ဒီနေ့တနင်္လာနေ့မှာပဲ Mr. el-Beblawi ရုပ်မြင်သံကြားမှာ ကြေညာသွားတာပါ။ မနှစ်ကဇူလိုင်လမှာ စစ်တပ်ကဖြုတ်ချလို့ သမ္မတ Mohamed Morsi ရာထူးက ပြုတ်ကျသွားပြီးကတည်းက စစ်တပ်ကကျောထောက်နောက်ခံပေးထားတဲ့ ကြားဖြတ်အစိုးရက နိုင်ငံကို အုပ်ချုပ်လာတာပါ။

Mr. Morsi ပြုတ်ကျသွားပြီးနောက် အသွင်ကူးပြောင်းရေးအစီအစဉ်ရဲ့ တစိတ်တပိုင်းအဖြစ် လာမယ့်ဧပြီလမှာ သမ္မတရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပြီး အဲဒီနောက်လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပဖို့ စီစဉ်ထားပါတယ်။ သမ္မတရာထူးအတွက် စစ်တပ်အကြီးအကဲ Abdel Fattah el-Sissi ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ မကြေညာသေးပေမယ့် သူယှဉ်ပြိုင်လိမ့်မယ်၊ ထောက်ခံမှုလည်း အများကြီးရလိမ့်မယ်လို့ လေ့လာအကဲခတ်အများအပြားက သုံးသပ်ထားပါတယ်။
XS
SM
MD
LG