သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Conservative မဲသာပေမဲ့ အပြတ်နိုင်ဖွယ် မရှိ


ဗြိတိန်ရွေးကောက်ပွဲတွေမှာ လက်ရှိဝန်ကြီးချုပ် David Cameron ရဲ့ ကွန်ဆာဗေးတစ် ပါတီက အောက်လွှတ်တော် နေရာအများ စုကို အနိုင်ရပေမဲ့ ပြတ်ပြတ် သားသား လူများစုဖြစ်ဖို့ အနည်းငယ်လိုသွားတယ်ဆိုတာကို မဲရုံထွက်ကောက်ယူတဲ့ စစ်တမ်းတွေက ပြပါတယ်။ အောက်လွှတ်တော်မှာ အမတ်အရေအတွက်က ၆၅၀ ရှိပါတယ်။

တနိုင်ငံလုံးက အသံလွှင့်သတင်းသမားတွေ ကောက်ယူတဲ့ စစ်တမ်းရလာဒ်ကို ကြာသပတေးနေ့က မဲရုံတွေပိတ်သွားပြီးတဲ့နောက် မိနစ်ပိုင်းအတွင်းမှပဲ ထုတ်ပြန်တာပါ။ အခုရွေးကောက်ပွဲဟာ ဗြိတိန်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း ခန့်မှန်းရ အခက်ခဲဆုံးနဲ့ အရေးပါဆုံး ရွေးကောက်ပွဲဖြစ် တယ်လို့ လေ့လာသူတွေ ကပြောပါတယ်။

စစ်တမ်းတွေအရ ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၁၆ နေရာကို အနိုင်ရပြီး အတိုက်အခံ လေဘာပါတီက ၂၃၉ နေရာကို အနိုင်ရပါတယ်။ စကော့တလန် အမျိုးသားပါတီ SNP က အမတ်နေရာ ၅၈ နေရာကို အနိုင်ရပါတယ်။
ကွန်ဆာဗေး တစ် ပါတီနဲ့ သူ့ရဲ့မဟာမိတ် လစ်ဘရယ်ဒီမိုကရက်ပါတီ နှစ်ခုပေါင်းပြီး အမတ်နေရာ ၃၂၆ နေရာရမယ်လို့ ခန့်မှန်း ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင်တော့ မစ္စတာကင်မရွန်းဟာ ဝန်ကြီးချုပ် ဆက်ဖြစ်နေမယ် လို့ လေ့လာသူတွေ ကပြောပါတယ်။

ဒီပါတီ နှစ်ခုဟာ ၂၀၁၀ ပြည့်နှစ်ကတည်းက ညွန့်ပေါင်းအစိုးရဖွဲ့ပြီး အုပ်ချုပ်လာတာပါ။ သူ ပြန်ပြီး ရွေးကောက်ခံရတယ်ဆိုရင် အဖွဲ့ဝင် ၂၈ နိုင်ငံပါ ဥရောပသမဂ္ဂ EU ထဲမှာ ဆက်ပါမယ်မပါဘူးဆိုတာကို လူထုဆန္ဒခံယူ ပွဲလုပ်မယ်လို့ မစ္စတာကင်မရွန်းက ကတိပေးထားပါတယ်။

XS
SM
MD
LG