သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Steal စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ


Steal စကားလုံးဆိုင်ရာ အီဒီယံ အသုံးအနှုန်းများ

ဒီတပတ် တင်ပြပေးမယ့် အမေရိကန် အီဒီယံအသုံးအနှုန်းများမှာ steal someone’s thunder, steal the spotlight နဲ့ steal the show တို့ ဖြစ်ကြပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက steal someone’s thunder ဖြစ်ပါတယ်။ Steal = ခိုးယူခြင်း, Someone’s = သူတဦးတယောက် , Thunder = မိုးကြိုး တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်ကတော့ တပါးသူရဲ့  မိုးကြိုးကို ခိုးယူခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက် အဓိပ္ပါယ်ကတော့ တခြားသူရဲ့  အသုံးအနှုန်း၊ အတွေးအခေါ် ဒါမှမဟုတ် မူရင်တီထွင်မှု၊ အကြံရရှိထားသူကိုယ်တိုင်က အသုံးမပြုခင် လက်ဦးအောင် အသုံးပြုခြင်းကို ဆိုလိုပါတယ်။ ဒီအသုံးအနှုန်းကို ကိုယ့်ကို မနာလို ဝန်တိုဖြစ်သူ၊ တပါးသူရဲ့  အောင်မြင်မှုကို ကြားကနေ နံမည်ကောင်းရလိုသူတို့က အခုလို ပြုမှုဆက်ဆံခဲ့ရင် steal someone’s thunder ဆိုပြီး သုံးစွဲပြောဆိုနိုင်ပါတယ်။

သူများက ဟိန်းမယ်လို့ ဟန်ပြင်တာကို ကိုယ်ကကြားကဝင်ပြီး ဟိန်းဟောက်လိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။ သူနဲ့ သူလုပ်ဖော် အမှုထမ်းများကနေ ကင်ဆာရောဂါကို ကုသနိုင်တဲ့ ဆေးတမျိုး တီထွင်တွေ့ရှိထားတဲ့အကြောင်းကို သိပ္ပံပညာရှင်တဦးက ထုတ်ဖော်ကြေညာဖို့ ပြင်ဆင်နေချိန်မှာ ဒီဆေးနဲ့ ပတ်သက်လို့ သုတေသနလည်း မလုပ်ထား။ အဲဒီ သုတေသနအသင်းကိုလည်း မကြာသေးခင်ကမှ ပူပူနွေးနွေး ပါဝင်ခဲ့သူတဦးက သူကပဲ ဒီကင်ဆာ ကုသတဲ့ ဆေးကို တီထွင်ဖော်စပ်နိုင်ခဲ့တဲ့အကြောင်း ကြားဝင်ပြီး နံမည်ယူတဲ့ဖြစ်ရပ် ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ George Crows ပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I could not believe how he stole our thunder. He told a reporter about a new drug so the paper gave him credit and not all the people who actually did the work.

သူ ကျနော်တို့ရဲ့  အကြံဥာဏ်ကို လက်ဦးအောင် အခုလို ခိုးယူလိမ့်မယ်လို့ ကျနော်အနေနဲ့ ယုံတောင်မယုံပါဘူး။ သတင်းတဦးကို သူကပဲ အဲဒီ ဆေးသစ်အကြောင်းကို သွားသတင်းပေးလိုက်တယ်။ အဲဒီတော့ သတင်းစာကလည်း တကယ် တီထွင်မှုမှာ ပါဝင်ခဲ့ကြသူတွေ အားလုံးကိုယ်စား သူကိုပဲ ချီးကျူးရေးသားကြတယ်။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက steal the spotlight ဖြစ်ပါတယ်။ Steal = ခိုးယူခြင်း, Spotlight = မီးမှောင်းထိုးပြခြင်း တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က မီးမှောင်းကို ခိုးယူခြင်း ဖြစ်ပါတယ်။ အီဒီယံသဘောအရတော့ သူတပါးက မသုံးစွဲခင်မှာ တီထွင်ထားတဲ့ စာလုံးအကြံဥာဏ်တွေကို ယူသုံးတဲ့ အဖြစ်မျိုးဖြစ်ပါတယ်။ သူတပါးရဲ့  တီထွင်မှု၊ ကြိုစားမှု ကို ကြားကနေ ဝင်ပြီးတော့ အမည်ခံတာ ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းက ပြဇာတ်တို့၊ ဇာတ်သဘင်များမှ ဆင်းသက်လာတာ ဖြစ်ပါတယ်။ အဓိပ္ပါယ်က ဇာတ်စင်ပေါ်မှာ မီးမှောင်း အထိုးခံရဆုံးလူဟာ ဇာတ်ဆောင် မင်းသမီး၊ မင်းသားတွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ တခြား ဇာတ်ဆောင်တဦးဦးက အဓိက အခန်းကို ရောက်လာပြီး လူထုအာရုံကို ဖမ်းစားရယူ သွားတက်တာမျိုးကို ပွဲကြည့်ပရိသတ် ဖြစ်ခဲ့ဘူးသူတွေ ကြုံတွေ့ရဘူးပါလိမ့်မယ်။

