သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

Eiffel မျှော်စင် ကျည်ကာမှန်တံတိုင်း ကာမည်


Eiffel မျှော်စင်

ပြင်သစ်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုရန် စိုးရိမ်နေရဆဲဖြစ်နေချိန်မှာ ပါရီမြို့တော်က အထင်ကရ Eiffel မျှော်စင်ကြီးပတ်လည်မှာ ကျည်ကာ မှန်တံတိုင်းတွေ ကာရံဖို့ ပါရီမြို့တော်တာဝန်ရှိသူတွေ စီစဉ်နေကြပါတယ်။

၂၀၁၆ Euro ဘောလုံး ဗိုလ်လုပွဲကာကတုန်းထဲက ထားထားတဲ့ သံစည်းရိုးတွေနေရာမှာ ၈ ပေအမြင့်ရှိတဲ့ မှန်တံတိုင်းတွေကို အမြဲတမ်းကာရံထားမှာဖြစ်တယ်လို့ ပါရီမြို့တော်ဝန်ရုံးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒေါ်လာ ၂၂ သန်းလောက်ကုန်မယ့် စီမံကိန်းအတည်ပြုချက်ရမယ်ဆိုရင် အခုနှစ် ကုန်ပိုင်းလောက်မှာ စတင်ဆောက်မယ်လို့ ခန့်မှန်းရပါတယ်။ ရှေ့လာမယ့် ၁၅ နှစ်အတွင်း Eiffel မျှော်စင်တဝိုက်ကို ခေတ်မှီအောင် ပြန်လည်ပြုပြင်မယ့် ဒေါ်လာသန်း ၃၂၀ ကျော်ကုန်မယ့် စီမံကိန်းရဲ့ တစိတ်တဒေသအဖြစ် မှန်တံတိုင်းကာမှာဖြစ်ပါတယ်။

ပါရီမြို့တော်ရဲ့ အမှတ်အသားတခုဖြစ်တဲ့ Eiffel မျှော်စင်ဆီကို တနှစ် တနှစ်လာကြတဲ့ ဧည့်သည်ပေါင်း ၇ သန်းလောက်ရှိပါတယ်။ ပါရီမြို့တော်မှာ လူပေါင်း ၁၃၀ သေဆုံးခဲ့ရတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ၂၀၁၅ ခုနှစ်မှာ ဖြစ်ပွားပြီးကတည်းက လုံခြုံရေးတိုးမြှင့်ထားပါတယ်။

Eiffel မျှော်စင် ကျည်ကာမှန်တံတိုင်း ကာမည်
please wait

No media source currently available

0:00 0:00:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG