ဒီကနေ့ည ၉ နာရီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲအနိုင်ရ ရလဒ်တွေကို ကြေညာထုတ်ပြန်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အများစု အနိုင်ရရှိထားပါတယ်။
ပဲခူးတိုင်း ရွှေတောင်မြို့နယ် NLD ပါတီ ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၊ မန္တလေးတိုင်း အမရပူရမြို့နယ်က ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်-NLD ပါတီ၊ မတ္တရာမြို့နယ်အတွက် ဦးဇော်မင်းလွင် NLD ပါတီ၊ စဥ့်ကူးမြို့နယ် ဒေါက်တာဇော်ဝင်းမြင့် NLD ပါတီ၊ ကျောက်ဆည်မြို့နယ် ဒေါက်တာတင်အောင် NLD ပါတီ၊
မိတ္ထီလာမြို့နယ် ဒေါက်တာမောင်သင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ မလှိုင်မြို့နယ် ဦးလှထွန်းအောင် NLD ပါတီ၊ မင်္ဂလာဒုံမြို့နယ် ဦးအောင်လှိုင်ဝင်း NLD ပါတီ၊ သုံးခွမြို့နယ် ဒေါ်စုစုလွင် NLD ပါတီ၊ ဒလမြို့နယ် ဒေါက်တာ စိန်လှအေး NLD ပါတီ၊ ကျောက်တံတားမြို့နယ် ဦးနေမျိုးထက် NLD ပါတီ၊ ကြည့်မြင်တိုင်မြို့နယ် ဦးဇော်ဝင်း NLD ပါတီ၊ လှိုင်မြို့နယ် ဦးအောင်ကျော်ကျော်ဦး NLD ပါတီ၊ ရှမ်းပြည်နယ် ဟိုပန်မြို့နယ် ဦးကျင်ဝမ်း- ဝ ဒီမိုကရက်တစ်ပါတီ၊ မိုင်းယန်းမြို့နယ် ဦးစိုင်းဆမ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဦးအုန်းလွင် NLD ပါတီတို့ အနိုင်ရခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ည ၉ နာရီမှာ တရားဝင် ကြေညာသွားပါတယ်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ နေရာက အနိုင်ရသူတွေကို ကြေညာတာမှာ ၁၃ ဦးက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်တွေ ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ကိုယ်စားလှယ်နှစ်ဦးနဲ့ ဝဒီမိုကရက်တစ်ပါတီက တစ်ဦးတို့ အနိုင်ရရှိသွားပါတယ်။