နိုင်ငံရေးလောကမှာ ယှဉ်ပြိုင်ဘက်တဦးက တခြားတဦးအပေါ် မဲဆွယ်လှုပ်ရှားမှုမှာ ကျောသွားတာမျိုး ရှိတက်ပါတယ်။ ဥပမာ မြို့ ကြီးတမြို့ ရဲ့  မြို့ တော်ဝန်တနေရာအတွက် ဝင်ယှဉ်ပြိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ လူတဦးရဲ့  မဲဆွယ်လှုပ်ရှားမှု လုပ်ငန်းညှိနှိုင်းရေးမှုးတဦးက ပြည်နယ်တခုလုံးမှာ တက်ရောက်တဲ့ လူကြီးလူကောင်းတွေ တက်ရောက်ကြမယ့် ညစာစားပွဲကြရင် ကြေညာဖို့ စီစဉ်ထားရာမှာ ဘယ်လို ဖြစ်လာသလဲဆိုတာကို George Crows ပေးတဲ့က ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Our rival called a surprised press conference to announce his plan to cut the state taxes 25%. So, he stole the spotlight from us on TV that night and in the paper the next morning.

ကျနော်တို့ ပြိုင်ဘက်က ပြည်နယ်မှာ ကောက်ယူနေတဲ့ အခွန်တွေကို ၂၅ ရာခိုင်နှုန်း လျှော့ချကောက်ယူဖို့ သူလုပ်ဆောင်သွားမယ်လို့ သူအကြံအစည်ကို သတင်းစာရှင်းလင်းပွဲမှာ ရုတ်တရက် ကြေညာလိုက်ပါတယ်။ ဒါကြောင့် အဲဒီညမှာ ရုပ်မြင်သံကြားသတင်းမှာ ပါသွားပြီး နောက်တနေ့ သတင်းစာတွေမှာလည်း ပါလာတော့ ကျနော်တို့ကို ကျောသွားခဲ့တယ်။

နောက်ထပ်တင်ပြပေးမယ့် အီဒီယံအသုံးက steal the show ဖြစ်ပါတယ်။ Steal = ခိုးယူခြင်း, Show = ပြပွဲ၊ ပြသသည် တို့ ဖြစ်ကြပါတယ်။ တိုက်ရိုက်အဓိပ္ပါယ်က ပွဲကို ခိုးယူသည် ဖြစ်ပါတယ်။ သွယ်ဝိုက်အီဒီယံ အဓိပ္ပါယ်မှာတော့ လူတွေက ပွဲမှာ ပါဝင်ကြတဲ့ တပါးသူတွေကို အာရုံစိုက်ကြလိမ့်မယ်လို့ ထင်မြင်ထားတာမှာ တဦးဦးက သူ့အပေါ် အာရုံစိုက်လာအောင် လုပ်ဆောင်ကြလိုက်တာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အာရုံလွှဲပြောင်းယူလိုက်ခြင်း ဖြစ်ပါတယ်။ ဒီလို အသုံးအနှုန်းကို ရုပ်ရှင်၊ စီးပွားရေး စီမံကိန်း၊ ဘောလုံးပွဲတွေမှာ မထင်မရှားတဲ့ လူတဦးက ပရိသတ်ရဲ့  အာရုံကို ဖမ်းစားလိုက်တဲ့အခါ ဒီအသုံးအနှုန်းကို သုံးစွဲပြောဆိုနိုင်ပါတယ်။

ဒီ အသုံးအနှုန်း အီဒီယံမှာ ပြဇာတ်လောက မှ ဆင်းသက်လာတာဖြစ်တဲ့အတွက်ကြောင့် ပြဇာတ်နဲ့ ယှဉ်ပြီး George Crows ဥပမာပေး တင်ပြထားပါတယ်။

Two stars who played the mother and the father are good in the lead roles, but this young man who played the son steals the show. I have never heard of him before, but I project he will be a real star.

အမေ နဲ့ အဖေ အခန်းတွေကနေ ဦးဆောင်ကပြသွားကြတဲ့ ဇာတ်ဆောင်နှစ်ဦးတို့ဟာ အမှုအယာကောင်းကြပါတယ်။ ဒါပေမဲ့ သားနေရာကနေ သရုပ်ဆောင်ကပြသွားတဲ့ လူငယ်လေးဟာ ပရိသတ်ရဲ့  အာရုံကို ဖမ်းစားသွားနိုင်ခဲ့တယ်။ သူကို ကျနော် အရင်က မကြည့်ခဲ့ဘူးပေမယ့် သူဟာ တနေ့ မုချ သရုပ်ဆောင်ကောင်း တယောက်ဖြစ်လာမယ်ဆိုတာကိုတော့ ကျနော်ပြောနိုင်ပါတယ်။

XS
SM
MD
LG