သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Book စကားလုံးဆိုင်ရာ အီဒီယံအသုံးအနှုန်းများ


A row of a bookshelf at the Book House at Stuyvesant Plaza in Albany, N.Y.
A row of a bookshelf at the Book House at Stuyvesant Plaza in Albany, N.Y.

ဒီသတင်းပတ် English Learning: American Idioms and Expressions ကဏ္ဍမှာ စာအုပ်လို့အဓိပ္ပါယ်ရတဲ့ Book ဝေါဟာရ အခြေခံတဲ့ Take a page out of someone’s book, Cook the books နဲ့ Be in good books တို့ကိုတင်ပြထားပါတယ်။

() Take a page out of someone's book

Take out (ထုတ်ယူလိုက်တာ)၊ a page (စာရွက်တရွက်)၊ someone’s (တဦးတယောက်ရဲ့)၊ book (စာအုပ်) ဆိုတော့ စကားစုတခုလုံးရဲ့တိုက်ရိုက်အဓိပ္ပါယ်က လူတဦးရဲ့ စာအုပ်ထဲကနေ စာရွက်တရွက်ကို ထုတ်ယူလိုက်တာ ဖြစ်ပါတယ်။ လူတဦးတယောက်ရဲ့ စာအုပ်လို့ ဆိုရာမှာ ၊ အဲဒီလူရဲ့ ဘဝမှတ်တမ်းကို တင်စားပြောထားတာဖြစ်လို့ ၊ လူတဦးရဲ့ဘဝမှတ်တမ်းထဲက ဖြစ်ရပ်တခုကို ထုတ်ယူလိုက်တယ်ဆိုတာက အဲဒီလူ လုပ်တာကိုလိုက်ပြီး အတုခိုးလုပ်တာကို ဒီအီဒီယံနဲ့ ရည်ညွှန်းပြောတာ ဖြစ်ပါတယ် ၊၊ တခါတရံလည်း၊ သူလုပ်သလို ကိုယ်လည်း လိုက်လုပ်ကြည့်ရင်သူ့လိုများဖြစ်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အတုယူ အတတ်သင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

John, you should take a page out of your brother’s book and start saving for your future.
John ရေ ၊ မင်းအစ်ကိုလုပ်တဲ့အတိုင်းပဲ မင်းလည်း လိုက်အတုယူပြီး ကိုယ့်ဘဝ ရှေ့ရေးအတွက်ငွေစုဆောင်းသင့်ပြီ။

() Cook the books

Cook ရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ချက်ပြုတ်တယ်လို့ အဓိပ္ပါယ်ရပေမဲ့၊ ဒီနေရာမှာတော့ တခုခုကို အကြံအဖန်လုပ်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ The books (စာအုပ်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က စာအုပ်တွေကို အကြံအဖန် လုပ်တာဖြစ်ပါတယ်။ ဒီနေရာမှာ the books ဆိုတာက စာရင်းအင်းတွေကို ဆိုလိုတာ ဖြစ်တဲ့အတွက် အီဒီယံအဓိပ္ပါယ်ကတော့ ငွေခိုးချင်တဲ့အတွက်ကြောင့် စာရင်းအင်းတွေကို လိမ်ပြတာ၊ အကြံအဖန်လုပ်တာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ရအောင်ပါ။

The company found out that the chief accountant had been cooking the books for years and it reported him to the police.
ကုမ္ပဏီရဲ့ စာရင်းကိုင်ချုပ်က နှစ်နဲ့ချီပြီး ငွေစာရင်း လိမ်ပြနေတယ်ဆိုတာကို ကုမ္ပဏီက သိသွားတော့ ရဲကိုတိုင်လိုက်တယ်။

() Be in good books

Be (ရှိစေတာ)၊ in (အထဲမှာ)၊ good (ကောင်းတာ)၊ books (စာအုပ်တွေ) ဆိုတော့ စကားစုတခုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကောင်းတဲ့စာအုပ်တွေထဲမှာ ရှိနေတာပေါ့။ အီဒီယံအဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လူတဦးအနေနဲ့ သဘောကျနှစ်ခြိုက်အရေးပေးခံရတဲ့စာရင်းမှာ ပါဝင်နေတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကလဲ လူတွေအနေနှင့်မိသားစုတွင်းမှာဖြစ်စေ၊ မိတ်ဆွေအပေါင်းအသင်း ကြားမှာဖြစ်စေ၊ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကိုယ်သဘောကျလက်ခံတဲ့၊၊ ကိုယ်အရေးပေးတဲ့လူတွေ ရှိစမြဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်အတွက် အကျိုးပြုမဲ့လူ၊ ကိုယ်နှင့်ရင်းနှီးတဲ့လူ၊ ကိုယ်အားကိုးနိုင်တဲ့လူ၊ ကိုယ်အထင်ကြီး လေးစားတဲ့လူမျိုး ဖြစ်ပါတယ်။ Be in good books အီဒီယံအသုံးမှာ someone’s (တဦးတယောက်ရဲ့) ကို ဖြည့်စွက်ပြီး Be in someone’s good books လို့သုံးလေ့ရှိပါတယ်။ ဒီအသုံးနှင့် ပတ်သက်တဲ့ ဥပမာကို လေ့လာကြည့်ကြရအောင်ပါ။

Mary is in her boss’s good books. She made a lot of money for the company last year !
Mary က သူ့ဆရာသမားရဲ့ အရေးပေးခံရတဲ့ ပုဂ္ဂိုလ်တွေ စာရင်းထဲမှာ ပါနေတယ်လေ။ သူက မနှစ်က ကုမ္ပဏီအတွက် ဝင်ငွေအများကြီးရအောင် ရှာပေးနိုင်ခဲ့တယ်။

ဒီသတင်းပတ်တင်ပြခဲ့တဲ့ Book စကားလုံးကိုအခြေခံတဲ့ Idiom အသုံးအနှုန်းတွေက Take a page out of someone’s book, Cook the books နဲ့ Be in good books တို့ ဖြစ်ကြပါတယ်။

XS
SM
MD
LG