သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Make စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


ဒီသီတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ - Make စကားလုံးကို အခြေခံတဲ့ အမေရိကန်သုံး အီဒီယံအသုံးအနှုန်းတွေဖြစ်တဲ့ Make a beeline for, To make a pass at someone, To make a bundle နဲ့ To make ends meet တို့ကို တင်ပြထားပါတယ်။

၁။ Make a beeline for

Make (ပြုလုပ်သည်)၊ A (တခု)၊ Beeline ကို ရှင်းပြရမယ်ဆိုရင် Bee က ပျားဖြစ်ပြီး၊ Line က မျဉ်းဆိုတော့ တနည်းအားဖြင့် Beeline က ပျားလုပ်တဲ့မျဉ်း ဖြစ်ပြီး တကယ့်တကယ်ဆိုရင်တော့ ဒီနေရာမှာ Beeline က ဝတ်ရည်အပြည့်သယ်ဆောင်လာတဲ့ ပျားဟာ ပျားအုံပျားအိမ်ကို တန်းပြီးပြန်တာကို ဆိုလိုတာဖြစ်ပါတယ်။ For (တခုခုအတွက်) ဆိုလိုတာဖြစ်တာကြောင့် စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က ပျားက တခုခုဆီ ဦးတည်ပြီးတန်းသွားတာ ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံအဓိပ္ပါယ်က သိပ်မကွာလှဘူးလို့ ဆိုရမှာပါ။ တနေရာရာကို ရောက်တာနဲ့ ကိုယ်ရည်ရွယ်ထားတဲ့နေရာ ကိုယ်သွားလိုတဲ့နေရာကို တခါတည်းတန်းပြီးသွားတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As soon as John arrived at the party, he made a beeline for the pretty girl in the red dress to ask her to dance with him.
John အနေနဲ့ ပါတီကို ရောက်ရောက်ချင်းပဲ သူနဲ့ တွဲကရအောင်ခေါ်ဖို့ အင်္ကျီအနီနဲ့ မိန်းခလေးချောချောဆီကို တန်းပြီးတော့ သွားတော့တယ်။

၂။ To make a pass at someone

To make (ပြုလုပ်တာ)၊ A (တခုခု)၊ Pass က ပုံမှန်အားဖြင့်တော့ (ဖြတ်သန်းတာ၊ ကျော်သွားတာ၊ လွှဲပေးတာ) စသဖြင့် အဓိပ္ပါယ်ရပေမယ့် ဒီနေရာမှာ Pass (ရိသဲ့သဲ့လုပ်တာ) ဖြစ်ပြီး၊ At (တခုခုကို ဦးတည်းတာ)၊ Someone (တဦးတယောက်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က လူတဦးတယောက်ကို မထိတထိ၊ ရိသဲ့သဲ့လုပ်တာကို ဆိုလိုပါတယ်။ ဘန်းစကားအရ ပြောရမယ်ဆိုရင်တော့ To hit on လို့လည်း ပြောလို့ရပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ သိပ်မကွာလှပါဘူး။ လူတဦးတယောက်ကို ရိသဲ့သဲ့ လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Joe lost his job as his boss caught him making a pass at a co-worker.
Joe အလုပ်ပြုတ်သွားတယ်။ သူက သူ့လုပ်ဖော်ကိုင်ဖက်တဦးကို ရိသဲ့သဲ့လုပ်ရာမှာ သူ့ဆရာက မိသွားခဲ့တယ်။

၃။ To make a bundle

To make (ပြုလုပ်တာ)၊ A (တခုခု)၊ Bundle (အထုပ်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အထုပ်ရအောင်လုပ်တာ ဖြစ်ပါတယ်။ ဒီနေရာမှာ အီဒီယံဆိုတဲ့ အဓိပ္ပါယ်ကိုမရှင်းခင်မှာ အထုပ် (bundle) ဝေါဟာရကို ရှင်းပြရမယ်ဆိုရင်တော့ ဒီနေရာမှာ ငွေထုပ်ကို ဆိုလိုတာဖြစ်ပါတယ်။ ဒါကြောင့် အီဒီယံအဓိပ္ပါယ်က ငွေအတော်တော်များများ ရလိုက်တာ၊ အမြတ်များများရလိုက်တာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

As land prices have climbed very high in Yangon he made a quite bundle when he sold his home.
ရန်ကုန်မှာ မြေဈေးတွေက သိပ်ကိုတက်နေတော့ သူ့အိမ်ကို ရောင်းလိုက်တော့ သူတော်တော်လေးပဲ အမြတ်ရလိုက်တယ်။

၎။ To make ends meet

To make (ပြုလုပ်သည်)၊ Ends က ဒီနေရာမှာ (အဆုံးတွေ)၊ Meet (တွေ့ဆုံသည်၊ ဆုံအောင်လုပ်သည်) ဆိုတော့ စကားစုတခုလုံးရဲ့  တိုက်ရိုက်အဓိပ္ပါယ်က အဆုံးတွေကို ဆုံအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ တနေ့လုပ်စား တနေ့စားနိုင်အောင် အနိုင်နိုင်လုပ်ရတာကို ဆိုလိုပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Jobs are so hard to get in this city so young families are struggling to make ends meet.
အဲဒီမြို့ မှာ အလုပ်အကိုင်ရဖို့က သိပ်ကိုခက်ခဲတော့ လူငယ်မိသားစုတွေဆိုရင် တနေတနေ့ လောက်အောင်စားနိုင်ဖို့ကို အတော်လေး ရုန်းကန်နေရတယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Make စကားလုံးအခြေခံ idioms အသုံးတွေက Make a beeline for, To make a pass at someone, To make a bundle နဲ့ To make ends meet တို့ ဖြစ်ကြပါတယ်။
XS
SM
MD
LG