သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)
Election ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ to vote with your feet, throw in your towel, underdog နဲ့ press the flesh တို့ဖြစ်ကြပါတယ်။

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် အီဒီယံအသုံးအနှုန်း မြန်မာနိုင်ငံမှာ နိုဝင်ဘာလ (၇) ရက်နေ့ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကြီးလည်း နီးကပ်လာပြီမို့ ဒီတပတ် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုမှာ အသုံးပြုလေ့ရှိတဲ့ အီဒီယံအသုံးအနှုန်းများကို တင်ပြပေးထားပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံ အသုံးအနှုန်းမှာ to vote with your feet ဖြစ်ပါတယ်။ To vote = မဲပေးသည်။ with = နှင့်။ your = သင့်၏ နဲ့ feet = ခြေထောက်များ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ခြေထောက်များနဲ့ မဲပေးခြင်း ဖြစ်ပါတယ်။ ဒီအသုံးကတော့ မဲပေးတဲ့ ရွေးကောက်ပွဲတွင်မက ကိုယ့်က မထောက်ခံဘူး သဘောမကျဘူးဆိုတာကို ပြသရင် ပွဲကြည့်ရာမှာဖြစ်ဖြစ်၊ မိန့်ခွန်းပြောတာကို နားထောင်ရာမှာဖြစ်ဖြစ် ဘယ်လိုအမူအယာမျိုးနဲ့ ပြသနိုင်မလည်းဆိုရင်တော့ ခြေထောက်ကို သုံးပြီး အဲဒီနေရာက ထားထွက်သွားရုံ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကိုယ်အလိုမကျဘူးဆိုတာကို ပြသတဲ့အတွက် နေရာကနေ ထွက်ခွါသွားတာကို to vote with your feet လို့ တင်စားပြောဆိုတာ ဖြစ်ပါတယ်။

ဒီအသုံးနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

I am preparing to vote with my feet if the candidate’s speech is boring. I support someone who can provide good leadership, not just words.

ဒီကိုယ်စားလှယ်လောင်း ပြောတဲ့ မိန့်ခွန်းက ပျင်းစရာကောင်းတယ်ဆိုရင်တော့ ကျနော်တော့ နေရာကနေ ထားထွက်သွားဖို့ အဆင်သင့်ပါပဲ။ ကျနော်အနေနဲ့ကတော့ အပြောကြီးသက်သက် မဟုတ်ဘဲ ခေါင်းဆောင်ကောင်း ပြသနိုင်မယ့် လူမျိုးကိုမှ ထောက်ခံမှာဗျ။

ဒုတိယ တင်ပြပေးမယ့် အီဒီယံအသုံးကတော့ throw in your towel ဖြစ်ပါတယ်။ Throw in = အထဲကို ပြစ်သွင်းသည်။ Your = သင့်၏ နဲ့ towel = မျက်နှာသုတ်ပုဝါ တို့ ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က မျက်နှာသုတ်ပုဝါကို ပြစ်ထဲလိုက်ခြင်း ဖြစ်ပါတယ်။ ဒီ အသုံးအနှုန်းက လက်ဝှေ့ပွဲကနေ ဆင်းသက်လာတာ ဖြစ်ပါတယ်။ ချွေးသုတ်ဖို့ မျက်နှာသုတ်ပုဝါလေးတွေကို ယှဉ်ပြိုင်မယ့် လက်ဝှေ့သမားနှစ်ယောက်အနေနဲ့ သူတို့ ဂုတ်ပိုးများပေါ်မှာ တင်ထားတာကို တွေ့ဘူးကြပါလိမ့်မယ်။ လက်ဝှေ့ပွဲမှာ ကိုယ်က အခြေအနေ မဟန်တော့ဘူး၊ ဆက်မထိုးနိုင်တော့ဘူး၊ အရှုံးပေးပါပြီးဆိုတဲ့ အချက်ပြရင် သာမန်အားဖြင့် လက်ဝှေ့သမားအနေနဲ့ သူ့ရဲ့ မျက်နှာသုတ်ပုဝါကို လက်ဝှေ့ဝိုင်းကနေ ကြမ်းပေါ်ကို ပစ်ချလိုက်ရင် အရှုံးပေးတဲ့ သဘောကိုဆောင်တယ့် ဓလေ့ကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတာ ဖြစ်ပါတယ်။

ဒီအသုံးအနှုန်းကို လက်ဝှေ့ပွဲတွင်မက သာမန်နေ့စဉ်ဘဝတွေရဲ့ ယှဉ်ပြိုင်မှုတွေ၊ လုပ်ငန်းဖော်ဆောင်မှုတွေမှာ လက်မြောက်အရှုံးပေးပါပြီ၊ ဆက်မလုပ်တော့ပါဘူး၊ နှုတ်ထွက်လိုက်ပါပြီလို့ ပြောကြားတဲ့လူတွေ ရှိတာမို့လည်း throw in the towel အသုံးကို သုံးစွဲလာကြပါတယ်။

အခုလက်ရှိ မြန်မာ့ရွေးကောက်ပွဲမှာလည်း တချို့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ အစားက ဝင်ယှဉ်ပြိုင်ဖို့ အားခဲထားကြပေမယ့် အကြောင်းကြောင်းကြောင့် နောက်ပိုင်းမှာ နုတ်ထွက်ခဲ့ကြတာတွေလည်း ရှိတာမို့ ဒီ အီဒီယံအသုံးအနှုန်းနဲ့ လိုက်ဖက်တယ်လို့ ဆိုနိုင်ပါတယ်။

George Crows တင်ပြပေးထားတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

A few of the party candidates who acted first planned to stand for the elections decided to throw in their towels. They found the election rules to strict for them.

