သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ
Window စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ

ဒီတပတ် English Learning: America Idioms and Expressions ကဏ္ဍမှာ တင်ပြပေးထားတဲ့ အီဒီယံအသုံးအနှုန်းများမှာ window dressing, window shopping နဲ့ out off the window တို့ ဖြစ်ပါတယ်။

ပထမဦးဆုံး တင်ပြပေးမယ့် အီဒီယံအသုံးအနှုန်းမှာ window dressing ဖြစ်ပါတယ်။ Window = ပြတင်းပေါက်။ Dressing = အလှဆင်သည် ဖြစ်ပါတယ်။ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက်ကို အလှဆင်ခြင်း ဖြစ်ပါတယ်။ ဒီအသုံးကို အများအားဖြင့် ဆိုင်ခန်းရှေ့ မှန်ခန်းထဲမှာ ရောင်းကုန်တွေကို ဝယ်သူတွေ ဝယ်ချင်လာအောင် ဆွဲဆောင်နိုင်ဖို့ အလှဆင် ပြသထားတာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အီဒီယံ သွယ်ဝိုက်အဓိပ္ပါယ်ကတော့ တခုခုကို တကယ်ရှိတာ၊ ရှိနေတာထက် ပိုမြင်ကောင်း၊ ပိုကြားကောင်းအောင် လုပ်ဆောင် ရည်ညွှန်းပြောဆိုတာကို ဆိုလိုပါတယ်။ တကယ်တော့ အနှစ်သာရသိပ်မရှိဘဲ အပေါ်ယံကြောသက်သက် နှမ်းဖြူးတာမျိုးလို ဖြစ်ပါတယ်။ ကျမတို့ မြန်မာမှာတော့ ဟင်းကို စားချင်စဖွယ်ဖြစ်အောင် ကြက်သွန်ကျော်၊ နံနံပင် အုပ်ပြီးထားမျိုးလို ဖြစ်ပါတယ်။ အဲဒါကို အစားအစာကို dressing လုပ်တယ်လို့ ပြောလိုရပါတယ်။ ဒါကြောင့် window dressing အသုံးက တခုခုကို ကြည့်ကောင်းအောင်၊ မြင်ကောင်းအောင်၊ ကြားကောင်းအောင် လုပ်တာမျိုးကို ဆိုနိုင်ပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Some critics say political changes in that country are just window dressing.

တချို့ ဝေဖန်သုံးသပ်သူတွေ ပြောဆိုကြတာကတော့ အဲဒီနိုင်ငံရဲ့ နိုင်ငံရေးပြောင်းလဲမှုတွေက လူကြားကောင်းအောင် လုပ်ပြနေတာ ဖြစ်တယ်။

ဒုတိယတင်ပြပေးမယ့် အီဒီယံအသုံးကတော့ window shopping ဖြစ်ပါတယ်။ Window = ပြတင်းပေါက်, Shopping = ဈေးဝယ်ထွက်သည် ဖြစ်ပါတယ်။ ဒါကြောင့် စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက် ဈေးဝယ်ထွက်ခြင်း ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း ရှင်းပါတယ်။ ဆိုင်တွေရဲ့ ရှေ့မှန်ခန်းတွေမှာ ရောင်းကုန်တွေကို လိုက်ကြည့်ရုံသာလိုက်ကြည့်ပြီး တကယ် မဝယ်တာကို ဆိုလိုတာပါ။ ကျမတို့ အမျိုးသမီးတွေအနေနဲ့ ဒီလိုမျိုး ဈေးထဲမှာ လျှောက်ရတာ၊ လှတာတွေကို သဘောကျတာ။ တကယ် ဝယ်ဖို့ဆိုတာကတော့ မသေချာတာ။ ဒါပေမဲ့ အချိန်လည်းရှိ၊ အပျင်းလည်းပြေ။ အထူးသဖြင့် သူငယ်ချင်းတွေနဲ့ ဈေးဝယ်ထွက်ကြတာမျိုး ဖြစ်ပါတယ်။ အဲဒါကို အီဒီယံအသုံးနဲ့ window shopping လို့ ပြောဆိုနိုင်ပါတယ်။ ပစ္စည်းတွေကို သွားရည်ကျရုံကျပြီး တကယ်တော့ မဝယ်နိုင်တာမျိုး၊ ဝယ်ဖို့ မရည်ရွယ်တာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The girls in our office went window shopping during lunch hour. They said they want to buy some presents when they get their pay checks.

ကျနော်တို့ရုံးက ကောင်မလေးတွေ နေ့လည်ထမင်းစားချိန်မှာ ဈေးထဲလျှောက်ကြည့်ကြတယ်။ သူတို့ လစာရရင် လက်ဆောင်တချို့ ဝယ်ဖို့ရှိတယ်လို့ ပြောဆိုကြတယ်။

နောက်ဆုံးတင်ပြပေးမယ့် အီဒီယံအသုံးမှာ out off the window ဖြစ်ပါတယ်။ ဒီနေရာမှာ Out = အပြင်ဖက် စကားလုံးကို Off ဝိဘတ်နဲ့ တွဲသုံးထားတော့ out off က အပြင်ဖက်သို့ ဖြစ်ပြီး Window = ပြတင်းပေါက် ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ပြတင်းပေါက် အပြင်ဖက်သို့ ဖြစ်ပါတယ်။ ပြတင်းပေါက်အပြင်ဖက် ရောက်သွားတယ်။ လွှင့်ပစ်လိုက်တယ်ဆိုရင် ဘယ်လိုဖြစ်သွားနိုင်သလဲဆိုတာကို အင်္ဂလိပ်လေ့လာသူများ စဉ်းစားကြည့်နိုင်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း အဲဒီအတိုင်းပါပဲ - တခုခု အလဟဿ ဖြစ်သွားတာ၊ လွင့်ပစ်ရတဲ့သဘောမျိုး အခြေအနေရောက်တာ။ ကျမတို့ မြန်မာမှာတော့ ပြန်မရနိုင်တာ။ ရေစုန်မျောသွားတာကို ဆိုလိုပါတယ်။

ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ George Crows ပေးတဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

All the workd I did last night has gone out off the window. My computer crashed.

ကျနော် ညက ထိုင်လုပ်နေတဲ့ အလုပ်တွေအားလုံး ရေစုန်မျောသွားပြီလေ။ ကျနော့် ကွန်ပြူတာ ပျက်သွားခဲ့တယ်။

XS
SM
MD
LG