သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Time စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံ အသုံးအနှုန်းများမှာ buy time, kill time နဲ့ borrowed time တို့ ဖြစ်ကြပါတယ်။

အချိန် time ကို အခြေခံတဲံ ဝေါဟာရ ဒီသတင်းတပတ် ပထမဦးဆုံးတင်ပြပေးမယ့် အီဒီယံစကားလုံးမှာ buy time ဖြစ်ပါသည်။ buy = ဝယ်ယူသည်, time = အချိန် တို့ ဖြစ်ကြပြီး တိုက်ရိုက်အဓိပ္ပါယ်မှာ အချိန်ကိုဝယ်သည် ဖြစ်ပါသည်။ သွယ်ဝိုက်အဓိပ္ပါယ်မှာ တခုခုမဖြစ်လာအောင် ဟန့်တားနိုင်ဖို့ အချိန်ပိုရလေအောင် ဂတိစကားတွေနဲ့ပဲဖြစ်ဖြစ်၊ ချော့တလှဲ့၊ ခြောက်တလှဲ့ ဖြစ်ဖြစ်၊ ငွေပေးပြီးဖြစ်ဖြစ်၊ တံစိုးလက်ဆောင်ပေးပြီးဖြစ်ဖြစ် အချိန်ကိုဆိုင်းထားနိုင်အောင် လုပ်ဆောင်ခြင်းဖြစ်ပါသည်။ ဥပမာ ငွေကကုန်သွားလို့ လုပ်ငန်းက ရပ်ရတော့မယ်။ လုပ်ငန်းမရပ်ရအောင်၊ အချိန်ပိုရအောင်၊ အသက်ဆက်ရှင်နိုင်အောင် တဖက်က ငွေချေးပြီး စိုက်သုံးထားတာမျိုးဆိုရင် buy time လို့ အီဒီယံအသုံးအရ တင်စားပြောဆိုနိုင်ပါသည်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The factory owner tried to buy time before the workers began the strike by making promises to raise their salaries.

စက်ရုံပိုင်ရှင်က အလုပ်သမားတွေ သပိတ်မမှောက်ခင် အချိန်လေး သူ့ဘက်က ပိုရအောင် လစားတွေ ပိုပေးပါမယ်လို့ ဂတိတွေ ပေးခဲ့တယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက kill time ဖြစ်ပါသည်။ Kill = သတ်သည်, Time = အချိန် တို့ ဖြစ်ကြပါသည်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ အချိန်ကိုသတ်သည် ဖြစ်ပါသည်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အချိန်က ကုန်ဖို့ခဲယဉ်းတာ၊ အချိန်မကုန်ကုန် ဖြုန်းရတာ၊ အချိန်ကုန်အောင် စောင့်ရမှာမို့ တခုခုလုပ်ပြီး လုပ်ရမှာမျိုးကို kill time လို့ ပြောနိုင်ပါသည်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I was early for my flight at the airport. So, I had to kill time by buying a cup of coffee and reading a magazine.

ကျနော် လေဆိပ်ကိုရောက်တော့ လေယာဉ်ထွက်ဖို့ စောနေသေးတယ်။ အဲဒီတော့ အချိန်ကုန်မကုန်အောင် ဖြုန်းရတော့မှာမို့ ကော်ဖီတခွက် ဝယ်သောက်ပြီး မဂ္ဂဇင်းတအုပ် ဝယ်ဖတ်နေရတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ borrowed time ဖြစ်ပါသည်။ borrowed (borrow ဝေါဟာရက ဆင်းသက်လာပြီး) = ခေတ္တငှားသုံးသည်, time = အချိန် တို့ ဖြစ်ကြပါသည်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်မှာ အချိန်ကိုငှားသုံးသည် ဖြစ်ပါသည်။ အီဒီယံအဓိပ္ပါယ်ကတော့ လူ့ဘဝမှာ သက်ရှင်နေထိုင်စဉ်ကာလအတွင်းမှာ ရောဂါတခုခုကြောင့်ဖြစ်စေ၊ သေဖို့အချိန် စောင့်နေရသူတွေဟာ တကယ်တော့ borrowed time မှာ နေထိုင်နေကြရသူတွေ ဖြစ်ပါသည်။ တနည်းအားဖြင့် လူ့ဘဝမှာ အသက်ရှည်ရှည် နေရတော့မယ် လူမျိုးမဟုတ်တော့တာကို ဆိုလိုပါသည်။ ဆေးလိပ်သောက်၊ အရက်သောက်၊ ကုရာ နတ္တိဆေးမရှိ ရောဂါဖြစ်လို့ စသဖြင့် အဲဒီလူတွေဟာ တနည်းဆို သေဖို့ရှိနေပေမယ့် ဆေးဝါးကြောင့် အသက်ဆက် နေနိုင်သူတွေလို့ ဆိုနိုင်ပါသည်။ ဒါအပြင် လူ့သက်တမ်း တစ်ရာ ရှိတယ်ဆိုရင် အဲဒီ လူ့သက်တမ်းထက်ကျော် နေနိုင်သူတွေလည်း တချို့ရှိတာမို့ အဲဒီလို ပုဂ္ဂိုလ်မျိုးတွေကို borrowed time နဲ့ နေထိုင်နေကြသူတွေလို့ တင်စားပြောဆိုနိုင်ပါသည်။ တနည်းအားဖြင့် သဘာဝအရ သေချိန်ရောက်နေပေမယ့်လည်း မသေသေးဘဲ အသက်ဆက်နေကြသူတွေကို ဆိုလိုပါသည်။ ဒါကြောင့်လည်း လူ့ဘဝ အသက်ရှင်နေထိုင်ရမှာ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာ နေနိုင်ဖို့အတွက် အကုသိုလ်ကင်းနိုင်ဖို့က အရေးကြီးပါတယ်။ တနည်းအားဖြင့် ခေတ်စကားအရ ပြောရရင်တော့ ဘတ္ထရီ ဒေါင်ဖို့အချိန်တန်ပေမယ့် မဒေါင်နိုင်သေးတဲ့ ဘတ္ထရီမျိုးလို့ ဖြစ်ပါတယ်။

ဒီ အသုံးနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Mrs. Jones is living on borrowed time. She has a lung cancer. And, last year the doctor told her she will live only a few more months.

Mrs. Jones ဟာ သေဖို့နေ့ကို စောင့်နေရသူလို့ ဆိုရမှာပါ။ သူမှာ အဆုတ်ကင်ဆာရှိလို့ လွန်ခဲ့တဲ့နှစ်ကပဲ ဆရာဝန်တွေက သူမအနေနဲ့ လအနည်းငယ်ပဲ အသက်ရှင်တော့မယ်လို့ ပြောဆိုခဲ့တယ်။

XS
SM
MD
LG