သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး အမည်တင်သွင်းမှု ကြားနာပွဲ စတင်

နိုင်ငံတော် တရားရုံးချုပ် တရားသူကြီးအဖြစ် အယ်လင်နာ ကေဂန် (Elena Kagan) ကို သမ္မတ အိုဘားမားက အမည်စာရင်း တင်သွင်းတာကို ကြားနာဖို့အတွက် အမေရိကန် အထက်လွှတ်တော် တရားရေး ကော်မတီက အတည်ပြုလိုက်ပါပြီ။

သမ္မတ အိုဘားမား အနေနဲ့ နိုင်ငံတော် တရားသူကြီး အဖြစ်နဲ့ အမည်စာရင်း တင်သွင်းခဲ့တာ အခု ကေဂန်နဲ့ဆို ဒုတိယအကြိမ် ဖြစ်ပါတယ်။

အယ်လင်နာ ကေဂန်ကို အငြိမ်းစား ယူသွားပြီဖြစ်တဲ့ နိုင်ငံတော် တရားသူကြီးဟောင်း ဂျွန် ပေါလ် စတီဗင်စ် (John Paul Stevens) နေရာမှာ အစားထိုးနိုင်ဖို့အတွက် သမ္မတက အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။

အယ်လင်နာ ကေဂန်ရဲ့ ထုတ်ပြန်ချက်မှာတော့ သူ့အနေနဲ့ ဥပဒေနဲ့အညီ ဖြစ်စေရမယ်ဆိုတဲ့ အခြေခံမူကို လေးစားလိုက်နာသွားမှာ ဖြစ်သလိုပဲ ဘယ်အမှုမျိုးကိုမဆို ဘက်လိုက်မှုမရှိဘဲ မျှမျှတတ ကိုင်တွယ်သွားပါမယ်လို့ ကတိပြုထားပါတယ်။

အယ်လင်နာ ကေဂန်ဟာ တရားရေး အတွေ့အကြုံ အားနည်းတဲ့ကိစ္စ၊ တရားသူကြီးအဖြစ် အရင်က မလုပ်ဘူးတဲ့ အပေါ်မှာ လွှတ်တော်က ရီပတ်ဘလီကန် ကော်မတီ အဖွဲ့ဝင်တွေဟာ ခက်ခက်ခဲခဲ မေးခွန်းတွေ မေးလိမ့်မယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အထိအရှမခံ ဖြစ်နေတဲ့ တရားရေးကိစ္စတွေ အပေါ်မှာ သူမရဲ့ ရပ်တည်ချက်နဲ့ ဟားဗတ် ဥပဒေကျောင်းဝင်း အတွင်းမှာ စစ်တပ်က စစ်သား စုဆောင်းတာတွေကို တားမြစ်ပိတ်ပင်တဲ့ အပေါ်မှာ သူမဘက်က ထောက်ခံခဲ့တဲ့ ကိစ္စတွေကို မေးခွန်းတွေ မေးလာနိုင်ပါတယ်။

သူမဟာ အရင်တုန်းက Harvard Law School ရဲ့ ပါမောက္ခချုပ်အဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ သူမအနေနဲ့ အတည်ပြုခံရရင်တော့ သူဟာ စတုတ္ထမြောက် နိုင်ငံတော် တရားသူကြီး အမျိုးသမီး ဖြစ်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကြားနာပွဲမှာ မျှမျှတတ မေးမြန်း ဆက်ဆံကြဖို့နဲ့ အယူအဆရေးရာ စမ်းသပ်မှုမျိုးတွေတော့ မလုပ်ကြဖို့ အထက်လွှတ်တော် တရားရေးကော်မတီ ဥက္ကဋ္ဌ ဘားမောင့်ပြည်နယ် ဒီမိုကရက်တစ်အမတ် ပက်ထရစ် လီဟေ့ဖ်က အခြား အထက်လွှတ်တော် အမတ်တွေကို တောင်းဆို ပန်ကြားထားပါတယ်။

This item is part of
XS
SM
MD
LG