သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Card စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


ဒီတပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ ဖဲချပ် (Card) နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများဖြစ်တဲ့ Lay cards on the table, Have a card up your sleeve နဲ့ Play your cards right တို့ကို တင်ပြထားပါတယ်။

(၁) Lay cards on the table

Lay (အောက်မှာ လှဲချထားတာ)၊ Cards (ဖဲချပ်တွေ)၊ On (အပေါ်မှာ)၊ the Table (စားပွဲ) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲချပ်တွေကို စားပွဲပေါ်မှာ ချပြထားတာ ဖြစ်ပါတယ်။ ကိုယ့်လက်ထဲမှာ ရှိနေတဲ့ ဖဲချပ်တွေကို အများမြင်နိုင်အောင် စားပွဲပေါ်မှာ ချပြလိုက်တယ်ဆိုတဲ့သဘောကတော့ ကိုယ်လုပ်နေတာကို အများသိအောင် ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောလိုက်တဲ့သဘော ဖြစ်ပါတယ်။ အီဒီယံအဓိပ္ပါယ်ကလည်း ဒီအတိုင်းပါပဲ ကိုယ့်မှာ ဘာအစီအစဉ်တွေ ရှိနေတယ်ဆိုတာကို အရှိကိုအရှိအတိုင်း ထုတ်ပြောလိုက်တာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

It’s time to lay the cards on the table for both parties at the peace talks.

ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်နေတဲ့ အုပ်စုနှစ်ဖက်စလုံးအနေနဲ့ အရှိကိုအရှိအတိုင်း အခြေအနေအားလုံးကို ပွင့်ပွင့်လင်းလင်း ချပြကြဖို့ အချိန်တန်ပါပြီ။

(၂) Have a card up your sleeve

Have (ရှိတာ)၊ A (တစ်ခု)၊ Card (ဖဲချပ်)၊ Up (အပေါ်မှာ)၊ Your (သင့်ရဲ့)၊ Sleeve (အင်္ကျ ီလက်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ အင်္ကျ ီလက် အတွင်းထဲမှာ ဖဲချပ်ကို ထည့်ထားတာ ၊ဖွက်ထားတာဖြစ်ပါတယ်။ အင်္ကျ ီလက်အထဲမှာ ဖဲချပ်ကို ထည့်ထားတယ်ဆိုတဲ့ သဘောကတော့ ဖဲကစားရာမှာလိုအပ်ရင် ယူသုံးနိုင်ဖို့ ဖြစ်ပါတယ်။ Idiom ဆိုတဲ့ သွယ်ဝိုက်အဓိပ္ပါယ်က၊ နေ့စဉ်ဘဝမှာ ပြဿနာတခုခုကို ဖြေရှင်းရာမှာဘဲဖြစ်ဖြစ်၊ ရင်ဆိုင်ရာမှာဘဲဖြစ်ဖြစ် ၊ ကိုယ့်မှာ သူများတွေမသိတဲ့ လက်နက်ကောင်းသဖွယ် သုံးလို့ရတဲ့အချက်ရှိနေတာ ဖြစ်ပါတယ်။ အခြေအနေမလှရင် အနိုင်ရဖို့ လိုရင်ထုတ်သုံးနိုင်တဲ့အရာ၊ ကိုယ်က သူများမသိအောင် လျှိုထားတသဘောမျိုး မို့၊ မြန်မာဘန်းစကားအရတော့ ဂျက်ကောင်းတခုခုကို လျှိုထားတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

Tom is trying his best to get the agreement signed. He also has a card up his sleeve if things get difficult.

Tom က သဘောတူစာချုုပ် လက်မှတ်ရေးထိုးနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေတယ်။ အခြေအနေက နည်းနည်းခက်လာပြီဆိုရင်လည်း သူ့ဖက်က ထုတ်သုံးနိုင်တဲ့ ဂျက်ကောင်းတခုကိုလည်း သူလျှိုထားတာ ရှိတယ်။

(၃) Play your cards right

Play (ကစားတာ)၊ Your (သင့်ရဲ့)၊ Cards (ဖဲချပ်တွေ)၊ Right (မှန်မှန်ကန်ကန်) ဆိုတော့ ဒီစကားစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ ဖဲကစားရာမှာ လူတဦးအနေနဲ့ သူဖဲတွေကို ကောင်းကောင်းကစားတတ်တာ ဆိုလိုတာ ဖြစ်ပါတယ်။ ဒီနေရာမှာ Right အစား ကောင်းတယ်လို့ အဓိပ္ပါယ်ရတဲ့ Well စကားလုံးကိုအစားထိုးပြီးတော့ Play your cards well လို့လည်း သုံးနိုင်ပါတယ်။ ဖဲကစားရာမှာ လူတဦးအနေနဲ့ အနိုင်ရဖို့ ဘယ်ဖဲကိုဖြင့် ကောက်ရမယ်၊ ဘယ်ဖဲကိုဖြင့် လက်ထဲမှာကိုင် ထားရမယ်ဆိုတာကို သိတာဖြစ်ပါတယ်။ နေ့စဉ်ဘဝမှာ ကိုယ့်အကျိုးအတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်တဲ့ အရည်အချင်းရှိတဲ့လူမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ မြန်မာမှာ မီးစင်ကြည့်ကတတ်တဲ့ လူမျိုးလိုပေါ့။ တနည်းတော့ အခြေအနေကို ထိန်းနိုင်တဲ့လူမျိုး၊ အကင်းပါးတဲ့လူမျိုး၊ အခြေအနေနဲ့ လိုက်ဖက်အောင် ထိန်းသွားတတ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

To win the elections the political party needs to play its cards right.

ရွေးကောက်ပွဲမှာ အနိုင်ရဖို့ အဲဒီနိုင်ငံရေးပါတီအနေနဲ့ အခြေအနေကြည့်ပြီး လုပ်သင့်လုပ်ထိုက်တာကို လုပ်တတ်ဖို့ လိုအပ်တယ်။

ဒီသတင်းပတ် တင်ပြပေးခဲ့တဲ့ Card နှင့်ပတ်သက်တဲ့ Idiom အသုံးတွေက Lay cards on the table, Have a card up your sleeve နဲ့ Play your cards right တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG