သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ ဈာပန ျမန္မာကို မဖိတ္


ကြယ္လြန္သူ ဒုတိယေျမာက္ ၿဗိတိန္ဘုရင္မႀကီး အဲလဇၨဘက္ရဲ႕ ႐ုပ္ပံုလႊာ။ 

[[Zawgyi/Unicode]]

[[Zawgyi/Unicode]]

ကြယ္လြန္သူ ၿဗိတိန္ဘုရင္မႀကီး ဒုတိယေျမာက္ အဲလိစ္ဇဘက္သ္ရဲ႕ ႏိုင္ငံေတာ္ဈာပနကို တက္ေရာက္ဖို႔ ျမန္မာ၊ ႐ုရွားနဲ႔ဘဲလား႐ုစ္ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြကို ၿဗိတိန္က ဖိတ္ၾကားထားတာမရွိဘူးလို႔ ၿဗိတိန္ႏိုင္ငံျခားေရးဌာနက ဒီကေန႔ ေျပာပါတယ္။

ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္တာကိုကန႔္ကြက္တဲ့အေနနဲ႔ ႐ုရွားနဲ႔ သူ႔ရဲ႕မဟာမိတ္ ဘဲလား႐ုစ္ႏိုင္ငံကို ၿဗိတိန္က ပိတ္ဆို႔ဒဏ္ခတ္ အေရးယူမႈေတြခ်မွတ္ထားသလို အာဏာသိမ္းထားတဲ့ ျမန္မာစစ္တပ္ကိုလည္း ၿဗိတိန္အစိုးရက အလားတူ ဒဏ္ခတ္ ပိတ္ဆို႔မႈေတြ ခ်မွတ္ထားတာပါ။

စက္တင္ဘာ ၁၉ ရက္ တနလၤာေန႔မွာ က်င္းပမယ့္ ဘုရင္မႀကီး ဈာပနအခမ္းအနားကို တက္ေရာက္ဖို႔ ၿဗိတိန္နဲ႔ သံတမန္ဆက္ဆံေရးရွိတဲ့ ႏိုင္ငံအမ်ားစုက အႀကီးအကဲေတြကို ဖိတ္ၾကားစာေတြ ေပးပို႔ထားၿပီး ႏိုင္ငံအသီးသီးက ဂုဏ္သေရရွိ ဧည့္သည္ ၅၀၀ ေလာက္ တက္ေရာက္မယ္လို႔ ေမွ်ာ္လင့္ထားေၾကာင္း BBC သတင္းဌာနက ေျပာပါတယ္။ သက္ေတာ္ ၉၆ ႏွစ္ရွိၿပီျဖစ္တဲ့ နန္းသက္ရွည္ဘုရင္မႀကီး အဲလိစ္ဇဘက္သ္ဟာ စက္တင္ဘာလ ၈ ရက္ေန႔က စေကာ့တလန္ Balmoral စံအိမ္မွာ ကံကုန္ခဲ့တာပါ။

တနဂၤေႏြေန႔က ဘုရင္မႀကီး ႐ုပ္ကလာပ္ကို Edinburgh ၿမိဳ႕ St. Giles ဘုရားေက်ာင္းကို သယ္ေဆာင္ထားရွိၿပီး ဒီကေန႔ စက္တင္ဘာ ၁၃ ရက္ေန႔မွာ လန္ဒန္ၿမိဳ႕ Buckingham နန္းေတာ္ကို သယ္ေဆာင္မွာျဖစ္ပါတယ္။ စက္တင္ဘာ ၁၄ ရက္ေန႔မွာေတာ့ သားေတာ္ ဘုရင္ Charles ဦးေဆာင္ၿပီး ဘုရင္မႀကီး ႐ုပ္ကလာပ္ကို Buckingham နန္းေတာ္ကေန Westminster ဘုရားေက်ာင္းကို ပို႔ေဆာင္ဖို႔ စီစဥ္ထားပါတယ္။

ဈာပနအခမ္းအနားက်င္းပမယ့္ စက္တင္ဘာ ၁၉ ရက္ေန႔မတိုင္ခင္အထိ အဲလိစ္ဇဘက္သ္ ဘုရင္မႀကီး ႐ုပ္အေလာင္းကို Westminster ဘုရားေက်ာင္းခန္းမမွာ ၄ ရက္ၾကာ အမ်ားျပည္သူ ဂါရဝျပဳႏိုင္ဖို႔ ထားရွိမွာပါ။ ခန္းမကို တရက္ ၂၃ နာရီ ဖြင့္ေပးထားမွာျဖစ္ၿပီး ေတာ္ဝင္အိမ္ေတာ္ စစ္သည္ေတြက ေစာင့္ၾကပ္မွာ ျဖစ္ပါတယ္။ စက္တင္ဘာ ၁၉ ရက္ ဈာပန အခမ္းအနားၿပီးရင္ေတာ့ ဘုရင္မႀကီး ႐ုပ္ကလာပ္ကို ၂၀၂၁ ခုႏွစ္ ဧၿပီလတုန္းက ကြယ္လြန္သူ ၾကင္ယာေတာ္ Philip မင္းသားႀကီး ႐ုပ္အေလာင္းျမႇဳပ္ႏွံထားတဲ့ ဝင္ဆာ ရဲတိုက္ကို သယ္ေဆာင္ျမႇဳပ္ႏွံမွာ ျဖစ္ပါတယ္။