နိုင်ငံရေးပါတီ ကိုယ်စားလှယ်တချို့က အစက ရွေးကောက်ပွဲ ဝင်ယှဉ်ပြိုင်ဖို့ စီစဉ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာ နုတ်ထွက်ကြဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ရွေးကောက်ပွဲ စည်းမျဉ်းတွေက သူတို့အတွက် သိပ်ကို တင်းကြပ်ကြတယ်လို့ ယူဆကြပါတယ်။

တတိယ တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းက underdog ဖြစ်ပါတယ်။ Underdog ရဲ့ တိုက်ရိုက် အဓိပ္ပါယ်က အောက်မှာရောက်နေတဲ့ ခွေးဖြစ်ပါတယ်။ ဒီ အသုံးဆင်းသက်လာတဲ့ နောက်ခံသမိုင်းကတော့ ခွေးချင်းယှဉ် သတ်ကြတဲ့ ပြိုင်ပွဲက ဆင်းသက်လာတယ်လို့ ဆိုကြပါတယ်။ အသာရနေတဲ့ နိုင်ချေရှိတဲ့ ခွေးက အပေါ်စီးမှာရှိနေတော့ အဲဒီခွေးကို top dog လို့ ခေါ်ဆိုပြီး အားနည်းတယ်၊ နိုင်ချေသိပ်မရှိဘဲ အောက်မှာ အဖိခံနေရတဲ့ ခွေးကို underdog လို့ ခေါ်လို့ ရှိနေရာကနေ ဒီအသုံးအနှုန်း ဆင်းသက်လာတယ် ဆိုကြပါတယ်။

နေ့စဉ်ဘဝ၊ အားကစားပြိုင်ပွဲဖြစ်စေ၊ နိုင်ငံရေး ယှဉ်ပြိုင်မှုမှာဖြစ်စေ နိုင်ဖို့ အခြေအနေ သိပ်အားမကောင်းတဲ့ ယှဉ်ပြိုင်သူကို ရည်ညွှန်းပြောလေ့ ရှိပါတယ်။ ဥပမာ ရွေးကောက်ပွဲမှာဆို နိုင်ငံရေး အတွေ့အကြုံ နည်းပါးလို့ဖြစ်စေ၊ မဲဆွယ်လှုပ်ရှားမှု ရံပုံငွေ မတောင့်တင်းလို့ဖြစ်စေ၊ တဘက်ယှဉ်ပြိုင်ဖက်က သိပ်ကို အင်အားကြီးနေလို့ ဖြစ်စေ၊ အောက်ကနေ ဝင်လျှိုဝင်ပြိုင်ရတဲ့ အခြေအနေမျိုးရှိသူကို underdog လို့ ပြောဆိုကြပါတယ်။ တခါတရံလည်း ဒီပုဂ္ဂိုလ်မျိုးတွေဟာ မမျှော်လင့်ဘဲ အနိုင်ရတာတွေ ရှိတတ်ပါတယ်။

ဒီ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The candidate of this political party is considered as an underdog. He is new to politics and his party is also struggling with campaign fund, but we will have to wait and see.

ဒီ နိုင်ငံရေးပါတီရဲ့ ကိုယ်စားလှယ်ဟာ သိပ်နိုင်ချေ မရှိဘူးလို့ ယူဆခံရတယ်။ သူက နိုင်ငံရေး မျက်နှာသစ် ဖြစ်သလို သူ့ပါတီကလည်း ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှု ရံပုံငွေလည်း မနည်းရှာနေရတယ်။ ဒါပေမဲ့ ကျနော်တို့ သူကို စောင့်တော့ ကြည့်ရမယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ press the flesh ဖြစ်ပါတယ်။ Press = ဖိသည်။ Flesh = အသား တို့ဖြစ်ကြပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အသားကို ဖိသည် ဖြစ်ပါတယ်။ အီဒီယံဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ (ဒီနေရာမှာ) လက်ဆွဲနှုတ်ဆက်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဲဆွယ်ပွဲ စတင်ပြီဆိုရင် ကိုယ့်မဲဆန္ဒနယ်မြေနဲ့ ထိတွေ့ဖို့ ရှိဖို့က အရေးကြီးဆုံးထဲမှာ တခုအပါအဝင် ဖြစ်ပါတယ်။ အနောက်တိုင်းဓလေ့မှာတော့ လက်ဆွဲနှုတ်ဆက်တာကို ပြုလုပ်ကြပါတယ်။ ကိုယ့်မဲဆန္ဒရှင်တွေကလည်း လူကိုယ်တိုင် အရေးတယူ လက်ဆွဲနှုတ်ဆက်လုပ်တယ်ဆိုရင် သဘောကျလေ့ ရှိကြတာမို့လည်း ရွေးကောက်ပွဲ လှုပ်ရှားလုပ်ကိုင်နေသူ အနေနဲ့ လက်ဆွဲနှုတ်ဆက်ရင် press the flesh လို့ ပြောဆိုကြပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The candidate did a lot of press fleshing during his campaign. No wonder the people liked him and voted for him.

ဒီ ကိုယ်စားလှယ်လောင်းက သူ့မဲဆွယ် လှုပ်ရှားမှုအတွင်း လူတွေကို လိုက်ပြီးလက်ဆွဲနှုတ်ဆက်တာတွေ အများကြီး လုပ်ခဲ့တယ်။ ဒါကြောင့် လူတွေလည်း သူကို သဘောကျပြီး ထောက်ခံမဲ ပေးခဲ့ကြတာ မဆန်းပါဘူး။

XS
SM
MD
LG