ဘုရင္မႀကီး အဲလိစ္ဇဘက္ ဈာပန ျမန္မာကိုမဖိတ္.mp3
please wait

No media source currently available

0:00 0:01:14 0:00
တိုက္႐ိုက္ လင့္ခ္

===========

[[Unicode]]
ဘုရင်မကြီး အဲလိစ်ဇဘက်သ် ဈာပန မြန်မာကို မဖိတ်

ကွယ်လွန်သူ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိစ်ဇဘက်သ်ရဲ့ နိုင်ငံတော်ဈာပနကို တက်ရောက်ဖို့ မြန်မာ၊ ရုရှားနဲ့ဘဲလားရုစ်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို ဗြိတိန်က ဖိတ်ကြားထားတာမရှိဘူးလို့ ဗြိတိန်နိုင်ငံခြားရေးဌာနက ဒီကနေ့ ပြောပါတယ်။

ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တာကိုကန့်ကွက်တဲ့အနေနဲ့ ရုရှားနဲ့ သူ့ရဲ့မဟာမိတ် ဘဲလားရုစ်နိုင်ငံကို ဗြိတိန်က ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေချမှတ်ထားသလို အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကိုလည်း ဗြိတိန်အစိုးရက အလားတူ ဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

စက်တင်ဘာ ၁၉ ရက် တနင်္လာနေ့မှာ ကျင်းပမယ့် ဘုရင်မကြီး ဈာပနအခမ်းအနားကို တက်ရောက်ဖို့ ဗြိတိန်နဲ့ သံတမန်ဆက်ဆံရေးရှိတဲ့ နိုင်ငံအများစုက အကြီးအကဲတွေကို ဖိတ်ကြားစာတွေ ပေးပို့ထားပြီး နိုင်ငံအသီးသီးက ဂုဏ်သရေရှိ ဧည့်သည် ၅၀၀ လောက် တက်ရောက်မယ်လို့ မျှော်လင့်ထားကြောင်း BBC သတင်းဌာနက ပြောပါတယ်။ သက်တော် ၉၆ နှစ်ရှိပြီဖြစ်တဲ့ နန်းသက်ရှည်ဘုရင်မကြီး အဲလိစ်ဇဘက်သ်ဟာ စက်တင်ဘာလ ၈ ရက်နေ့က စကော့တလန် Balmoral စံအိမ်မှာ ကံကုန်ခဲ့တာပါ။

တနင်္ဂနွေနေ့က ဘုရင်မကြီး ရုပ်ကလာပ်ကို Edinburgh မြို့ St. Giles ဘုရားကျောင်းကို သယ်ဆောင်ထားရှိပြီး ဒီကနေ့ စက်တင်ဘာ ၁၃ ရက်နေ့မှာ လန်ဒန်မြို့ Buckingham နန်းတော်ကို သယ်ဆောင်မှာဖြစ်ပါတယ်။ စက်တင်ဘာ ၁၄ ရက်နေ့မှာတော့ သားတော် ဘုရင် Charles ဦးဆောင်ပြီး ဘုရင်မကြီး ရုပ်ကလာပ်ကို Buckingham နန်းတော်ကနေ Westminster ဘုရားကျောင်းကို ပို့ဆောင်ဖို့ စီစဉ်ထားပါတယ်။

ဈာပနအခမ်းအနားကျင်းပမယ့် စက်တင်ဘာ ၁၉ ရက်နေ့မတိုင်ခင်အထိ အဲလိစ်ဇဘက်သ် ဘုရင်မကြီး ရုပ်အလောင်းကို Westminster ဘုရားကျောင်းခန်းမမှာ ၄ ရက်ကြာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ထားရှိမှာပါ။ ခန်းမကို တရက် ၂၃ နာရီ ဖွင့်ပေးထားမှာဖြစ်ပြီး တော်ဝင်အိမ်တော် စစ်သည်တွေက စောင့်ကြပ်မှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၉ ရက် ဈာပန အခမ်းအနားပြီးရင်တော့ ဘုရင်မကြီး ရုပ်ကလာပ်ကို ၂၀၂၁ ခုနှစ် ဧပြီလတုန်းက ကွယ်လွန်သူ ကြင်ယာတော် Philip မင်းသားကြီး ရုပ်အလောင်းမြှုပ်နှံထားတဲ့ ဝင်ဆာ ရဲတိုက်ကို သယ်ဆောင်မြှုပ်နှံမှာ ဖြစ်ပါတယ်။

XS
SM
MD
LG